
နေပြည်တော် နိုဝင်ဘာ ၉
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော် နှင့် ဆန်ကြာဆံများ ဆက်ကပ် လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင် တောရကျောင်း တိုက်နှင့် မဟာမြိုင်တောရ ကျောင်းတိုက်၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ ခေမာသီဝံ ပရိယတ္တိစာသင်တိုက်၊ ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့နယ်ရှိ ဦးဝင်း ကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ဓမ္မစေတီ (မွန်)ကျောင်းတိုက်၊ ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ ပိုင်း)မြို့နယ်ရှိ ဒဂုံပရိယတ္တိစာသင် တိုက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အောင်ဓမ္မရိပ်သာ ကျောင်းတိုက်၊ ဒေါပုံမြို့နယ်ရှိ ပြဿဒ်ပရိယတ္တိစာသင်တိုက်နှင့် ရန်ကင်းမြို့နယ်ရှိ အောင်သုခ ဗိမာန်ကျောင်းတိုက်တို့သို့ ဆွမ်း ဆန်တော်များကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေး သာစံမြို့နယ်ရှိ မဟာဝိဇိတာရုံ ကျောင်းတိုက်၊ ပြည်ကြီးတံခွန် မြို့နယ်ရှိ မဟာကိုးဆူကျောင်း တိုက်နှင့် အမရပူရမြို့နယ်ရှိ ပိဋကတ်မစိုးရိမ်ဓမ္မကောလိပ်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ မြစေတီ ပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး တောင် ဥက္ကလာပမြို့နယ်ရှိ ငွေကြာရံ ပရိယတ္တိစာသင်တိုက်နှင့် ရှမ်း ပြည်နယ် တောင်ကြီးမြို့နယ်ရှိ ဘုရားကြီး အနောက်ကျောင်း တိုက်တို့သို့ ဆန်ကြာဆံများကို လည်းကောင်း ဆရာတော်၊ သံဃာ တော်များအတွက် တာဝန်ရှိသူ များက သွားရောက်ဆက်ကပ် လှူဒါန်းကြကြောင်း သိရသည်။
သတင်းစဉ်