GTI ပညာရေး (၁၂၅) နှစ်ပြည့် အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားကျင်းပ

 

 

နေပြည်တော် ဒီဇင်ဘာ ၂၇

 

GTI ပညာရေး (၁၂၅) နှစ်ပြည့် အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် Virtual စနစ် ဖြင့် ကျင်းပရာ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဗီဒီယိုဖြင့် ဂုဏ်ပြုဝမ်းမြောက် အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် TVET ကဏ္ဍဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာန များမှ ဒုတိယဝန်ကြီးများ၊ ပညာရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ TVET Stakeholders များ၊ အစိုးရနည်းပညာ ကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ၊ အစိုးရနည်းပညာ အထက်တန်း ကျောင်းနှင့် သက်မွေးပညာသင်တန်း ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဌာနတာဝန်ခံများ၊ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများ၊ မြန်မာနိုင်ငံ GTI ကျောင်းသားဟောင်း များအသင်း ဥက္ကဋ္ဌနှင့် အသင်းဝင်များ၊

ကာတွန်း၊ ကဗျာ၊ ဝတ္ထုတိုနှင့် ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသူ များနှင့် ဖိတ်ကြားထားသူများက အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက် ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ဗီဒီယိုဖြင့် ဂုဏ်ပြု ဝမ်းမြောက် အမှာစကားပြောကြား သည်။ (နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် ဂုဏ်ပြုဝမ်းမြောက် အမှာစကားကို စာမျက်နှာ-၃ တွင် သီးခြားဖော်ပြထားပါသည်။)

အခွင့်အလမ်းများ ဖော်ဆောင်

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဝမ်းမြောက် စကားပြောကြားရာတွင် ၂၀၁၆ ခုနှစ် တွင် အင်းစိန် GTI ကို ပညာရေးဝန်ကြီး ဌာနက ပြန်လည်လွှဲပြောင်းယူခဲ့ပြီး နည်းပညာနှင့် သက်မွေး၊ ပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ သင်တန်းများ၊ သင်ယူနိုင်သည့် အခွင့်အလမ်းများ ရရှိနိုင်စေရန်အတွက် ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်မှစတင်၍ AGTI (၃)နှစ် ဒီပလိုမာ သင်တန်းများကို ပြန်လည် ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း၊ လက်ရှိ အချိန်တွင် AGTI (၃) နှစ် ဒီပလိုမာ သင်တန်း ၆ မျိုးကို ဖွင့်လှစ်နိုင် ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းများ နှင့် အဆင်မြင့်ပညာရေးသို့ ချိတ်ဆက် နိုင်သည့် အခွင့်အလမ်းများ ဖော်ဆောင် ပေးလျက်ရှိပါကြောင်း။

ပညာရေးဝန်ကြီးဌာန နည်း ပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့် ရေး ဦးစီးဌာနအနေဖြင့် AGTI (၃) နှစ် ဒီပလိုမာသင်တန်းများကို ပြန်လည် ဖွင့်လှစ်ခဲ့ရာ လက်ရှိအချိန်တွင် အစိုးရ နည်းပညာ ကောလိပ် (၃) ကျောင်းနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (၂၅) ကျောင်း စုစုပေါင်း (၂၈) ကျောင်း၌ AGTI (၃) နှစ် ဒီပလိုမာသင်တန်းများကို ဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါကြောင်း။

ထို့ပြင် သက်မွေးပညာကို လေ့လာ သင်ယူလိုသူများနှင့် မိသားစုစီးပွားရေး အခက်အခဲကြောင့် သင်ယူမှုအခွင့် အလမ်း နည်းပါးနေသော လူငယ် လူရွယ်များကို အလုပ်ချိန်နားချိန်များ တွင် နည်းပညာ၊ သက်မွေးပညာရေး နှင့် လေ့ကျင့်ရေးများ သင်ယူခွင့်ရရှိ စေရန်နှင့် ဘဝတစ်သက်တာ သင်ယူ နိုင်သည့် အခွင့်အလမ်းများ ဖန်တီး ဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်ပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှ စတင်၍ ညနေပိုင်း AGTI (၃) နှစ် ဒီပလိုမာ သင်တန်းများကို ဖွင့်လှစ်ခဲ့ပါကြောင်း၊ ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော ကျွမ်းကျင်မှုအခြေပြု ကာလတို သင်တန်းများကို ကျောင်းအစီအစဉ် ဖြင့်လည်းကောင်း၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍမှ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ လည်း ကောင်း ဖွင့်လှစ်ပြီး အလုပ်အကိုင်၊ အခွင့်အလမ်းများအတွက် အထောက် အကူပြုနိုင်စေရန် ပံ့ပိုးဆောင်ရွက် ပေးလျက် ရှိပါကြောင်း။

ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

ဆွစ်ဇာလန်နိုင်ငံ Swisscontact နှင့် ဆွစ်ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ဖြစ်သည့် Swiss Agency for Development and Cooperation (SDC) တို့နှင့် ပူးပေါင်းပြီး အင်းစိန် GTI တွင် ဖွင့်လှစ်ထားသော သက်မွေး ပညာ ကျွမ်းကျင်မှုဆိုင်ရာ စားဖို ဆောင် (Professional Training Kitchen) ၌ စားဖိုဆောင် သက်မွေး ပညာဆိုင်ရာသင်တန်းများ ဖွင့်လှစ် သင်ကြားပေးလျက်ရှိပြီး လုပ်ငန်းခွင် နှင့် သက်မွေးပညာသင်တန်းကျောင်း ပေါင်းစပ်သင်ကြားမှု (Dual Appren-ticeship) ကို ဆောင်ရွက်လျက် ရှိပါ ကြောင်း။

အင်းစိန် GTI တွင် ပြည်တွင်းအဖွဲ့ အစည်းများဖြစ်သည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ် (UMFCCI) ၊ မြန်မာနိုင်ငံ အထည် ချုပ် လုပ်ငန်းရှင်များအသင်း၊ Myan-mar AGTI Society နှင့် ပြည်ပအဖွဲ့ အစည်းများဖြစ်တဲ့ ဂျာမနီနိုင်ငံ GIZ, KfW တို့နဲ့ ပူးပေါင်းပြီး စီမံခန့်ခွဲမှုနှင့် သင်ကြား သင်ယူမှုများအတွက် စွမ်းဆောင်ရည် မြှင့်တင်မှုဆိုင်ရာ သင်တန်းများကို ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း။

မြန်မာယူနီဗော့စင်တာကို ဖွဲ့စည်း

ကုလသမဂ္ဂဆိုင်ရာ နည်းပညာ နှင့် သက်မွေးပညာရေးစင်တာ (UNEVOC) ၏ အထောက်အပံ့ဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း အင်းစိန် GTI တွင် မြန်မာယူနီဗော့ စင်တာကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ ပါကြောင်း၊ ဒေသတွင်း TVET ဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ချိတ်ဆက်ဆောင်ရွက် နိုင်ခြင်း၊ TVET ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများနှင့် စာတမ်းဖတ်ပွဲ များကို ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း။

ထို့ပြင် အင်းစိန် GTI ၌ ၂၀၁၈ ခုနှစ်မှစတင်၍ World Youth Skills Day အထိမ်းအမှတ်အဖြစ် လူငယ်များ အတွက် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ အခွင့်အလမ်းများ ပိုမိုရရှိလာ စေရန်၊ လူငယ်တစ်ဦးချင်းစီ၏ အရည် အချင်းနှင့် ကျွမ်းကျင်မှုစွမ်းရည်များ ပိုမိုတိုးတက်လာစေရန်၊ အသင်းအဖွဲ့ နှင့် ဆောင်ရွက်ရသည့် Team Work များ ပိုမိုအားကောင်းလာစေရန်၊ သတင်းအချက်အလက် နည်းပညာ နှင့် ဒစ်ဂျစ်တယ်စွမ်းရည်များ ပိုမို အားကောင်းလာစေရန်၊ ကောလိပ်၊ သိပ္ပံနှင့် ကျောင်းများ၏ တီထွင်ဖန်တီး ဆောင်ရွက်နိုင်မှု စွမ်းရည်များ ပိုမို တိုးတက်လာစေရန် ရည်ရွယ်၍ Skills Competition and Innovation Award ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး အစိုးရ နည်းပညာကောလိပ်၊ အစိုးရစက်မှု လက်မှုသိပ္ပံ၊ အစိုးရနည်းပညာ အထက် တန်းကျောင်းများနှင့် သက်မွေးပညာ သင်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြ ပါကြောင်း။

