မှတ်တမ်းဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ သတင်းရေးသားခြင်းဆိုင်ရာ သင်တန်းအမှတ်စဉ်(၂)မှ သင်တန်းသား သင်တန်းသူများ နေပြည်တော် MRTV တွင် ကြည့်ရှုလေ့လာ

 

နေပြည်တော်   နိုဝင်ဘာ   ၉


ပြန်ကြားရေးဝန်ကြီးဌာန၏   အစီအစဉ်ဖြင့် မှတ်တမ်းဗီဒီယို       ရိုက်ကူးတည်းဖြတ်ခြင်း၊      မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊      သတင်း ရေးသားခြင်းဆိုင်ရာ သင်တန်းအမှတ်စဉ်(၂)မှ သင်တန်းသား သင်တန်းသူ ၄၈ ဦးတို့သည်   ယနေ့နံနက်ပိုင်းက  နေပြည်တော်- တပ်ကုန်းရှိ မြန်မာ့အသံနှင့်  ရုပ်မြင်သံကြားတွင်  ရုပ်သံ ထုတ်လွှင့်မှုဆိုင်ရာများနှင့်   မြန်မာ့အသံနှင့်  ရုပ်မြင်သံကြား       စိန်ရတုပြတိုက်တို့တွင် ကြည့်ရှုလေ့လာကြသည်။

 


အဆိုပါ  လေ့လာရေးအဖွဲ့ဝင်များသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက် အတွင်း   ခင်းကျင်းပြသထားသည့်   ခေတ် အဆက်ဆက်  ရုပ်သံထုတ်လွှင့်မှုများတွင် အသုံးပြုခဲ့သည့်  စက်ပစ္စည်းများ၊  တိုက်ရိုက် ထုတ်လွှင့်ရေးမော်တော်ယာဉ်များ၊  သတင်း တင်ဆက်မှုပုံစံငယ်များ၊ ခေတ်အဆက်ဆက် ထုတ်လွှင့်တင်ဆက်ခဲ့သည့် အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံ များ၊ တူရိယာပစ္စည်းများ၊    သတင်းစတူဒီယိုခန်း များ၊   ရေဒီယိုအစီအစဉ်တွင် အသုံးပြုခဲ့သည့် ခေတ်ဟောင်းဓာတ်ပြားများနှင့် အခြားအသုံး အဆောင်ပစ္စည်းများစသည့်   စုစုပေါင်းပြခန်း   ၄၀ တွင် ခင်းကျင်းပြသထားမှုများနှင့် ပင်မ အဆောက်အအုံအတွင်းရှိ   ရုပ်သံထုတ်လွှင့်မှု လုပ်ငန်းများကို   လှည့်လည်ကြည့်ရှုလေ့လာ ကြရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြား ကြသည်။

 


ပြန်ကြားရေးဝန်ကြီးဌာန၏   အစီအစဉ်ဖြင့်   မှတ်တမ်းဗီဒီယို     ရိုက်ကူးတည်းဖြတ်ခြင်း၊      မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊      သတင်း ရေးသားခြင်းဆိုင်ရာ   သင်တန်းအမှတ်စဉ်(၂)ကို  ဝန်ကြီးဌာန   ၁၂  ခုမှ  သင်တန်းသား  သင်တန်းသူ   ၄၈  ဦးဖြင့်  အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ ၁၁ ရက်အထိ ရက်သတ္တပတ် သုံးပတ်ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်း ခန်းမတွင် ဖွင့်လှစ်လျက်ရှိရာ အဆိုပါသင်တန်း မှ သင်တန်းသား သင်တန်းသူများသည် ယနေ့ တွင် MRTV ၌ လေ့လာရေးပြုလုပ်ပြီး မနက်ဖြန် နိုဝင်ဘာ၁၀ရက်တွင် ဥပ္ပါတသန္တိစေတီတော်အနီးတစ်ဝိုက်၌    ပြန်ကြားရေးနှင့်    ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ   ပို့ချသည့်ဓာတ်ပုံ Outdoor Shooting   လေ့ကျင့်ပြသမှုကို  ဆက်လက်လေ့လာကြမည် ဖြစ်ကြောင်းသိရသည်။                
                   

သတင်းစဉ်