ယဉ်ကျေးမှုအမွေအနှစ်များအတွက် ဘေးအန္တရာယ်ကျရောက်ခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

 

နေပြည်တော်    နိုဝင်ဘာ   ၉
ကမ္ဘာ့အမွေအနှစ်ဒေသ    ယဉ်ကျေးမှုအမွေအနှစ် များအတွက်    ဘေးအန္တရာယ်    ကျရောက်ခြင်းနှင့် ဘေးအန္တရာယ်     ကျရောက်ပြီးနောက်      ပြန်လည် ထူထောင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် ပုဂံရှေးဟောင်းသုတေသနပြတိုက် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ မန္တလေး တိုင်းဒေသကြီး  လူမှုရေးရာဝန်ကြီး၊  ရှေးဟောင်း သုတေသနနှင့်       အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊   မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီနှင့်    မြန်မာနိုင်ငံ   မြေငလျင်အသင်းတို့မှ ပညာရှင်များ၊    ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊  ဆက်စပ်ဌာနများမှ တာဝန်ခံ များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ မန္တလေးတိုင်း ဒေသကြီး  ယဉ်ကျေးမှုအမွေအနှစ်များ  ကာကွယ် ထိန်းသိမ်းရေးကော်မတီ(ဒေသခံ) ကော်မတီဝင်များ၊ ပရဟိတအဖွဲ့ဝင်များ တက်ရောက်ကြသည်။
အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့တွင် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ၂၀၁၆  ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့်   ငလျင် ကြောင့်   ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ  စေတီ ပုထိုးများအနက်  ၃၈၉ ဆူ ထိခိုက်မှုရှိခဲ့ကြောင်း၊  လေးနှစ်စီမံကိန်းရေးဆွဲ၍ ပညာရှင်များ၏ ကြီးကြပ်မှု ဖြင့် ပြုပြင်ထိန်းသိမ်းခဲ့ရာ သဗ္ဗညုဘုရားကြီးမှလွဲ၍ ကျန်ဘုရားပုထိုး  ၃၈၈  ဆူကို     ၂၀၂၀   ပြည့်နှစ် စက်တင်ဘာလတွင် ပထမအဆင့် ပြုပြင်ထိန်းသိမ်း ပြီးစီးခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ ယခု အချိန်အထိ ကြိုတင်ကာကွယ်ရေးလုပ်ငန်း အနေဖြင့် ပြုပြင်ထိန်းသိမ်းရန် လိုအပ်ကြောင်း ထပ်မံတွေ့ရှိ သည့်   ဘုရားအဆူ  ၃၀ အနက်   ပြုပြင်ပြီး   ရှစ်ဆူ၊ ဆောင်ရွက်ဆဲ ကိုးဆူ၊ ဆောင်ရွက်ရန် ကျန်  ၁၃ ဆူ ဖြစ်ကြောင်း၊  နယ်မြေတွင်းရှိ ဧည့်လမ်းညွှန်အသင်း နှင့် ဒေသခံများ၏ ကွင်းဆင်းတွေ့ရှိမှုအရ ပြုပြင်ရန် လိုအပ်သည့်   ရှေးဟောင်းအဆောက်အအုံ  ၁၁၀ ကိုလည်း    ကြိုတင်ပြုပြင်   ထိန်းသိမ်းခဲ့ကြောင်း၊ သဘာဝဘေးအန္တရာယ်သည် ယဉ်ကျေးမှုအမွေအနှစ် များကို အလွန်ထိခိုက်ပျက်စီးမှု ကြီးမားစေသဖြင့် ယခုအလုပ်ရုံဆွေးနွေးပွဲမှ ထိရောက်သောရလဒ်များ ဆွေးနွေး၍ ရေတို၊ ရေရှည်အစီအစဉ်များ ရေးဆွဲပြီး ကြိုတင်ကာကွယ်ခြင်း၊     ကုစားခြင်းများအတွက် ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
မွန်းလွဲပိုင်းတွင်    ပြည်ထောင်စုဝန်ကြီးသည်    ပုဂံရှေးဟောင်း သုတေသနပြတိုက်၊ အစည်းအဝေး ခန်းမ၌  သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာန၊ လက်အောက်မှ ရှေးဟောင်းသုတေသနနှင့် အမျိုး သား  ပြတိုက်ဦးစီးဌာနနှင့် သာသနာရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့်  တွေ့ဆုံပြီး   သဗ္ဗညုဘုရား ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်း   ဆောင်ရွက်မည့်  တရုတ် ပညာရှင်အဖွဲ့၏  ကြိုတင်ပြင်ဆင်မှုလုပ်ငန်းခွင်ကို လည်းကောင်း၊ ရွာဟောင်းကြီးဘုရားအနီးနှင့် ပုဂံ မျှော်ဘုရားအနီး လမ်းမပေါ်တွင် လုပ်ငန်းဆောင်ရွက် ရာသို့  လည်းကောင်း၊ ပုဂံ - ညောင်ဦးမြို့ရှောင်လမ်း ရှိ  ဌာနပိုင်အိမ်ရာ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးသည်။   
သတင်းစဉ်