
တီးတိန်
ချင်းပြည်နယ် တီးတိန်မြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် တီးတိန်မြို့ အထက- ၁ စံကိုက်ညီခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ထံမှ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင် ချမ်းငြိမ်း က ဖတ်ကြားပြီး အထက-၁ ကျောင်းသူ ကျောင်းသားများက “ဇာတိမာန်” သီချင်းကို သီဆိုကြသည်။
ထို့နောက် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်စာပေပြိုင်ပွဲများဖြစ်သော အထက်တန်းအဆင့်၊ အလယ်တန်း အဆင့်စာစီစာကုံး၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောနှင့် အားကစားပြိုင်ပွဲဖြစ်သော စားပွဲတင်တင်းနစ် (ကျား၊ မ)၊ တင်းနစ် (ကျား၊ မ)၊ ပိုက်ကျော်ခြင်း၊ ဖူဆယ် (ကျား၊ မ) ပြိုင်ပွဲများတွင် ဆုရရှိသူ များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်း၊ နယ်မြေခံတပ်မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူး တင်အောင်ဟိန်းနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ကြ ကြောင်း သိရသည်။
မိုးမိုး(တီးတိန်)
ရွှေတောင်
ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့ အခြေခံပညာ အထက်တန်းကျောင်း (ရတနာခန်းမ) ၌ ကျင်းပသည်။
အခမ်းအနားတွင် ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင် က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ ပေးပို့သည့် (၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ သဝဏ်လွှာကို ဖတ်ကြားသည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြအေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ NGO အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ တက် ရောက်ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်အားကစားကွင်းအတွင်း၌ အခြေခံပညာ ကျောင်းသားကျောင်းသူများ၏ ပြေးခုန်ပစ်ပြိုင်ပွဲများ၊ ဂုန်နီအိတ်စွပ် ပြိုင်ပွဲနှင့် အခြေခံပညာကျောင်းသားများ (အလွတ်တန်း) ပိုက်ကျော် ခြင်းပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြီး ဆုရရှိသူများ ကို တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)
တပ်ကုန်း
၂၀၂၂ ခုနှစ် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို နေပြည်တော် တပ်ကုန်းမြို့ ဗိုလ်မင်းရောင်ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ကံ့ကော်စာသင်ဆောင်၌ ယနေ့နံနက် ပိုင်းကကျင်းပရာ တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့ပေါ် (၆) ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသားမိဘများ၊ ဆရာ ဆရာမ များ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက ဖတ်ကြားပြီး (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲတွင် အလယ်တန်းနှင့် အထက်တန်းအဆင့် ဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးနိုင်လင်းနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် မီတာ ၁၀၀၊ အာလူးကောက်၊ အပ်ထိုး၊ သုံးချောင်းထောက်၊ အိတ်စွပ်နှင့် အရောင်ရွေးပြိုင်ပွဲများပြုလုပ်ပြီး ဆုရရှိသည့် ကျောင်းသားကျောင်းသူ များကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ကြကြောင်း သိရ သည်။ တင့်ဇော်ထွန်း(တပ်ကုန်း)
မိုင်းပန်
ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းပန်မြို့နယ်၌ ၂၀၂၂ ခုနှစ်တွင် ကျရောက်သည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဆုချီးမြှင့် ခြင်း အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နမ့်ပန် ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက ကျင်းပသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်ထံမှ ပေးပို့လာသော သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဇော်မြင့်က ဖတ်ကြားပြီး အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာအားကစားပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများ၊ ဌာနဆိုင်ရာမှ ဝန်ထမ်းများအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆုများချီးမြှင့်ပေးအပ် ကြကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ ဌာဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် “သတင်း စကား” လက်ကမ်းစာစောင်များ ဖြန့်ဝေကြောင်း သိရသည်။
မိုင်းပန်(ပြန်/ဆက်)
ကမာရွတ်
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်၌ (၁၀၂) နှစ်မြောက် အမျိုး သားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ပိုင်းက အမှတ် (၁၀) ရပ်ကွက် ဦးဝိစာရလမ်းရှိ အ.ထ.က(၁)ကမာရွတ်ကျောင်းခန်းမ၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နိုင်ငံတော်အလံအား အလေးပြုပြီး ကမာရွတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဝေက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ (၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာကို ဖတ်ကြားသည်။
(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြသထားသော စာအုပ်၊ စာစောင်များ စာစီစာကုံး၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲ များတွင် ဆုရရှိခဲ့ကြသော မြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူ များ၏ မှတ်တမ်းများ၊ လက်ရာများကို ကြည့်ရှုကြသည်။
အခမ်းအနားသို့ အင်းစိန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
စန္ဒာမိုး
လက်ပံတန်း
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့တွင် (၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဘုန်းလှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ ပေးပို့သည့် (၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့သဝဏ်လွှာကို ဖတ်ကြားသည်။ ဆက်လက်၍ မြို့နယ် အဆင့် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသော ကျောင်းသားကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ ကော်မတီဝင်များ၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ပြည်သူများ စုစုပေါင်း ၂၃၅ ဦး တက်ရောက်ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်း စာစောင်များ ဖြန့်ဝေကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)