
တစ်သက်တွင်တစ်ကြိမ်သာ ကြုံတွေ့ရမည့် နေ့ထူးနေ့မြတ် အခမ်းအနားကြီးဖြစ်သည့်အတွက် အကောင်းဆုံးဖြစ်အောင် စီမံဆောင်ရွက်
နေပြည်တော် နိုဝင်ဘာ ၁၅
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြား ရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ ဦးအောင်မြိုင်၊ ဦးဇော်ဝင်း၊ ဦးမျိုးလှိုင်နှင့် ဦးဇော်အေးမောင်၊ နေပြည်တော် ကောင်စီဝင် ဦးမြင့်စိုးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အမြဲတမ်းအတွင်းဝန် များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
နိုင်ငံတော်အဆင့် အခမ်းအနား
ရှေးဦးစွာ ဂုဏ်ပြုအခမ်းအနားကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းက (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေး နေ့ကို နိုင်ငံတော်အဆင့် ကြီးကျယ်ခမ်းနားသည့် အခမ်းအနားတစ်ခုအဖြစ် စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အဆိုပါအခမ်းအနားနှင့် ဆက်စပ်၍ အကြိုသီးသန့်ဂုဏ်ပြုအစီအစဉ်နှင့် ဆက်စပ်ဂုဏ်ပြု အစီအစဉ်များကိုလည်း ကျင်းပပြုလုပ်နေမှုရှိပါ ကြောင်း၊ တစ်သက်တွင် တစ်ကြိမ်သာ ကြုံတွေ့ရမည့် နေ့ထူးနေ့မြတ် ကြုံတောင့်ကြုံခဲ အခမ်းအနားကြီး ဖြစ်သည့်အတွက် လစ်ဟင်းမှုမရှိစေရေး အကောင်း ဆုံးဖြစ်အောင် ဝိုင်းဝန်းစီမံဆောင်ရွက်ကြစေလို ပါကြောင်း ပြောကြားသည်။
ဂုဏ်ပြုယာဉ်များ ပြင်ဆင်ဆောင်ရွက်နေ
ထို့နောက် ဂုဏ်ပြုအခမ်းအနားကျင်းပရေး ကော်မတီတွဲဖက်အတွင်းရေးမှူး အမြဲတမ်းအတွင်း ဝန် ဦးမျိုးမြင့်မောင်က (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီနှင့် ဆပ်ကော်မတီများ၏ လုပ်ငန်း ဆောင်ရွက်နေမှု၊ ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်မည့် ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်စားပြု ဂုဏ်ပြုယာဉ်များ ပြင်ဆင်ဆောင်ရွက်နေ မှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ ဂုဏ်ပြုအခမ်းအနားကျင်းပရေး ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများနှင့် တက်ရောက်လာကြသူများက စစ်ရေးပြအစီအစဉ်နှင့် ပတ်သက်၍ ဆောင်ရွက်နေမှု၊ လေ့ကျင့်ရန် လျာထား သည့် အချိန်ဇယား၊ စစ်ရေးပြအစီအစဉ်၊ ကြာမြင့်ချိန် နှင့် လိုအပ်ချက်များ၊ ဖိတ်ကြားရန်လျာထားမှု၊ စာလုံး သရုပ်ဖော်လေ့ကျင့်ရန် လျာထားမှု၊ စာလုံးသရုပ်ဖော် မည့်အစီအစဉ်၊ လိုအပ်သည့် ကျောင်းသားအရေ အတွက်၊ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် သယ်ယူပို့ဆောင်ရေး ဆောင်ရွက်မည့်အစီအမံ၊ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ ဂုဏ်ပြုယာဉ်များပြင်ဆင် ဆောင်ရွက်နေမှု၊ တည်ဆောက်ရေးဆိုင်ရာ လျာထား မှု၊ ခွင့်ပြုချက်ရယူရန်နှင့် ပေါင်းစပ်ညှိနှိုင်းပေးရန် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
ဆုံးဖြတ်ချက်များကို အတည်ပြု
ထို့နောက် ဂုဏ်ပြုအခမ်းအနားကျင်းပရေး ကော်မတီတွဲဖက်အတွင်းရေးမှူး အမြဲတမ်းအတွင်း ဝန် ဦးမျိုးမြင့်မောင်က အစည်းအဝေးဆုံးဖြတ်ချက် များကို ဖတ်ကြားအတည်ပြုသည်။
ယင်းနောက် ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ သည်။
သတင်းစဉ်