တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော်  နိုဝင်ဘာ   ၉
ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရန်  ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင်  ဟိုင်းကြီးကျွန်းမြို့ရှိ  နယ်မြေခံ တပ်မတော်ဆေးရုံတွင် အခြေပြု၍ ဒေသခံပြည်သူ ၁၀၂၅ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၂၀၉ ဦး၊ ခွဲစိတ်ရောဂါ ၇၇ ဦး၊ သားဖွား/ မီးယပ် ရောဂါ ၄၂ ဦး၊ ကလေးရောဂါ ၄၈ ဦး၊ အရိုးရောဂါ ၁၅၈ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၂၇ ဦး၊ မျက်စိရောဂါ ၄၁၉ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၄၅ ဦး စုစုပေါင်း ၁၀၂၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးသည်။ 
ထို့အပြင် အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေး လူနာ ၂၄ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၄၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၈၈ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာများ အား နီးစပ်ရာ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
ထို့ပြင် ယနေ့တွင် လာရောက်ဆေးကုသမှုခံယူ လျက်ရှိသည့် ဒေသခံပြည်သူများအား ဟိုင်းကြီးကျွန်း မြို့ရှိ   နယ်မြေခံရေတပ်စခန်းဌာနချုပ်မှ  အရာရှိ၊ စစ်သည်၊ မိသားစုများက နေ့လယ်စာနှင့် အာဟာရ ဖြည့် စားသောက်ဖွယ်ရာများ     ကျွေးမွေးလှူဒါန်း ကြောင်း သိရသည်။ 
သတင်းစဉ်