
နေပြည်တော် နိုဝင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို သည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းက မြိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမတွင် မြိတ် ခရိုင်အတွင်း နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ထူးချွန်ပြောင်မြောက်စွာ စွမ်းစွမ်းတမံ တာဝန် ထမ်းဆောင်ခဲ့သူများကို ရဲဗလတံဆိပ်နှင့် ဂုဏ်ပြု လွှာ ချီးမြှင့်အပ်နှင်းပွဲသို့ တက်ရောက်၍ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်အပ်နှင်းကြသည်။
ဂုဏ်ပြုပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး မြိတ်ခရိုင်မှ ရဲဗလတံဆိပ် ရရှိသူ လေးဦးကို ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုလွှာများ ချီးမြှင့်အပ်နှင်းသည်။
ယင်းနောက် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင် က ရဲဗလ တံဆိပ်ရရှိသူ သုံးဦးကို ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုလွှာ များ ချီးမြှင့်အပ်နှင်းပြီး ရဲဗလတံဆိပ်ရရှိသူများ ကိုယ်စား ရဲဗလတံဆိပ်ရရှိသူတစ်ဦးက ကျေးဇူးတင် စကားပြောကြား၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိသားစုဝင်များကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြိတ် တက္ကသိုလ်တွင် ကျင်းပသည့် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (နိုင်ငံ တော်အဆင့်) ပြိုင်ပွဲတွင် မြိတ်ခရိုင်မှ ဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုပွဲသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျေးဇူးတင် ဂုဏ်ပြု အမှာစကား ပြောကြားသည်။
ထိုနောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (နိုင်ငံတော်အဆင့်) ပြိုင်ပွဲတွင် ဆုရရှိခဲ့ သည့် ပြိုင်ပွဲဝင်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထပ်ဆင့်ဂုဏ်ပြုဆုငွေများကို တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက ဂုဏ်ပြုချီးမြှင့် ကြပြီး ပြိုင်ပွဲဝင်များကိုယ်စား ပြိုင်ပွဲဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (နိုင်ငံတော်အဆင့်) ပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသ ကြီးအနေဖြင့် ဆုတံဆိပ် ၂၃ ခုရရှိခဲ့ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အဆင့်(၉) ရရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်