
နေပြည်တော် နိုဝင်ဘာ ၁၆
နိုင်ငံ့စီးပွား မြှင့်တင်နိုင်ရေးကို ရှေးရှု၍ နိုင်ငံအတွင်းသို့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာ ရန်နှင့် ပြည်ပနိုင်ငံများနှင့် စီးပွား ရေးပူးပေါင်းဆောင်ရွက်မှု အရှိန် မြှင့်တင်နိုင်ရန်အတွက် စီးပွားရေး သံမှူးများက အထူးကြိုးပမ်း ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ပြည်ပနိုင်ငံ များတွင် သွားရောက်တာဝန် ထမ်းဆောင်ကြမည့် စီးပွားရေး သံမှုးများကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံ အမှာစကား ပြောကြားစဉ် ထည့်သွင်းမှာကြားသည်။
သေချာစွာ အသိပေးရှင်းပြ
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံ၏ စီးပွား ရေးဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ် မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်နိုင်ရေးတို့ကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ စီးပွားရေးသံမှူးများကို ပြည်ပနိုင်ငံများသို့ စေလွှတ် တာဝန် ထမ်းဆောင်စေလျက်ရှိ ကြောင်း၊ စီးပွားရေးသံမှူးများ သည် ကုန်သွယ်ရေးသာမက နိုင်ငံ တော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှင့် သက်ဆိုင်သည့် အခြားစီးပွား ရေးကဏ္ဍများအတွက်ပါ အလေး ထား ဆောင်ရွက်ကြစေလို ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်လည်း နိုင်ငံ၏စီးပွားရေး အခြေအနေကောင်းများ ဖန်တီး နိုင်မှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်နိုင်မည် ဟု လမ်းညွှန်မှာကြားထားမှုရှိပါ ကြောင်း၊ သို့ဖြစ်ရာ နိုင်ငံ ကိုယ်စားပြု သွားရောက်တာဝန် ထမ်းဆောင်ကြခြင်းဖြစ်၍ စီးပွား ရေးပူးပေါင်းဆောင်ရွက်မှု ပိုမို အားကောင်းလာစေရေး ဆောင် ရွက်ကြရာတွင် နိုင်ငံတော်၏ ပကတိ အခြေအနေမှန်များကို သေချာစွာ အသိပေးရှင်းပြပေးကြ စေလိုကြောင်း၊ ထို့ပြင် ပြည်ပ တွင် သွားရောက်လုပ်ကိုင်နေကြ သည့် မြန်မာအလုပ်သမားများ၏လွှဲပို့ငွေများကို တရားဝင်ဘဏ် လမ်းကြောင်းဖြင့် လွှဲပို့နိုင်ရေး ကိုလည်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ မိမိတို့ ရောက်ရှိတာဝန်ထမ်း ဆောင်သောနိုင်ငံအပြင် အခြား ကမ္ဘာ့နိုင်ငံများနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို တိုးမြှင့် ဆောင်ရွက်လာစေရန် ကြိုးပမ်းကြစေလိုကြောင်း မှာကြားသည်။
သက်ဆိုင်ရာနိုင်ငံများနှင့် ပူးပေါင်း
ထို့နောက် ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးမောင်မောင်ဝင်း နှင့် ဒေါ်သန်းသန်းလင်းတို့ က ဘဏ်လုပ်ငန်းပူးပေါင်း ဆောင်ရွက်မှု၊ ကုန်သွယ်မှုတိုးမြှင့် ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့် ရေးဆိုင်ရာ ကိစ္စရပ်များတွင် သက်ဆိုင်ရာနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်