
နေပြည်တော် နိုဝင်ဘာ ၁၁
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ၏ စီစဉ်မှုဖြင့် အရည်အသွေးမီ စားအုန်း ဆီများကို နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများအတွက် ယနေ့နံနက်ပိုင်း က ဈေးနှုန်းမှန်ကန်ချိုသာစွာဖြင့် လာရောက်ရောင်းချပေးသည်။
အဆိုပါ စားအုန်းဆီများကို စားသုံး ဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်း၏ စီစဉ်မှုဖြင့် စားသုံးသူ ရေးရာဦးစီးဌာနက ကြီးကြပ်ကာ Diamond Dragon Co.,Ltd မှ အရည်အသွေးမီ စားအုန်းဆီများကို တစ်ပိဿာလျှင် ငွေကျပ် ၅၃၀၀ နှုန်း ဖြင့် ဝန်ထမ်း ၁၀၆၅ ဦးအတွက် စုစုပေါင်း ၁၀၆၅ ပိဿာကို ရောင်းချ ပေးခြင်းဖြစ်ကြောင်းနှင့် အခြားဝန်ကြီး ဌာနများရှိ ဝန်ထမ်းများအတွက်လည်း ဆက်လက် ရောင်းချပေးသွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်