
နေပြည်တော် နိုဝင်ဘာ ၁၆
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ လမ်းညွှန် ချက်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ် တို့ရှိ ဝေးလံခေါင်းပါး၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲ သည့်ဒေသများ၌ ဒေသခံပြည်သူများ၏ ကျန်းမာရေး မြှင့်တင်ရန်အတွက် ဆရာဝန်လိုအပ်ချက်ရှိသည့်ဆေးရုံများတွင် မိမိတို့၏ သဘောဆန္ဒအလျောက် သွားရောက် တာဝန်ထမ်းဆောင်ရန် ဆန္ဒပြုထားသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများပါဝင်သည့် တပ်မတော်သားဆရာဝန် ၁၈ ဦးသည် ယနေ့နံနက် ပိုင်းတွင် နေပြည်တော်လေဆိပ်မှ တပ်မတော် လေယာဉ်ဖြင့် ထွက်ခွာရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် လှမြင့်စိုး၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်နှင့် တာဝန်ရှိသူများက လေဆိပ် တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါ တပ်မတော်သားဆရာဝန်များအဖွဲ့တွင် မေ့ဆေးပါရဂူတစ်ဦး၊ ရောဂါဗေဒပါရဂူတစ်ဦး၊ ဇီဝ ဓာတုဗေဒပါရဂူတစ်ဦးနှင့် ဆေးမှူး ၁၅ ဦး စုစုပေါင်း ၁၈ ဦးတို့ ပါဝင်ပြီး ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြို့နယ်/ တိုက်နယ်ဆေးရုံ ကိုးခု တွင် ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက် မှု လုပ်ငန်းများကို ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေးလံခေါင်းပါး၍ သွားလာရန်ခက်ခဲသည့် ဒေသ များသို့ သွားရောက် တာဝန်ထမ်းဆောင်မည့် တပ်မတော်သားဆရာဝန်များသည် မွန်းလွဲပိုင်းတွင် မုံရွာလေဆိပ်သို့ ရောက်ရှိကြရာ အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက် နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး လေဆိပ်ခန်းမ၌တွေ့ဆုံ၍ နယ်မြေဒေသအခြေအနေ၊ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များနှင့် အခြား လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် ညနေပိုင်းတွင် ၎င်းတို့တာဝန် ထမ်းဆောင်မည့်ဒေသများသို့ ဆက်လက်ထွက်ခွာ ရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
တပ်မတော်အနေဖြင့် ဝေးလံခေါင်းပါး၍သွားလာ ရန်အခက်အခဲရှိပြီး ဆရာဝန်လိုအပ်ချက်ရှိနေသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ ကျန်းမာရေး လိုအပ်ချက်ရှိသည့် ဒေသခံပြည်သူများ၏ ကျန်းမာ ရေး မြှင့်တင်နိုင်ရန်အတွက် ၂၀၁၆ ခုနှစ်တွင် တပ်မတော်သားဆရာဝန် ၄၄ ဦးကို ပထမအကြိမ် အဖြစ် လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၁၈ ခုနှစ်တွင် တပ်မတော်သားဆရာဝန် ၄၄ ဦးဖြင့် လည်း ကောင်း၊ တတိယအကြိမ်အဖြစ် ၂၀၂၀ ပြည့်နှစ်တွင် တပ်မတော်သား ဆရာဝန် ၄၆ ဦးဖြင့် လည်းကောင်း၊ ယခုစတုတ္ထအကြိမ်အဖြစ် တပ်မတော်သား ဆရာဝန် ၁၈ ဦးတို့ဖြင့် လည်းကောင်း ၎င်းတို့ဆန္ဒသဘောထား အရ လျှောက်ထားလာသူများအား အလှည့်ကျ တာဝန်ထမ်းဆောင်စေခဲ့ရာ ၂၀၁၆ ခုနှစ်မှစ၍ လက်ရှိ အချိန်အထိ တပ်မတော်သားဆရာဝန် ၁၅၂ ဦးဖြင့် အဆိုပါဒေသများရှိ ဒေသခံပြည်သူများအား ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်