
ရန်ကုန် နိုဝင်ဘာ ၁၆
မြန်မာနိုင်ငံတွင် ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေး အတွက် မြန်မာနိုင်ငံ ဂေါက်သီးအားကစား အဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့က စီစဉ်၍ Mytel Operator ၊ မြဝတီ ဘဏ်လီမိတက်နှင့် အင်းဝဘဏ် လီမိတက်တို့က အဓိကကူညီပံ့ပိုး သည့် ၂၀၂၂ ခုနှစ် မြန်မာပြည်တွင်း ပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ (ပြင်ဦးလွင်ပွဲစဉ်) တတိယနေ့ကို ယနေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့ ချယ်ရီလွင်တပ်မတော် ဂေါက် ကွင်း၌ ဆက်လက်ကျင်းပသည်။
ပြိုင်ပွဲတတိယနေ့ အပြီးတွင် ပညာရှင်အဆင့်ပြိုင်ပွဲ၌ သိန်းနိုင် စိုး (HAN Golf Academy) က စုစုပေါင်းရိုက်ချက် ၂၀၉ ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် ခုနစ် ချက်လျှော့ရိုက်ကာ ပထမ၊ မျိုးဝင်းအောင် (PRGR) နှင့် သိန်း ဇော်မြင့် (Taylormade)တို့က စုစုပေါင်းရိုက်ချက် ၂၁၆ ချက်ဖြင့် ဒုတိယနေရာ၊ ဝါသနာရှင်အဆင့် (အမျိုးသား)ပြိုင်ပွဲတွင် လွင်မိုးက စုစုပေါင်းရိုက်ချက် ၂၁၄ ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် နှစ်ချက် လျှော့ရိုက်ကာ ပထမ၊ ဇော်ဇော် ထွန်းက စုစုပေါင်းရိုက်ချက် ၂၁၆ ချက်ဖြင့် ဒုတိယ၊ လှိုင်မင်းထက်က စုစုပေါင်းရိုက်ချက် ၂၂၁ ချက်ဖြင့် သတ်မှတ် ရိုက်ချက်ထက် ငါးချက် ပိုရိုက်ကာ တတိယ၊ ဝါသနာရှင် အဆင့် အမျိုးသမီးပြိုင်ပွဲတွင် မိုးပြည့်စုံခင်က စုစုပေါင်းရိုက်ချက် ၁၅၁ ချက်ဖြင့် သတ်မှတ်ရိုက်ချက် ထက် ခုနစ်ချက်ပိုရိုက်ကာ ပထမ၊ တုန်ရန်ကြီးက စုစုပေါင်းရိုက်ချက် ၁၆၁ ချက်ဖြင့် ဒုတိယ၊ ဂျာလေးက စုစုပေါင်းရိုက်ချက် ၁၆၇ ချက် ဖြင့် တတိယတို့တွင်လည်းကောင်း အသီးသီး ရပ်တည်လျက်ရှိသည်။
ပြိုင်ပွဲနောက်ဆုံးနေ့ကို နိုဝင် ဘာ ၁၇ ရက် (ယနေ့) တွင် ပြင်ဦး လွင်မြို့ ချယ်ရီလွင်တပ်မတော် ဂေါက်ကွင်း၌ ဆက်လက်ကျင်းပ သွားမည် ဖြစ်သည်။
ကိုညီလေး