
ရန်ကုန် နိုဝင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီးအတွင်း သမဝါယမအရောင်းဆိုင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်၍ စဉ်ဆက်မပြတ်လုပ်ငန်းများ လည်ပတ်နိုင်စေရန်နှင့် စားသုံးသူအသင်းသားပြည်သူများသို့ အခြေခံစားကုန်များ ဈေးနှုန်း သက်သာစွာ ဖြန့်ဖြူးရောင်းချနိုင်စေရန် ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၏ ပေါင်းစပ်ညှိနှိုင်းချက်အရ မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများအသင်းမှ ပေါ်ဆန်း ၂၄ ပြည်ပါ ဆန်အိတ် ၅၆၆ အိတ် (တန်ဖိုးငွေကျပ် ၃၆၉ ဒသမ ၀၁ သိန်း) နှင့် ပခုက္ကူဒေသထွက် မြေပဲဆီသန့်ပိဿာချိန် ၄၄၆ ပိဿာ (တန်ဖိုးငွေကျပ် ၅၇ ဒသမ ၉၈ သိန်း)၊ စုစုပေါင်းငွေကျပ် ၄၂၆ ဒသမ ၉၉ သိန်းအား ရန်ကုန်တိုင်းဒေသ ကြီးအတွင်း မြို့နယ်များရှိ သမဝါယမအသင်းသားများနှင့် အများပြည်သူ များသို့ No Profit, No Loss နှင့်အညီ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူး ရောင်းချပေးကြောင်း သိရသည်။ သတင်းစဉ်