
နေပြည်တော် နိုဝင်ဘာ ၈
ပြည်ပနိုင်ငံများသို့ စေလွှတ်မည့် စီးပွားရေးသံမှူးများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည်။ (ဝဲပုံ)
တာဝန်ထမ်းဆောင်
တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးက ပြည်ပ နိုင်ငံများသို့ စေလွှတ်မည့် စီးပွား ရေးသံမှူးများကို စနစ်တကျ ရွေးချယ် လေ့ကျင့်ထားခြင်းဖြစ် သည်နှင့်အညီ တစ်ဦးချင်း စည်းကမ်းရှိ၍ ဂုဏ်သိက္ခာ ထိန်းသိမ်းပြီး တာဝန်ထမ်းဆောင် ကြရန်၊ မိမိတို့ သွားရောက်တာဝန် ထမ်းဆောင်မည့်နိုင်ငံနှင့် မြန်မာ နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေ ရေး သန္နိဋ္ဌာန်ချမှတ်၍ ကြိုးစား ဆောင်ရွက်သွားကြရန်နှင့် စီးပွား ရေးလုပ်ငန်း အသင်းအဖွဲ့များနှင့် ချိတ်ဆက်ပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကဏ္ဍ နယ်ပယ်အလိုက် နိုင်ငံအတွက် အကျိုးရှိ၍ လက်တွေ့အသုံးချ နိုင်မည့် အစီရင်ခံစာများ၊ သတင်း အချက်အလက်များ ပြုစုပေးပို့ ကြစေလိုကြောင်း မှာကြား သည်။
တက်ရောက်
အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ပြည်ပနိုင်ငံ များသို့ စေလွှတ်မည့် စီးပွားရေး သံမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်