မာရာဒိုနာ၏ ဘုရားပေးသောလက်ဟု အမည်ရသည့်ဘောလုံး အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ သန်းဖြင့် လေလံအောင်

 

လန်ဒန်    နိုဝင်ဘာ    ၁၇


အာဂျင်တီးနားဂန္ထဝင်ဘောလုံးသမားကြီး ဒီယဲဂို မာရာဒိုနာ သည်  ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ဘုရားပေးသောလက်ဟု တင်စားထားသည့် ဂိုးဖြင့် အနိုင်ရရှိခဲ့ရာ အဆိုပါ ပွဲတွင်အသုံးပြုခဲ့သည့်ဘောလုံးကို လေလံတင်ရောင်းချ ခဲ့သည်။ 

 


အဆိုပါဘောလုံးကို အမေရိကန် ဒေါ်လာ ၂ ဒသမ ၄ သန်းဖြင့် လေလံအောင်သွားခဲ့သည်ဟု သိရသည်။ လွန်ခဲ့သော ၃၆ နှစ်က  မက္ကဆီကိုနိုင်ငံတွင် အာဂျင်တီးနားနှင့် အင်္ဂလန်အသင်းတို့ ကွာတားဖိုင်နယ်ယှဉ်ပြိုင်ကစားရာတွင်  ယင်းဘောလုံးကို  အသုံးပြု ခဲ့ခြင်းဖြစ်ပြီး  နိုဝင်ဘာ  ၁၆  ရက်က  လန်ဒန်မြို့၌  လေလံတင် ရောင်းချခဲ့သည်။ ဘောလုံးပွဲအပြီးတွင် ယင်းဘောလုံးကို တူနီးရှား လူမျိုးဒိုင်လူကြီး    အလီဘင်နက်ဆာ  က   ၎င်းပိုင်ဆိုင်ကြောင်း ပြောကြားခဲ့သည်။ 

 


ဘုရားပေးသောလက်ဆိုသည်မှာ အဆိုပါပွဲစဉ်တွင် ဦးဆောင် ဂိုးကိုဆိုလိုခြင်းဖြစ်ပြီး ပွဲပြီးပြီးနောက် ဘောလုံးပြိုင်ပွဲကို ပြန်ကြည့် သည့်အခါ ဘောလုံးဂိုးမဝင်မီ မာရာဒိုနာ၏ ဘယ်လက်ဖြင့် ထိသွား ကြောင်းတွေ့ရှိခဲ့သည်။  အာဂျင်တီးနားနိုင်ငံသည်  ၁၉၈၆  ခုနှစ်  ကမ္ဘာ့ဖလား  အနိုင်ရရှိရေးအတွက် ဆက်သွားနိုင်ခဲ့သည်။ မာရာ ဒိုနာသည် ၂၀၂၀ ပြည့်နှစ် အသက် ၆၀ အရွယ်တွင် ကွယ်လွန်ခဲ့သည်။  


အင်န်အိတ်ချ်ကေ