နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး

 

နေပြည်တော်   နိုဝင်ဘာ   ၉


နိုင်ငံတော်၏        ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ် ပါတီ    (NMSP)   ဒုတိယဥက္ကဋ္ဌ  ဦးဆောင်သော      ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့     တွေ့ဆုံ ဆွေးနွေးပွဲကို   ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ  အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု        ဗဟိုဌာန၌ ကျင်းပသည်။

 


တွေ့ဆုံဆွေးနွေးပွဲသို့    နိုင်ငံ တော်    စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ ရုံး   ဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး၊      အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်    ငြိမ်းချမ်းရေး  ဖော်ဆောင်မှု             ညှိနှိုင်းရေး ကော်မတီ   ဥက္ကဋ္ဌ၊  နိုင်ငံတော်၏  ငြိမ်းချမ်းရေး    ဆွေးနွေးရေးအဖွဲ့  ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး  ရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံတော်     စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ် ကြီး    မိုးမြင့်ထွန်း၊   အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေး       ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး  မင်းနောင်နှင့်  မွန် ပြည်သစ်ပါတီ (NMSP) ဒုတိယ ဥက္ကဋ္ဌ    နိုင်အောင်မင်း၊    တွဲဖက် အထွေထွေ             အတွင်းရေးမှူး နိုင်ဝင်းလှ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်ဗညားလယ်တို့ တက်ရောက်ကြသည်။ 

 


တွေ့ဆုံဆွေးနွေးပွဲတွင်  နိုင်ငံ တော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ် ကြီး ရာပြည့်နှင့် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင် မင်းတို့က   နှုတ်ခွန်းဆက်    အမှာ စကားများ ပြောကြားကြသည်။   ထို့နောက်  ယခင်ဒုတိယအကြိမ် ဆွေးနွေးခဲ့စဉ်က   မပြီးပြတ်ဘဲ ဆက်လက်   ဆွေးနွေးညှိနှိုင်းရန် ကျန်ရှိနေသည့်     ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပါ  ဇယား ၁ ပြည်ထောင်စုဥပဒေပြု  စာရင်းနှင့် ဇယား ၂ တိုင်းဒေသကြီး  သို့မဟုတ်      ပြည်နယ်ဥပဒေပြု စာရင်းတို့နှင့်ပတ်သက်၍    လည်း ကောင်း၊ ပြည်ထောင်စုသဘောတူ  စာချုပ်   အစိတ်အပိုင်း (၁)၊  (၂) နှင့် (၃) တို့ပါ သဘောတူညီချက် များအား   ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ  (၂၀၀၈ ခုနှစ်)၊  တည်ဆဲ ဥပဒေများနှင့်  ကိုက်ညီမှု  ရှိ/မရှိ လေ့လာစိစစ်ချက်များနှင့်   ပတ် သက်၍ လည်းကောင်း ဆွေးနွေးပွဲ တက်ရောက်လာကြသူများက မိမိ တို့၏ သဘောထားများ၊ လိုလား ချက်များကို အပြန်အလှန်ဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့ကို       ရပ်နားခဲ့သည်။  ဒုတိယနေ့   ဆွေးနွေးပွဲကို နိုဝင် ဘာ  ၁၀  ရက်တွင်   ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။


သတင်းစဉ်