
နေပြည်တော် နိုဝင်ဘာ ၁၆
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက် လုပ်ငန်းမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံ၌သာကျက်စားသည့် ဒေသရင်း ငှက်မျိုးစိတ်အဖြစ်မှတ်တမ်းတင် သဘောထားမှတ်ချက်ပြုထား သည့် မြန်မာ့ဒေသရင်း “နဖားကြူး(ခ)အမြီးဝိုင်း” ငှက်ပုံ (၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁)မျိုးအား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ လ (၂၃) ရက်၊ (ဗုဒ္ဓဟူးနေ့) နံနက် (၀၉:၃၀) နာရီအချိန်မှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာတိုက်ကြီး များတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်ပါသည်။
အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက် ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် နိုဝင်ဘာ ၂၃ ရက်တွင်ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲ အမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်