တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော်   နိုဝင်ဘာ   ၁၆


တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ငပုတောမြို့နယ် ချောင်းဝကျေးရွာရှိ ဆိုင်ကလုန်းရှပ်တာ  (Sinekalone  Shutter) တွင် အခြေပြု၍ ဒေသခံပြည်သူ ၁၀၄၃ ဦးကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးသည်။

 


ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၃၆၂ ဦး၊ ခွဲစိတ်ရောဂါ ၇၇ ဦး၊ သားဖွား/ မီးယပ် ရောဂါ ၄၇ ဦး၊ ကလေးရောဂါ ၅၈ ဦး၊ အရိုးရောဂါ ၁၉၅ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၄၂ ဦး၊ မျက်စိရောဂါ ၁၇၇ ဦးနှင့် သွားနှင့် ခံတွင်းရောဂါ ၈၅ ဦး စုစုပေါင်း ၁၀၄၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ် ကုသရန်လိုအပ်သူ   အထွေထွေခွဲစိတ်လူနာ  ငါးဦး တို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးပြီး ဓာတ်မှန် ရိုက်လူနာ သုံးဦး၊  အာထရာဆောင်းဖြင့် စမ်းသပ် စစ်ဆေး လူနာ ၂၇ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၃၂ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၁ ဦးတို့ကို ရောဂါ ရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေး နိုင်ခဲ့ပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာများကို နီးစပ်ရာတပ်မတော်ဆေးရုံနှင့် ပြည်သူ့ ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင် ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်