မြန်မာ- တရုတ် ခရီးသွား ဧည့်လမ်းညွှန်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

 

တရုတ်ဘာသာစကားပြော ဧည့်လမ်းညွှန်များကို ဘာသာစကားစွမ်းရည်ကျွမ်းကျင်မှု အထောက်အပံ့ဖြစ်စေမည်

 

နေပြည်တော် နိုဝင်ဘာ ၁၅


နိုင်ငံတကာ လေကြောင်းလိုင်းများ ပြန်လည်  ပြေးဆွဲခွင့်ပြုခြင်းနှင့် ဗီဇာကင်းလွတ်ခွင့်များ  ဆောင်ရွက် ပေးခဲ့ပြီးနောက်    မြန်မာနိုင်ငံသို့ နိုင်ငံပေါင်း  ၉၀ ကျော်မှ ခရီးသွား ဧည့်သည်များ            လာရောက်ခဲ့ ကြောင်း၊  ထို့ပြင်  ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့်ကို  အာဆီယံ  ရှစ် နိုင်ငံကို   ခွင့်ပြုပေးခဲ့ပြီး    နိုင်ငံ ပေါင်း   ၁၀၀   ကျော်ကိုလည်း အီလက်ထရွန်နစ်စနစ်ဖြင့်   ဗီဇာ များ   ခွင့်ပြုပေးလျက်ရှိကြောင်း ဟိုတယ်နှင့်   ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ    ဌေးအောင်က  ပြောသည်။

 


ယနေ့ နံနက်ပိုင်းက  Hybrid စနစ်ဖြင့်    အဆိုပါ   ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည့် မြန်မာ- တရုတ်   ခရီးသွားဧည့် လမ်းညွှန်သင်တန်းဖွင့်ပွဲ   အခမ်း အနားတွင်  ပြည်ထောင်စုဝန်ကြီး က   ထိုသို့   ပြောကြားခဲ့ခြင်းဖြစ်သည်။

 


အဆိုပါ သင်တန်းကို ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ တရုတ်နိုင်ငံ  ယဉ်ကျေးမှုနှင့်  ခရီး သွားလာရေးဝန်ကြီးဌာနရှိ   နိုင်ငံ တကာဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး  ဗျူရိုနှင့်  မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးတို့    ပူးပေါင်းစီစဉ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသား ၅၈ ဦး  တက်ရောက်ကြမည်ဖြစ် ကြောင်းနှင့်  နိုဝင်ဘာ  ၁၅ ရက်မှ ၂၅ ရက်အထိ ဖွင့်လှစ်ပို့ချပေးသွား မည်ဖြစ်ကြောင်း သိရသည်။

 


ယင်းသင်တန်းဖွင့်ပွဲ  အခမ်း အနားတွင်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ    ဌေးအောင်က   ယခု သင်တန်းမှာ   တရုတ်ခရီးသွား ဈေးကွက်အတွက်  တရုတ်ဘာသာ စကားပြော  ဧည့်လမ်းညွှန်များကို ဘာသာစကားစွမ်းရည် ကျွမ်းကျင် မှုရှိပြီး   ဝန်ဆောင်မှုကောင်းများ ပေးနိုင်ရန်  အထောက်အပံ့ဖြစ်စေ မည်ဖြစ်ကြောင်း၊      လက်ရှိတွင် တရုတ်ဘာသာစကား သင်တန်း များကို    အွန်လိုင်း၊   အော့ဖ်လိုင်း စနစ်ဖြင့်  ဝန်ကြီးဌာနမှ  ဝန်ထမ်း များ၊ ခရီးသွားလုပ်ငန်းနယ်ပယ်ရှိ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများကို  ဖွင့်လှစ်သင်ကြားပေးလျက်ရှိ ပြီး တရုတ်- မြန်မာ ချစ်ကြည်ရေး ပညာသင်ဆုများကို  တက္ကသိုလ် နှင့်    ကောလိပ်တို့မှ   ခရီးသွား လုပ်ငန်းနှင့်    ဧည့်ဝန်ဆောင်မှု ဘာသာရပ်ကို   လေ့လာသင်ယူနေ ကြသည့်        ထူးချွန်ကျောင်းသား ၄၀ ကို ပေးအပ်ခဲ့ကြောင်း၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ     အနေဖြင့် မြန်မာနိုင်ငံ၏   ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်   စေရေးအတွက် ပူးပေါင်းပါဝင်ကူညီ   ပံ့ပိုးပေးနေ ခြင်းကို             အထူးကျေးဇူးတင်ရှိ ကြောင်း   ဆက်လက်ပြောကြား သည်။

 


ထို့ပြင် တရုတ်နိုင်ငံ ယဉ်‌ကျေး မှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာ           ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး  ဗျူရိုမှ First Level Inspector မစ္စတာ ကျန်ရှီးလုံနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး မစ္စချောင်ကျင်းတို့က အမှာစကား            ပြောကြားကြပြီး ရှန့်ဟိုင်ယုကီ  ယဉ်ကျေးမှုခရီးသွား လုပ်ငန်း နည်းပညာဝန်ဆောင်မှု ကုမ္ပဏီ           ဒုတိယအထွထွေ မန်နေဂျာ မစ္စကောင်းဟန်(န်)က သင်တန်းနှင့်         ပတ်သက်၍  ရှင်းလင်းပြောကြားသည်။

 


ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ် ပွားမီ   မြန်မာနိုင်ငံသို့    ခရီးသွား ဧည့်သည်    အများဆုံးလာရောက် သော   နိုင်ငံများထဲတွင်  တရုတ် နိုင်ငံပါဝင်ခဲ့ပြီး ခရီးသွားလုပ်ငန်း များ ပြန်လည်ဖွင့်လှစ်သည့် အချိန် တွင်လည်း           တရုတ်ခရီးသွား ဧည့်သည်များ အများဆုံး ဝင်ရောက်လျက်ရှိကြောင်း   သိရ သည်။      

                  
သတင်းစဉ်