မကွေးတိုင်းဒေသကြီး၌ တိုင်းရင်းသားဘာသာစကားသင် ဆရာ ဆရာမများ အရည်အသွေးမြှင့်တင်ရေး ဆွေးနွေး

 

မကွေး  နိုဝင်ဘာ   ၉


ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန မကွေးပညာရေးဒီဂရီကောလိပ်၌      တိုင်းရင်းသား ဘာသာစကားသင်   ဆရာ    ဆရာမများအတွက် အရည်အသွေးမြှင့်  အထောက်အကူပြု ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို   နိုဝင်ဘာ  ၈  ရက်က မကွေး ပညာရေးဒီဂရီကောလိပ် ပညာဗိမာန်ခန်းမ၌ ကျင်းပ သည်။

 


တိုင်းရင်းသားဘာသာစကား ၆၃ မျိုး  သင်ကြား 


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က  ယခုအခါ   နိုင်ငံတော်အစိုးရအနေဖြင့်  တိုင်းရင်းသား ဘာသာစာပေတိုးတက်ရန်နှင့် ရေရှည်တည်တံ့စေရန် ဆောင်ရွက်နေသလို ပညာရေးဝန်ကြီးဌာနအနေဖြင့် လည်း     တိုင်းရင်းသားဘာသာစကား၊      စာပေ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို ထိန်းသိမ်းမြှင့်တင် ရန်  ဒေသခံတိုင်းရင်းသားဆရာနှင့် ဘာသာစကား သင်ဆရာ ၃၁၇၄၂ ဦးအား ခန့်အပ်တာဝန်ပေးအပ်ပြီး တိုင်းရင်းသား ဘာသာစကား ၆၃ မျိုးကို  သင်ကြား ပေးလျက်ရှိကြောင်း၊  တိုင်းရင်းသားဘာသာစကား သင်   ဆရာ  ဆရာမများအနေဖြင့်  မိမိတို့သင်ကြား ပေးရမည့် မျိုးဆက်သစ်လူငယ်များအား မိမိတို့ရိုးရာ ယဉ်ကျေးမှုများကို       တန်ဖိုးထားထိန်းသိမ်းစေရန်၊ လူတော်လူကောင်း များဖြစ်လာအောင် သင်ကြားပေး ကြရန် တိုက်တွန်း ပြောကြားသည်။ 

 


ဆက်လက်၍   မကွေးပညာရေး  ဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်လှိုင်က သင်တန်း တွင်  သင်ကြားပို့ချမည့် သင်ခန်းစာများနှင့် သင်တန်း ဖွင့်လှစ်ခြင်းဖြင့်  ရရှိလာမည့်  အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြသည်။
အဆိုပါ   ဆွေးနွေးပွဲသို့    တိုင်းရင်းသားဘာသာ စကားသင် ဆရာ ဆရာမ ၁၂၉ ဦး တက်ရောက်လျက် ရှိပြီး   နိုဝင်ဘာ  ၃   ရက်မှ   ၂၅    ရက်အထိ   ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။                                  

မောင်ညီညာ