ပိုမိုချိတ်ဆက်ပူးပေါင်း

အင်းစိန် GTI တွင် ဒေသတွင်းနှင့် စက်ရုံ၊ အလုပ်ရုံများ၏ လိုအပ်ချက် (Local and Industrial Needs) ကို ဖြည့်ဆည်းပေးနိုင်မည့် ကာလတို၊ ကာလရှည်သင်တန်းများ ဖွင့်လှစ်ပြီး ဒေသတွင်း စက်မှုလုပ်ငန်းများအတွက် လိုအပ်သည့် ကျွမ်းကျင်ပညာရှင်များ (Supervisory / Technician Level) ကို မွေးထုတ်ခြင်း၊ သင်တန်းပြီးဆုံး သူများကို ပိုမိုကောင်းမွန်သည့် အလုပ် အကိုင်အခွင့်အလမ်းများ ရရှိစေနိုင် ရေးအတွက် စက်မှုလုပ်ငန်းများနှင့် ပိုမိုချိတ်ဆက် ပူးပေါင်းဆောင်ရွက် ခြင်းများကို တိုးမြှင့်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း။

အကောင်အထည်ဖော်သွားမည်

ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၂၁ - ၂၀၃၀) ရေးဆွဲလျက် ရှိပြီး နည်းပညာနှင့် သက်မွေးပညာ ရေးနှင့် လေ့ကျင့်ရေးကဏ္ဍအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရ မည့် မဟာဗျူဟာများနှင့် လုပ်ငန်းစဉ် များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ၊ Stake-holders များနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ နည်းပညာနှင့် သက်မွေး၊ ပညာရေးနှင့် လေ့ကျင့်ရေး ဆိုင်ရာ သင်ကြား၊ သင်ယူလေ့ကျင့် နိုင်သော အခွင့်အလမ်းများတိုးချဲ့ရေး၊ စီမံခန့်ခွဲသူများနှင့် ဆရာ ဆရာမများ အရည်အသွေးမြှင့်တင်ရေး၊ သင်ရိုး ညွှန်းတမ်းများ အဆင့်မြှင့်တင်ရေး၊ အရည်အသွေး အာမခံမှုဆိုင်ရာ မြှင့်တင်ရေး၊ စစ်ဆေးအကဲဖြတ်မှု စနစ်များ ပိုမိုအားကောင်းအောင် ဆောင်ရွက်ရေး၊ နည်းပညာနှင့် သက်မွေး၊ ပညာရေးနှင့် လေ့ကျင့်ရေး ဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ပိုမိုကောင်းမွန် စေရေး၊ ကျောင်းနှင့် စက်ရုံအလုပ်ရုံ ပူးပေါင်း ဆောင်ရွက်ရေးစသည့် လုပ်ငန်းအစီအစဉ်များကို ပူးပေါင်း အကောင်အထည်ဖော်သွားမည် ဖြစ်ပါ ကြောင်း။

