
ဘန်ကောက် နိုဝင်ဘာ ၁၇
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် (၂၉) ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေးခေါင်းဆောင် များ အစည်းအဝေးသို့ တက် ရောက်ရန် နိုဝင်ဘာ ၁၇ ရက်တွင် ထိုင်းနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေကြောင်း ဆင်ဟွာ က ဖော်ပြသည်။
တရုတ်သမ္မတရှီနှင့် ၎င်း၏ ဇနီး ပန်လီယွမ် တို့ လိုက်ပါလာ သည့် လေယာဉ်သည် ဘန်ကောက် မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိချိန်တွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ သည် ဒုတိယဝန်ကြီးနှင့် နိုင်ငံခြား ရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနန်နှင့် ယဉ်ကျေးမှုဝန်ကြီး အီသီဖွန်း ခန်းပူအန် နှင့် ၎င်းတို့၏ဇနီးများက ရင်းရင်းနှီးနှီးကြိုဆိုကြသည်။
တရုတ်သမ္မတရှီသည် ဂျီ-၂၀ ထိပ်သီးအစည်းအဝေး တက် ရောက်ပြီးနောက် ဘန်ကောက်မြို့ သို့ ရောက်ရှိလာသည်။
ဆင်ဟွာ