တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော်  နိုဝင်ဘာ  ၁၀


ဧရာဝတီတိုင်းဒေသကြီး  ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ဒေသခံပြည်သူများကို   ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်  ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ဟိုင်းကြီးကျွန်းမြို့ရှိ   နယ်မြေခံ တပ်မတော်ဆေးရုံတွင် အခြေပြု၍ ဒေသခံပြည်သူ ၇၄၈ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

 


ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၂၈၆ ဦး၊ ခွဲစိတ်ရောဂါ ၆၃ ဦး၊ သားဖွား/ မီးယပ် ရောဂါ ၄၄ ဦး၊ ကလေးရောဂါ ၅၄ ဦး၊ အရိုးရောဂါ ၁၇၃ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၅၅ ဦး၊ မျက်စိရောဂါ ၅၃ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၂၀ စုစုပေါင်း ၇၄၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှု များ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန် လိုအပ်သူ  အကြီးစားခွဲစိတ်လူနာ  တစ်ဦး၊  မျက်စိ ခွဲစိတ်လူနာ ၃၀ တို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက် ပေးပြီး အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၃၁ ဦး၊ ECGဖြင့် နှလုံးစမ်းသပ်လူနာ ၃၂ ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၃၀ တို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသ ပေးခြင်းများ   ဆောင်ရွက်ပေးနိုင်ခဲ့ပြီး    ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သည့် လူနာများကို နီးစပ်ရာတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင် ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

 


ထို့ပြင် ယနေ့တွင် နယ်မြေခံရေတပ်စခန်းဌာန ချုပ်မှ တာဝန်ရှိသူများနှင့် တပ်မတော်ပင်လယ်သွား ဆေးရုံ ရေယာဉ်(သံလွင်)မှ တာဝန်ရှိသူများက ၂၀၁၆ ခုနှစ် မတ် ၂ ရက်တွင် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)ပေါ်၌  ပထမဆုံးအကြိမ် မွေးဖွား ပေးခဲ့သည့် သမီးငယ်  မေသံလွင်နှင့်   ဆေးရုံတက် ရောက်ကြမည့်သူများကို   ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ     ပေးအပ်ကြသည်။      ထို့ပြင် လာရောက်ဆေးကုသမှုခံယူလျက်ရှိသည့်  ဒေသခံ ပြည်သူများကို ဟိုင်းကြီးကျွန်းမြို့ရှိ နယ်မြေခံရေတပ် စခန်း  ဌာနချုပ်မှ   အရာရှိ၊  စစ်သည်၊   မိသားစုများ က    နေ့လယ်စာနှင့်     အာဟာရဖြည့်စားသောက် ဖွယ်ရာများ  ကျွေးမွေးလှူဒါန်းခဲ့ကြောင်း  သတင်းရရှိ သည်။     


သတင်းစဉ်