မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးမြှင့်ရေးဆွေးနွေး

 

နေပြည်တော်   နိုဝင်ဘာ   ၈


နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ ဗီနေးကူးမားအား ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော် ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 


အမြင်ချင်းဖလှယ် ဆွေးနွေး


ထိုသို့တွေ့ဆုံစဉ်  မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် အကျိုးတူပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ  ကိစ္စရပ်များကို  ပိုမိုတိုးမြှင့်ရေးအပါအဝင်  ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင်  ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု  တိုးမြှင့်နိုင်ရေး ကိစ္စရပ်များအပေါ်  ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။    

                        
 သတင်းစဉ်