
နေပြည်တော် နိုဝင်ဘာ ၁၅
နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်း အမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အသိအမှတ်ပြုလက်မှတ်
သင်တန်းဖွင့်ပွဲ အခမ်းအနား တွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးက ယခုသင်တန်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ပြည်ထောင်စု ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း အသီးသီးတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များအနေဖြင့် ဥပဒေပညာ လေ့လာပြီး ဥပဒေဒီပလိုမာဘွဲ့ သို့မဟုတ် ဥပဒေရေးရာကျွမ်းကျင် ကြောင်း အသိအမှတ်ပြုလက်မှတ် တစ်ခုခုရရှိရေးအတွက် ဆောင် ရွက်နိုင်ရန် ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း။
သင်ကြားပို့ချပေးမည်
ယခုသင်တန်းတွင် နိုင်ငံ့ ဝန်ထမ်း အကြီးအမှူးများအနေ ဖြင့် သိသင့်သိထိုက်သည့် ဥပဒေ ရေးရာ ကိစ္စရပ်များဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ ဥပဒေရေးဆွဲခြင်း၊ စီးပွားရေး စာချုပ်စာတမ်းများ စိစစ်ခြင်း၊ အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် အာဆီယံဥပဒေများ လက်တွေ့အသုံးချမှု၊ ပြစ်မှုဆိုင်ရာ နှင့် အထူးဥပဒေများ လက်တွေ့ အသုံးချမှု၊ တရားမဆိုင်ရာ ကိစ္စ များ၊ အထွေထွေဥပဒေအကြံပေး ရေးဆိုင်ရာကိစ္စများကို သင်ကြား ပို့ချပေးမည် ဖြစ်ပါကြောင်း၊ သင်တန်း ပြီးမြောက်အောင် တက်ရောက်ခဲ့သည့် သင်တန်းသား များကိုလည်း ဥပဒေရေးရာ ကျွမ်းကျင်ကြောင်း အသိအမှတ်ပြု လက်မှတ် (Certificate) များ ပေးအပ်ချီးမြှင့်မည် ဖြစ်ပါ ကြောင်း၊ ဥပဒေသင်တန်းကျောင်း ဖွင့်လှစ်ပြီးပါက ဥပဒေဒီပလိုမာ ဘွဲ့ ပေးအပ်ချီးမြှင့်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
လက်တွေ့ အသုံးချ
ယခင် ဖွင့်လှစ်ခဲ့သည့် သင်တန်း အမှတ်စဉ် (၁) ၏ အားနည်းချက်၊ အားသာချက် များကို စိစစ်ပြုပြင်ပြီး ယခုသင်တန်း ကို ထပ်မံဖွင့်လှစ်ခြင်းဖြစ်ပါ ကြောင်း၊ သင်တန်းကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့ များတွင် နံနက် ၈ နာရီမှ ၁၀ နာရီအထိ ရက်သတ္တကိုးပတ် ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပါ ကြောင်း၊ သင်တန်းသားများ၏ သင်တန်း တက်ရောက်ပြီးစီးမှု အခြေအနေကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရုံးသို့ အစီရင်ခံ တင်ပြမည် ဖြစ်ပါကြောင်း၊ သင်တန်း တက်ရောက်ခဲ့ကြသည့် သင်တန်းသား သင်တန်းသူများ သည် ဤသင်တန်းမှ သင်ကြား ပို့ချပေးသည့် ဥပဒေပညာရပ်များ ကို မိမိတို့လုပ်ငန်းခွင်နှင့် နိုင်ငံတော်အတွက် လက်တွေ့ အသုံးချ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနား သို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးကိုကိုလှိုင်၊ ဦးမျိုးမြင့်ဦး၊ ဒေါက်တာဌေးအောင်၊ ဦးစောထွန်းအောင်မြင့်၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး အဖွဲ့ဝင် ဦးကျော်ဆန်း၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဒေါ်ခင်ချိုအုန်း၊ ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဦးကျော်စိန်၊ ဥပဒေရေးရာဝန်ကြီး ဌာနမှ ဌာနအကြီးအကဲများ တက်ရောက်ကြသည်။
၃၅ ဦး တက်ရောက်
သင်တန်းတွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၊ ဝန်ကြီးဌာနများ၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့နှင့် အဂတိလိုက်စား မှု တိုက်ဖျက်ရေးကော်မရှင်တို့မှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ရာထူး အဆင့် သင်တန်းသား သင်တန်း သူ စုစုပေါင်း ၃၅ ဦး တက်ရောက် ကြကြောင်း သိရသည်။
သတင်းစဉ်