ဆီးချိုရောဂါပညာပေး ကုသမှုဌာနများကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ ဆေးရုံကြီး လေးခုနှင့် မကွေးပြည်သူ့ဆေးရုံကြီးတို့တွင် ဖွင့်လှစ်ထားရှိ

 

နေပြည်တော်  နိုဝင်ဘာ ၁၅
၂၀၂၂ ခုနှစ်  “ကမ္ဘာ့ဆီးချိုသွေးချို ရောဂါ  ကာကွယ်ထိန်းသိမ်းရေး နေ့” အထိမ်းအမှတ်  အခမ်းအနား ကို  နေပြည်တော်ပြည်သူ့ဆေးရုံ ကြီး (ခုတင်-၁၀၀၀)  သင်ကြား ရေးခန်းမ၌ ယမန်နေ့  နံနက်ပိုင်း က    ကျင်းပရာ   ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယ ဝန်ကြီး  ပါမောက္ခ   ဒေါက်တာ အေးထွန်း၊   ညွှန်ကြားရေးမှူး ချုပ်များ၊      တာဝန်ရှိသူများနှင့်   ပြည်ထောင်စုအဆင့် အဖွဲ့အစည်း များ၊           ပြည်ထောင်စုဝန်ကြီး ဌာနများမှ  ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင်ပြည်ထောင် စု ဝန်ကြီးက ဆီးချိုသွေးချိုရောဂါ ကုသရေးတွင်    အသုံးပြုသည့် အင်ဆူလင်ထိုးဆေးကို   ရှာဖွေ တွေ့ရှိခဲ့သည့် သိပ္ပံပညာရှင်တစ်ဦး ဖြစ်သည့် Sir  Frederick  Banting ၏ မွေးနေ့ဖြစ်သည့် နိုဝင်ဘာ  ၁၄ ရက်ကို  “ကမ္ဘာ့ဆီးချို   သွေးချို ရောဂါ   ကာကွယ်ထိန်းသိမ်းရေး နေ့”     အဖြစ်    သတ်မှတ်ကာ ၂၀၀၆  ခုနှစ်မှစတင်၍   ကမ္ဘာ တစ်ဝန်းတွင်   နှစ်စဉ်နှစ်တိုင်း အထိမ်းအမှတ်နေ့များကို  ကျင်းပ ခြင်းဖြစ်ကြောင်း။
ယခု  ၂၀၂၂  ခုနှစ်အတွက် အထိမ်းအမှတ်ဆောင်ပုဒ်မှာ ‘Ed-ucation to Protect Tomorrow’ ဖြစ်ပြီး      မြန်မာဘာသာဖြင့် “အနာဂတ်တွေ လှပဖို့၊ အသိပညာ မြှင့်တင်လို့        ဆီးချိုရောဂါ ကာကွယ်စို့”  ဖြစ်ပြီး   အရည် အသွေးပြည့်ဝသော ဆီးချိုပညာ ပေးလုပ်ငန်းများကို  ကျန်းမာရေး ပညာရှင်များအနေဖြင့်     ဆီးချို ဝေဒနာရှင်များအကြား ကျယ်ပြန့် အောင်မြင်အောင် ဆောင်ရွက်စေ ရေးအတွက်   တိုက်တွန်းလိုခြင်း ဖြစ်ကြောင်း။
အပြည်ပြည်ဆိုင်ရာ   ဆီးချို အဖွဲ့ချုပ်၏ ၂၀၂၁ ခုနှစ် ထုတ်ပြန် ချက်အရ     ကမ္ဘာတစ်ဝန်းတွင် ဆီးချိုဖြစ်ပွားနေသူ ၅၃၇ သန်းရှိ၍ လူ ၁၀ဦးတွင်  တစ်ဦးက  ဆီးချို ရောဂါဖြစ်ပွားနေပြီး           ဆီးချို သွေးချိုဖြစ်ပွားနေသူ  လူဦးရေ တစ်ဝက်ခန့်သည် မိမိတွင်ဆီးချို ရောဂါရှိနေသည်ကို     မသိရှိကြ ကြောင်း၊   ဆီးချို  သွေးချိုရောဂါ ဖြစ်ပွားသေဆုံးမှုသည်    နှစ်စဉ် မြင့်မားလာလျက်ရှိပြီး   ရောဂါ ကြောင့်သေဆုံးမှုသည်    ဖွံ့ဖြိုးဆဲ နိုင်ငံများတွင်  ပို၍များနေသည်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏  စာရင်း ဇယားများအရ သိရှိရကြောင်း။ 
မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ်တွင် ဆောင်ရွက်ခဲ့သော  စစ်တမ်းအရ  ကနဦး ဆီးချိုအဆင့်ရှိသူမှာ ၁၉ ဒသမ ၇ ရာခိုင်နှုန်းရှိနေပြီး ထိုသူ များအနေဖြင့် ဆက်လက်၍ ဆီးချို ရောဂါဝေဒနာရှင်အဖြစ် ရောက်ရှိ လာခြင်းနှင့် နောက်ဆက်တွဲရောဂါ များ        ဖြစ်နိုင်ခြေအလွန်များ ကြောင်း၊     ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့်     ဆီးချိုရောဂါ ပညာပေးကုသမှုဌာန (Center of  Excellence for Diabetes)များကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် ရှိ  ဆေးရုံကြီးလေးခုနှင့်  မကွေး ပြည်သူ့ဆေးရုံကြီးတို့တွင် ဖွင့်လှစ် ထားရှိပြီး  ယင်းတို့အပြင်   ကျေး လက်ကျန်းမာရေးဌာန၊ ဒေသန္တရ   ကျန်းမာရေးဌာနများ၊     မိခင်နှင့် ကလေးကျန်းမာရေးဌာန များတွင်        ဆီးချို သွေးချိုနှင့် သွေးတိုးရောဂါ    စစ်ဆေးကုသမှု  ဆေးခန်းများ ဖွင့်လှစ်ပြီး  အခြေခံကျန်းမာရေး           ဝန်ထမ်းများက ဆီးချို၊ သွေးချို နှင့်    သွေးတိုးရောဂါများ    အခမဲ့ စစ်ဆေးကုသပေးခြင်း၊ လိုအပ် လျှင်      လွှဲပြောင်းပေးခြင်း၊ ကျန်းမာရေးနှင့်      ညီညွတ်စွာ       နေထိုင်စားသောက်ရမည့်  နည်း လမ်းများနှင့် လေ့ကျင့်ခန်းများကို  သင်ကြားပြသခြင်းများ၊ ကျန်းမာ ရေး  အသိပညာပေးခြင်းများကို   ဆောင်ရွက်        ပေးလျက်ရှိ ကြောင်း။
ပြည်သူလူထုကလည်း ဆီးချို၊ သွေးချို         ရောဂါအကြောင်း သိကောင်းစရာများကို  ကိုယ်တိုင် လိုက်နာကျင့်သုံးရုံသာမက မိသား စု၊ ပတ်ဝန်းကျင်နှင့် ပြည်သူလူထု တစ်ရပ်လုံးပျံ့နှံ့အောင် ဆက်လက်  အသိပညာဖြန့်ဝေပေးခြင်း၊ ကိုယ် တိုင်လိုက်နာကျင့်သုံးခြင်းဖြင့် ဆီး ချို၊ သွေးချိုအန္တရာယ်မှ ကာကွယ် ကြရန် ပြောကြားသည်။
ဆက်လက်၍ ဆီးချို သွေးချိုကာကွယ်ထိန်းသိမ်းရေးစီမံချက်မှ စီမံချက်မန်နေဂျာ          ပါမောက္ခ ဒေါက်တာကိုကိုက ဆီးချို  သွေးချို ရောဂါကာကွယ်   ထိန်းသိမ်းရေး လုပ်ငန်းနှင့်ပတ်သက်၍ ကျန်းမာ ရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေမှု ကို ရှင်းလင်းတင်ပြသည်။ 
ယင်းနောက်     ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်          နေပြည် တော်ပြည်သူ့ဆေးရုံကြီး (ခုတင်- ၁၀၀၀) ဆီးချို  ရောဂါ ပညာပေး ကုသဌာနသို့ သွားရောက်၍ ဆီးချို သွေးချို          ဝေဒနာရှင်များအား ဆေးဝါးကုသပေးနေမှုကို ကြည့်ရှု စစ်ဆေးပြီး ဆီးချိုအမျိုးအစား(၁) လူနာများကို   အင်ဆူလင်ဆေးဝါး များနှင့် ဆီးချိုစမ်းသပ်စက်များကို ထောက်ပံ့ပေးအပ်ကာ  လူနာများ ကို    ရင်းရင်းနှီးနှီး   အားပေး နှုတ်ဆက်သည်။ 
အဆိုပါ          အခမ်းအနားတွင် ကမ္ဘာ့ဆီးချို    သွေးချို    ရောဂါ ကာကွယ်       ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်    ဟောပြောပွဲ၊ ပညာပေးဗီဒီယိုများ ပြသခြင်းနှင့် တက်ရောက်လာသည့်  ဧည့်သည် တော်များကို ဆီးချို သွေးချို ရှိ မရှိ အခမဲ့စစ်ဆေးပေးခြင်း၊   ကုသမှု ပေးခြင်းနှင့်           လိုအပ်ပါက လွှဲပြောင်းပေးခြင်းတို့ကို  ဆောင် ရွက်ပေးကြောင်း သိရသည်။
သတင်းစဉ်