​တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ ဖွင့်လှစ်

 

နေပြည်တော်   နိုဝင်ဘာ   ၉
မွန်ပြည်နယ်တွင်   တိုင်းရင်းသား လူမျိုးများ၏      ဘာသာစကား၊ စာ​ပေ၊ ယဉ်​ကျေးမှု ဓ​လေ့ထုံးတမ်း များကို ​​ဖော်ထုတ်ထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ တိုင်းရင်းသားဘာသာ စကားသင်    ဆရာ၊   ဆရာမများ အတွက်    အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် မော်လမြိုင် ပညာ​ရေးဒီဂရီ​ကောလိပ်၌ ပြုလုပ် ရာ    မွန်ပြည်နယ်    ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊     ပြည်နယ် ဝန်ကြီးများ၊ တိုင်းရင်းသားဘာသာ စကားသင်   ဆရာ၊  ဆရာမများ တက်​ရောက်ကြသည်။ 
ဆွေးနွေးပွဲတွင်    ပြည်နယ် ဝန်ကြီးချုပ်က     မွန်ပြည်နယ် အတွင်း   ဘက်​ပေါင်းစုံ    ဖွံ့ဖြိုး တိုးတက်​စေ​ရေး  ​ဆောင်ရွက်ရာ တွင် မျိုးဆက်သစ်များ၏ ပညာ ရေးကဏ္ဍ   တိုးတက်မြင့်မားလာ စေရေးအတွက် အထူးအ​လေး​ပေး ​ဆောင်ရွက်လျက်     ရှိ​ကြောင်း၊ အခြေခံပညာ သင်ရိုးညွှန်းတမ်း တွင်    ဒေသဆိုင်ရာ   သင်ရိုးကို ဘာသာရပ်တစ်ခုအနေဖြင့်  မူလ တန်းအဆင့်မှ စတင်သင်ကြားပေး ရန်  ရေးဆွဲပြဋ္ဌာန်းထားပြီး တိုင်း ရင်းသား  ဘာသာစကား၊ ဒေသ ဆိုင်ရာ ဓလေ့ထုံးစံနှင့် ယဉ်ကျေးမှု   စသည့်   အခြေခံအကြောင်းရင်း များကိုပါ   ထည့်သွင်းသင်ကြား​ပေးလျက်ရှိ​ကြောင်း။
တိုင်းရင်းသား ဘာသာစကား သင် ဆရာ၊ ဆရာမများအ​နေဖြင့် သင်ကြားရေး စွမ်းရည်မြင့်မားရေး အတတ်ပညာများကို   စဉ်ဆက် မပြတ်      လေ့လာဆည်းပူးပြီး တိုင်းရင်းသားဘာသာ စကားများ အပေါ်   အထူးအလေးထားကာ စကား၊ စာပေများ ဖွံ့ဖြိုးတိုးတက် ရေးအတွက်     အားလုံးဝိုင်းဝန်း ပူး​ပေါင်း   ​ဆောင်ရွက်​ပေးကြရန် တိုက်တွန်းလို​ကြောင်း ပြောကြား သည်။
ထို့​နောက် မော်လမြိုင်ပညာ​ရေးဒီဂရီ​ကောလိပ် ​ကျောင်းအုပ် ဆရာမကြီး   ဒေါ်ဝင်းသိင်္ဂီကျော် က အထောက်အကူပြု ဆွေးနွေးပွဲ ဖွင့်လှစ်​    ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍    ရှင်းလင်းတင်ပြ သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်က   တိုင်းရင်းသားဘာသာ စကားသင်   ဆရာ၊  ဆရာမများ အား    ရင်းရင်းနှီးနှီး    လိုက်လံ နှုတ်ဆက်သည်။
တိုင်းရင်းသားဘာသာ စကား သင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့်     အထောက် အကူပြုဆွေးနွေးပွဲကို   နိုဝင်ဘာ ၃ ရက်​မှ ၂၅ ရက်အထိ ၂၃ ရက် ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။                သတင်းစဉ်