
နေပြည်တော် နိုဝင်ဘာ ၁၁
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် ဧည့်ခံပွဲနှင့် ညစာစားပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စိန်ရတု လွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေး လုပ်ငန်း ကော်မတီ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ စိန်ရတု လွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်၍ လုပ်ငန်းကော်မတီဝင်များ၊ လုပ်ငန်း အဖွဲ့များမှဥက္ကဋ္ဌများနှင့် သက်ဆိုင် ရာ ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီးက အဖွင့်အမှာ စကားပြောကြားပြီး (၇၅) နှစ် မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲ အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီ အနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟို ကော်မတီသို့ တင်ပြအတည်ပြု ချက် ရယူရမည့်အချက်များ၊ လုပ်ငန်းကော်မတီအတွင်း ညှိနှိုင်း ဆောင်ရွက်ရန်ရှိသည့်ကိစ္စရပ်များ ကို အစည်းအဝေးသို့ တက်ရောက် လာကြသူများက ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ စိန်ရတု လွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲ ကျင်းပရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကြောင်း သိရသည်။
သတင်းစဉ်