(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်သူများကြည့်ရှုလေ့လာနိုင်ရန် ပြခန်းများခင်းကျင်းပြသ

 

ဘားအံ   နိုဝင်ဘာ   ၁၁


(၆၇)နှစ်မြောက်    ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ်    ပြည်သူများနှင့် လူငယ်လူရွယ်များ၊        ကျောင်းသား ကျောင်းသူများအနေဖြင့်  အစိုးရ၊   ဌာန ဆိုင်ရာအဖွဲ့အစည်းများ၏   ဒေသဖွံ့ဖြိုး ရေးနှင့်   အခြားဆောင်ရွက်ချက်များကို သိရှိစေရန်နှင့် အသိပညာဗဟုသုတများ ရရှိစေရန်   ကြည့်ရှုလေ့လာနိုင်စေရေး  ဌာနဆိုင်ရာ    ပြခန်းများအား    ကရင် ပြည်နယ်    ဘားအံမြို့ရှိ   သီရိကွင်းတွင် ခင်းကျင်းပြသသည်။

 


အဆိုပါ ပြခန်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ   ၇   ရက်က   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်  မန်းငြိမ်းမောင် နှင့်  တာဝန်ရှိသူများက အခမ်းအနားဖြင့် ဖဲကြိုးဖြတ်    ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး ဌာနဆိုင်ရာပြခန်းများအဖြစ် ကရင်စာပေ နှင့်ယဉ်ကျေးမှုပြခန်း၊   တိုင်းရင်းသား ရေးရာပြခန်း၊  စည်ပင်သာယာရေးအဖွဲ့ ပြခန်း၊   နတလပြခန်း၊  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနပြခန်း၊  လမ်းဦးစီးဌာန ပြခန်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနပြခန်း၊ စာပေအနုပညာပြခန်း၊ ကျေးလက်လမ်းနှင့် ကျေးလက်ဦးစီးဌာန ပြခန်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနပြခန်း၊ ကျန်းမာရေးဦးစီး ဌာနပြခန်း၊ ငါးလုပ်ငန်းဦးစီးဌာနပြခန်း၊ ပညာရေးပြခန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်  ဆည်မြောင်းပြခန်း၊   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပြခန်း၊ သိပ္ပံနှင့်နည်းပညာပြခန်း၊  ပတ်ဝန်းကျင်/ သစ်တော/ သတ္တုပြခန်း၊ မီးသတ်တပ်ဖွဲ့ပြခန်း၊   စားသုံးသူရေးရာ ပြခန်း၊   ကုန်သွယ်မှုမြှင့်တင်ရေးပြခန်း၊ အသေးစား အလတ်စား စီးပွားရေးပြခန်း၊ သမဝါယမပြခန်း၊ လျှပ်စစ်ပြခန်းများနှင့် ဒေသတွင်း         အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်  အသေးစားနှင့် အလတ်စား   စက်မှုလက်မှုလုပ်ငန်းများ နှင့်   ဒေသထွက်ကုန်ပြခန်းများလည်း ပြသခဲ့ကြောင်း သိရသည်။

 


အဆိုပါ  ပြခန်းများကို  နိုဝင်ဘာ ၇ ရက်မှ  ၁၀  ရက်အထိ ဖွင့်လှစ်ပြသခဲ့ပြီး (၆၇)နှစ်မြောက်    ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ယခုကဲ့သို့ ပြခန်း များ ခင်းကျင်းပြသခြင်းအပြင် ပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများအဖြစ်      မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲများ၊   ဒုံးအကပြိုင်ပွဲများ၊ စင်တင်တေးဂီတဖျော်ဖြေပွဲများ  ဆောင် ရွက်ပေးလျက်ရှိသဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင် ဆင်နွှဲခဲ့ကြောင်း သိရသည်။ 


 သတင်းစဉ်