အခွင့်အလမ်းများအဖြစ် တိုးမြှင့်

နိုင်ငံတော်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး ကျွမ်းကျင်သူများ၊ ပညာရှင်များ ပြုစု ပျိုးထောင်လေ့ကျင့်ပေးရန် အလွန် အရေးကြီးပြီး ကျွမ်းကျင်သူများ၊ ပညာရှင်များကို လေ့ကျင့်မွေးထုတ် ပေးလျက်ရှိသော GTI များ၏ အခန်း ကဏ္ဍသည် အလွန် အရေးကြီးပါ ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေ ဖြင့် GTI များ၏ ရေရှည်ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင် ရွက်နိုင်ရန်အတွက် ဦးတည်ချက် (၅) ရပ် ချမှတ်ခဲ့ပြီး ဦးတည်ချက်များ နှင့်အညီ လူငယ်တိုင်း သက်မွေး ပညာရပ်များကို သင်ယူနိုင်သည့် အခွင့်အလမ်းများ၊ အဆင်မြင့် ပညာ ရေးသို့ ချိတ်ဆက်နိုင်သည့် အခွင့် အလမ်းများနှင့် ဘဝတစ်သက်တာ သင်ယူနိုင်သည့် အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်နိုင်ရေး၊ ဒေသတွင်း စက်မှုလုပ်ငန်းများ၏ လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်မည့် ကျွမ်းကျင် သူများ၊ ပညာရှင်များ မွေးထုတ် လေ့ကျင့်ပေးနိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေနိုင်ရေးအတွက် စက်မှုလုပ်ငန်းများနှင့် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ရေး၊ စက်မှု လုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ ဝန်ဆောင် မှု လုပ်ငန်းများမှာ စုပေါင်းလုပ်ဆောင် နေသူများ၏ Reskilling, Upskilling, Continuous Professional Develo-pment အခွင့်အလမ်းများကို တစ်သက် တာ ပေါင်းစပ်သင်ယူမှု အခွင့်အလမ်း များအဖြစ် တိုးမြှင့်ဆောင်ရွက်လျက် ရှိပါကြောင်း။

နှစ်ပေါင်း (၁၂၅) နှစ်ပြည့်မြောက် ခဲ့ပြီဖြစ်သော အင်းစိန် GTI ၏ အစဉ် အလာကောင်းများကို ဆက်လက် ထိန်းသိမ်း၍ ပြည်ထောင်စု၏ ဂုဏ်ဆောင်သော အင်းစိန် GTI အဖြစ် ဆက်လက် အောင်မြင်ရေးအတွက် သက်မွေးကဏ္ဍနှင့်ပတ်သက်ပြီး ပိုမို မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ ကျောင်း နှင့် စက်ရုံ၊ အလုပ်ရုံ၊ စီးပွားရေး လုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက် နိုင်ရေး၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ နိုင်ငံတကာဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့ အစည်းများနှင့် ပိုမိုပူးပေါင်းဆောင် ရွက်နိုင်ရေးတို့ကို အားလုံးစုပေါင်း အင်အားနှင့် ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်ပေးကြပါဟု မေတ္တာရပ်ခံပါ ကြောင်း ပြောကြားသည်။

အရေးကြီးသော ပညာရေးစနစ်

ဆက်လက်၍ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဝမ်းမြောက်စကားပြောကြားရာတွင် ပညာရေးစနစ်တွင် အစိုးရ၏ အသက်မွေး ဝမ်းကျောင်း ပညာရေးစနစ်သည် များစွာအရေးကြီးပါကြောင်း၊ ယင်းတို့ ထဲတွင် GTI ပညာရေးသည် အရေးကြီး သော ပညာရေးစနစ်တစ်ခု ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအဖွဲ့ စတင်တာဝန်ယူသည့် အချိန်ကာလ တွင် အသက်မွေးဝမ်းကျောင်းပညာ ရပ်များကို ဖွင့်လှစ်သင်ကြားနိုင်ရန် အတွက် ကြိုးစားခဲ့ပါကြောင်း၊ စက်မှု လက်မှုသိပ္ပံများ၊ အသက်မွေး ဝမ်းကျောင်း ပညာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း။

ထိုသို့ ကြိုးပမ်းဆောင်ရွက်ရာ တွင် အသက်မွေးဝမ်းကျောင်း ပညာ သင်ကျောင်း တော်တော်များများကို ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ထို့အတူ အင်းစိန် GTI ကျောင်းကို ပြန်လည် ဖွင့်လှစ်နိုင်ရန်အတွက် ကြိုးစားခဲ့ပါ ကြောင်း၊ အင်းစိန် GTI ကျောင်းသည် မြန်မာနိုင်ငံ GTI ပညာရေးစနစ်၏ အဓိကမှတ်တိုင် တစ်ရပ်ဖြစ်ပါ ကြောင်း၊ အင်းစိန် GTI ကျောင်းထွက် ကျောင်းသား တော်တော်များများ သည် မြန်မာနိုင်ငံ၏ အင်ဂျင်နီယာ ဆိုင်ရာ နယ်ပယ်အသီးသီးတွင် အဓိကနေရာမှ ပါဝင်ဆောင်ရွက် နေကြပါကြောင်း။

