ရှန်ဟိုင်း၌ နိုင်ငံတကာကုန်စည်ပြပွဲကျင်းပ၊ ၁၄၅ နိုင်ငံ ပါဝင်ပြသ

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းမြို့၌ "The 5th China International Import Expo(CIIE)"  ကုန်စည်ပြပွဲကို  နိုဝင်ဘာ  ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပခဲ့သည်။ အဆိုပါပြပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၄ ရက် ညနေပိုင်းက Online/ Offline ဖြင့် ကျင်းပခဲ့ရာ  ပေကျင်းမြို့စံတော်ချိန် ၂၀:၀၀ နာရီတွင်    တရုတ်ပြည်သူ့သမ္မတနိုင်ငံ  သမ္မတ မစ္စတာရှီကျင့်ဖျင် တက်ရောက်၍ ဗီဒီယိုဖြင့် အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။
ယခုနှစ်   ကျင်းပသည့်   "The 5th China  International  Import Expo (CIIE)"  ကုန်စည်ပြပွဲကို   ပြပွဲ“Theme” ဖြစ်သည့်   “မျှဝေထားသော  ပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အလမ်းများအတွက် ကမ္ဘာလုံးဆိုင်ရာ ပွင့်လင်းမှုကို လှုံ့ဆော်ခြင်း”  ဆောင်ပုဒ်နှင့် အညီ ကျင်းပခြင်းဖြစ်သည်။ 
နိုင်ငံပေါင်း ၁၄၅ နိုင်ငံ ပါဝင်ပြသ
မြန်မာနိုင်ငံအနေဖြင့် အဆိုပါ ကုန်စည် ပြပွဲတွင် ပထမအကြိမ်မှစတင်၍ နှစ်စဉ် နှစ်တိုင်း ပါဝင်ပြသနိုင်ခဲ့ပြီး ယခုနှစ်တွင် လည်း မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၄၅ နိုင်ငံမှ ပါဝင်ပြသခဲ့သည်။
အဆိုပါ နိုင်ငံတကာကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသခြင်းဖြင့် နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ဆက်ဆံမှုများတွင်  စဉ်ဆက် မပြတ်  ဖွံ့ဖြိုးတိုးတက်လာပြီး  ကမ္ဘာလုံး ဆိုင်ရာ    စီးပွားရေးနှင့်   ကုန်သွယ်ရေး စည်ပင်ဝပြောမှု   ရှိစေရေးတို့ကိုလည်း  တိုးမြှင့်စေနိုင်မည်ဖြစ်ကြောင်း   သိရှိရ သည်။
 

သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွား‌ရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။   ခင်ရတနာ စုစည်းဖော်ပြသည်၊၊