တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ ဒုတိယနေ့ ဆက်လက်ကျင်းပ

 

နေပြည်တော်    နိုဝင်ဘာ    ၁၆


၂ဝ၂၂ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲများ ဒုတိယနေ့အဖြစ် ယနေ့နံနက်ပိုင်းတွင်  သက်ဆိုင်ရာ အားကစားနည်းများအလိုက် သက်မှတ် ထားသော အားကစားကွင်း/ရုံများတွင် ဆက်လက် ကျင်းပသည်။

 


အားကစားနည်းအလိုက် ယှဉ်ပြိုင်


တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲ များဖြစ်သည့် လက်ဝှေ့ပြိုင်ပွဲကို  နေပြည်တော်ရှိ စစ်ကြောရေးနှင့်    တည်းခိုရေးစခန်းရှိ   တပ်နယ် အားကစားခန်းမ၌    ကီလိုတန်းအလိုက်   ရှုံးထွက် ပွဲစဉ်ပြိုင်ပွဲများကို   လည်းကောင်း၊   ဇေယျာသီရိ  တပ်မတော်အားကစားကွင်း၌ ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲမှ အမျိုးသား/အမျိုးသမီး မီတာ ၃၀၀၀ တားဆီးကျော် ပြေးပြိုင်ပွဲ၊      အမျိုးသားတုတ်ထောက်ခုန်ပြိုင်ပွဲ၊ အမျိုးသား  ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲ၊   အမျိုးသား/အမျိုးသမီးမီတာ ၄၀၀ လက်ဆင့်ကမ်း  အပြေးပြိုင်ပွဲ၊ အမျိုးသမီး  ၇ မျိုးစုံအလျားခုန်ပြိုင်ပွဲ၊   အမျိုးသမီး ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲ၊    အမျိုးသမီး  ၇  မျိုးစုံ လှံတံပစ်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၈၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး ၇ မျိုးစုံ မီတာ ၈၀၀ အပြေး ပြိုင်ပွဲ လူရွေးပွဲနှင့်ဗိုလ်လုပွဲစဉ်များကို လည်းကောင်း၊ ဂျူဒိုပြိုင်ပွဲကို      ဇေယျာသီရိအားကစားရုံ  (A)  ၌ အမျိုးသား/အမျိုးသမီး ကီလိုတန်းအလိုက် ရှုံးထွက် ပွဲစဉ်များကိုလည်းကောင်း၊ ဘော်လီဘောပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ(B)၌ အမျိုးသား/အမျိုး သမီး အုပ်စုပတ်လည်ပြိုင်ပွဲများကို လည်းကောင်း၊   မြန်မာ့သိုင်းပြိုင်ပွဲကို  ဇေယျာသီရိအားကစားရုံ(C)၌    အတိုက်တစ်ဦးနှင့်   အခံနှစ်ဦး ပညာစဉ်စွမ်းရည်ပြ ပြိုင်ပွဲနှင့်  လက်ထောက်နည်းပြအဆင့်   တုတ်ရှည် ပညာစဉ်     စွမ်းရည်ပြပြိုင်ပွဲ၊    အတိုက်ပွဲစဉ်တွင်    အမျိုးသားကီလိုတန်းအလိုက်  ဗန်တိုအတိုက်ပြိုင်ပွဲ၊ ပန်ကြပ်ဆီလပ်ပြိုင်ပွဲ၊ ဓားတစ်လက် အတိုက်ပြိုင်ပွဲ၊  ဓားနှစ်လက်အတိုက်ပြိုင်ပွဲများကို  လည်းကောင်း၊  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်းတွင်   ပိုက်ကျော်ခြင်းပြိုင်ပွဲမှ  အလွတ်တန်း နှစ်ယောက်တွဲ အသင်းလိုက် အုပ်စုပတ်လည် ပွဲစဉ်များနှင့် အလွတ် တန်း လေးယောက်တွဲအသင်းလိုက် အကြိုဗိုလ်လု ပွဲစဉ်ပြိုင်ပွဲများနှင့်   ကရာတေးဒိုပြိုင်ပွဲတွင် လူသစ်တန်းကီလိုတန်းအလိုက်  ကုမိတဲ့ပြိုင်ပွဲများ ကို  လည်းကောင်း ယှဉ်ပြိုင်ကစားကြသည်။

 


 အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖလား(ခ)အဆင့် ဘောလုံးပြိုင်ပွဲ ဒုတိယအကြိုဗိုလ်လု ပွဲကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု(ခ)ဘောလုံးအသင်းနှင့် အနောက်တောင်တိုင်းစစ်ဌာန ချုပ် ကိုယ်စားပြု(ခ) အသင်းတို့သည် ယနေ့ ညနေ ပိုင်းတွင် ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ဆက်လက်ယှဉ်ပြိုင်ကစားကြရာ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကိုယ်စားပြု(ခ)အသင်းက အနောက် တောင်တိုင်း စစ်ဌာနချုပ်ကိုယ်စားပြု(ခ)အသင်းကို သုံးဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

 


ကြည့်ရှုအားပေး


အဆိုပါ အားကစားပြိုင်ပွဲများသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊  မိသားစုများ၊    ဒိုင်အဖွဲ့ဝင်များ၊   ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်း ရရှိသည်။                                          

သတင်းစဉ်