မြင်းခြံခရိုင်အတွင်း မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေရေးနှင့် မဲရုံများလျာထားသတ်မှတ်ခြင်း ညှိနှိုင်းအစည်းအဝေးကျင်းပ

 

ညောင်ဦး  နိုဝင်ဘာ  ၁၀
မြင်းခြံခရိုင်အတွင်း မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန် စေရေး၊ မဲရုံများလျာထားသတ်မှတ်ရေးနှင့် မဲရုံသုံး ပစ္စည်းလိုအပ်မှုများအတွက် ညှိနှိုင်းအစည်းအဝေးကို  ယနေ့နံနက်ပိုင်းက  ညောင်ဦးခရိုင်  အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန       အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


ညှိနှိုင်းအစည်းအဝေးသို့              ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်  မန္တလေးတိုင်းဒေသ ကြီးတာဝန်ခံ ဦးအောင်မိုးမြင့် က မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေးအတွက်       ပြုစုထားရှိသည့် အခြေခံလူဦးရေစာရင်းဇယားများ မှန်ကန်ရေး၊  မဲရုံ လျာထားမှု အဆင်ပြေစေရေး၊ မဲရုံသုံးပစ္စည်း လိုအပ် မှုများ အဆင်ပြေစေရေး၊ ရွေးကောက်ပွဲ အောင်မြင် ရေးတို့အတွက် လိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက် ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
 ယင်းနောက်     ပြည်ထောင်စု   ရွေးကောက်ပွဲ  ကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်း၊ ဦးဘရန်ရှောင်  တို့က မြို့နယ်များအတွင်း မဲဆန္ဒနယ်မြေ၊ မဲဆန္ဒရှင် စာရင်းနှင့် မဲရုံအရေအတွက်များ လျာထားသတ်မှတ် ခြင်းဆိုင်ရာ    ဆောင်ရွက်ထားမှုနှင့်   ပတ်သက်၍ ဆွေးနွေးသည်။   ထို့နောက်   မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီး၊  တောင်သာမြို့နယ်များရှိ မဲဆန္ဒ ရှင်စာရင်းများနှင့်  မဲရုံအရေအတွက်များ လျာထား သတ်မှတ်ခြင်းနှင့်ပတ်သက်၍ ညှိနှိုင်းဆောင်ရွက် ခဲ့ကြသည်။   မြင်းခြံခရိုင်တွင်  ခန့်မှန်း မဲဆန္ဒရှင်စာရင်း (၆၇၈၂၆၁) ဦးရှိပြီး လျာထားမဲရုံ အရေအတွက်(၉၅၉) ရုံရှိကြောင်း သိရသည်။                       သတင်းစဉ်