နယ်စပ်ရေးရာဝန်ကြီးဌာနရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းများ၌ သင်တန်းဖွင့်ပွဲများကျင်းပ

 

နေပြည်တော်   နိုဝင်ဘာ  ၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန    ကွပ်ကဲမှုအောက်ရှိ   နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ    စက်မှုလက်မှုပညာ သင်တန်းကျောင်း (ဘားအံ၊ လပွတ္တာနှင့် ကျောက်ဖြူ) ၌  ဆောက်လုပ်ရေးသင်တန်း၊  လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်း၊ လက်ကိုင်ဖုန်းပြင်သင်တန်းများနှင့် အောင်ပန်း၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းဖွင့်ပွဲများကို ယနေ့နံနက်ပိုင်းတွင်   အဆိုပါသင်တန်းကျောင်း များ၌   ကျင်းပရာ    ဘားအံမြို့   သင်တန်းကျောင်း တွင်  ကရင်ပြည်နယ်ဝန်ကြီးချုပ်   ဦးစောမြင့်ဦး(ယာပုံ)၊ အောင်ပန်းမြို့ သင်တန်းကျောင်းတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ်    ဒေါက်တာကျော်ထွန်း၊  လပွတ္တာမြို့ သင်တန်းကျောင်းတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော် မျိုးညွန့်၊   ကျောက်ဖြူမြို့   သင်တန်းကျောင်းတွင် နယ်စပ်ဒေသနှင့်   တိုင်းရင်းသားလူမျိုးများ  ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန    ခရိုင်ဦးစီးမှူး   ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးစံတို့ တက်ရောက်၍ သင်တန်း ဖွင့် အမှာစကားများ ပြောကြားသည်။
အဆိုပါ   ဘားအံ၊  လပွတ္တာနှင့်  ကျောက်ဖြူ သင်တန်းကျောင်း သုံးကျောင်း၌ ဆောက်လုပ်ရေး သင်တန်း၊    လျှပ်စစ်သင်တန်း၊   ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်းနှင့်  လက်ကိုင်ဖုန်း ပြင်သင်တန်းတို့တွင်   သင်တန်းသား  သင်တန်းသူ စုစုပေါင်း ၁၆၀ ဖြင့်    သင်တန်းကာလ   ရက်သတ္တ ၂၂ ပတ်နှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်း တွင် အိပ်ခန်းဆောင် သင်တန်းသား ၂၀၊ အစားအစာ နှင့် အဖျော်ယမကာဝန်ဆောင်မှု သင်တန်းသား ၂၀ စုစုပေါင်း ၄၀ တို့ဖြင့် စာတွေ့ ရက်သတ္တ ၁၄ ပတ်နှင့် ဟိုတယ်များတွင် လုပ်ငန်းခွင်သင်တန်း (On Job Training-OJT) ကာလ သုံးလကြာ သင်ကြားဖွင့်လှစ် ပို့ချသွားမည်ဖြစ်ပြီး    နေထိုင်စားသောက်ရေးနှင့် သင်တန်းသုံးပစ္စည်းများ အခမဲ့ ထောက်ပံ့ပေးသွား မည် ဖြစ်သည်။
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းများတွင် သင်တန်း သား သင်တန်းသူ စုစုပေါင်း ၆၀၇၇ ဦးနှင့် ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာသင်တန်းများတွင် သင်တန်းသား သင်တန်းသူ စုစုပေါင်း ၇၅၀ အား သင်ကြားလေ့ကျင့် မွေးထုတ်ပေးပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်