
နေပြည်တော် နိုဝင်ဘာ ၉
နိုင်ငံတော်အစိုးရ၏ ယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်ရေး အတွက် ကျရာကဏ္ဍမှ တာဝန်သိ စိတ်ဖြင့် ဆောင်ရွက်နေကြသည့် ဝန်ထမ်းများကို စိတ်လက်ပေါ့ပါး စွာ အပန်းဖြေပျော်ရွှင်မှုရရှိစေရန် ရည်ရွယ်ချက်ဖြင့် စိတ်ဓာတ်ပိုင်း ဆိုင်ရာ အားပေးမြှင့်တင်မှုတစ်ခု အဖြစ် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မှ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့် အတူ နိုင်ငံကျော်တေးသံရှင်များ၊ မြန်မာ့အသံမှ တေးသံရှင်များ က နေပြည်တော်ရှိ ဝန်ကြီးဌာန များသို့ လှည့်လည် ဖျော်ဖြေလျက် ရှိသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
အဆိုပါဖျော်ဖြေပွဲကို ယနေ့ ညနေပိုင်းက နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ရှေးဦးစွာ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် နိုင်ငံ ကျော် အဆိုတော် မြန်မာပြည် သိန်းတန်၊ သရုပ်ဆောင် တေး သံရှင်များဖြစ်ကြသည့် မိုးယံဇွန်၊ ဝေလျှံ၊ ဝင်းသပြေထွန်း၊ ပန်းသော် တာတို့နှင့်အတူ ရောက်ရှိကြပြီး သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင် ရီ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိ သူများ၊ ကျောက်မျက်လုပ်ငန်းရှင် များအသင်းမှ အသင်းသား၊ အသင်းသူများ၊ ဝန်ထမ်းမိသားစု များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။
ဝန်ထမ်းမိသားစုများကလည်း အနုပညာရှင်များအား ရင်းရင်း နှီးနှီး မိတ်ဆက်ကာ အတူတကွ အမှတ်တရ ဓာတ်ပုံရိုက်ကြ သည်။
ဖျော်ဖြေတင်ဆက်
ထို့နောက် ဖျော်ဖြေပွဲကို ကျင်းပရာ မြန်မာ့အသံမှ တေး သံရှင်များက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ခေတ်ပေါ် တေးဂီတအဖွဲ့နှင့်တွဲဖက်၍မြန်မာ သံစဉ် တေးသီချင်းများဖြင့် လည်း ကောင်း၊ ခေတ်ပေါ်တေးသီချင်း များဖြင့် လည်းကောင်း၊ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား၏ အဉ္ဇလီ အငြိမ့်အဖွဲ့မှ ခေါင်းဆောင် မင်းသမီး ယဉ်ယဉ်ဝေ၊ ရှေ့ထွက် မင်းသမီး ခိုင်သစ္စာ၊ လူရွှင်တော် စောမင်းနောင်၊ ဇော်မင်းထွန်း၊ ဇင်ဝိုင်း၊ ကျော်မင်းစိုး၊ မျိုးကျော်သူ နှင့် စိုင်းစည်သူတို့က အငြိမ့်ကပြ မှုဖြင့်လည်းကောင်း၊ နိုင်ငံကျော် အဆိုတော် မြန်မာပြည်သိန်းတန် နှင့်အတူ မိုးယံဇွန်၊ ဝေလျှံ၊ ဝင်းသပြေထွန်းနှင့် ပန်းသော်တာ တို့က တေးသီချင်းများဖြင့် လည်း ကောင်း ဖျော်ဖြေတင်ဆက်ကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီး အကဲများနှင့် ဇနီးများ၊ အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းမိသားစုဝင် များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များက ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြပြီး ပြည်ထောင်စု ဝန်ကြီးက ခေတ်ပေါ်တေးဂီတ အဖွဲ့၊ မြန်မာ့အသံမှ တေးသံရှင် များနှင့် အနုပညာရှင်များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် သည်။
အဆိုပါ ဖျော်ဖြေရေးအစီ အစဉ်ကို ကျန်ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်း အသီးသီးသို့လည်း ဆက်လက်သွားရောက် ဖျော်ဖြေ တင်ဆက်မည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်