ဆက်လက်ရှင်သန်ရပ်တည်

ထို့ကြောင့် GTI ပညာရေးသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေး ကြီးသော ကဏ္ဍတစ်ခုတွင် ရှိနေပြီး နိုင်ငံ၏ လိုအပ်သော အသက်မွေး ဝမ်းကျောင်းပညာရပ်များကို သင်ကြား ပေးရန် မိမိအနေဖြင့် တိုက်တွန်း ပြောကြားလိုပါကြောင်း၊ ယခုကျရောက် သည့် GTI ပညာရေး၏ (၁၂၅) နှစ်ပြည့်မှသည် နိုင်ငံ၏ အသက်မွေး ဝမ်းကျောင်း ပညာရပ်တွင် GTI ကဲ့သို့ ကျောင်းများ များစွာပေါ်ထွန်းလာပြီး ပြည်သူလူထု၏ အလုပ်အကိုင် အခွင့် အလမ်း၊ ပညာရေးနှင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူ ပြုနိုင်သည့် နယ်ပယ်များတွင် ဆက် လက် ရှင်သန်ရပ်တည်နိုင်ရန် ဆန္ဒပြု ပါကြောင်း ပြောကြားသည်။

ယင်းနောက် GTI ပညာရေး (၁၂၅)နှစ် ခရီးဆိုင်ရာ ပြောင်းလဲ တိုးတက်မှု မှတ်တမ်းဗီဒီယိုကို ပြသ သည်။

ဆက်လက်၍ GTI ပညာရေး (၁၂၅) နှစ်ပြည့် အထိမ်းအမှတ် ကာတွန်း၊ ကဗျာ၊ ဝတ္ထုတိုနှင့် ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိကြသူ များကို Virtual Studio မှတစ်ဆင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် မြန်မာနိုင်ငံ GTI ကျောင်းသားဟောင်းများ အသင်း ဥက္ကဋ္ဌ ဦးငြိမ်းအောင်က ကျေးဇူးတင် ဝမ်းမြောက်စကားပြောကြားပြီး အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။

မြန်မာနိုင်ငံ၏ GTI ပညာရေး စတင်ခဲ့သော အင်းစိန် GTI သည် ၁၈၉၅ ခုနှစ် ဧပြီ ၁ ရက်တွင် ရန်ကုန် မြို့ လသာမြို့နယ် မြို့မကျောင်းလမ်း အမှတ် (၂၉၇) ၌ Government Engi-neering School အဖြစ် စတင်မွေးဖွား ခဲ့ပြီး မြန်မာနိုင်ငံ၏ စက်မှုလက်မှုသိပ္ပံ ကျောင်း ၁၂ ကျောင်းအနက် အစောဆုံး ပေါ်ပေါက်လာခဲ့သည့် စက်မှုလက်မှု သိပ္ပံများ၏ ကနဦးအစဖြစ်၍ ၂၀၂၀ ပြည့်နှစ် ဧပြီ ၁ ရက်က (၁၂၅) နှစ်ပြည့် မြောက်ခဲ့ပြီဖြစ်သည်။

ပိုမိုပူးပေါင်းကူညီ

ယနေ့ကျင်းပသည့် GTI ပညာ ရေး (၁၂၅) နှစ်ပြည့် အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်အစိုးရ ၏ နည်းပညာနှင့် သက်မွေးပညာရေး နှင့် လေ့ကျင့်ရေးကဏ္ဍတွင် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက် နေမှုများကို အများပြည်သူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ဆက်စပ် ဆောင်ရွက်နေသူများက ပိုမိုပူးပေါင်း ကူညီ ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရ သည်။

သတင်းစဉ်