ကော့သောင်းမြို့၌ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယဘုရား ဒေသစာရီလှည့်လည်ပူဇော်ပွဲ ကျင်းပ

 

ကော့သောင်း   နိုဝင်ဘာ   ၈


ကော့သောင်းမြို့၏   နှစ်စဉ် ကျင်းပမြဲဖြစ်သည့် တန်ဆောင် မုန်း လပြည့်ညတွင် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယ         ဘုရားဒေသစာရီ လှည့်လည်ပူဇော်ပွဲကို  နိုဝင်ဘာ ၇ ရက် တန်ဆောင်မုန်းလပြည့်နေ့  ညနေပိုင်းက       စုရပ်ဖြစ်သည့် (၇)   မိုင်၊   ရွှေပြည်စိုးကျေးရွာမှ စတင်ကာ ကော့သောင်းမြို့တွင်း သို့ ဒေသစာရီ လှည့်လည်ပူဇော်ပွဲ ကျင်းပသည်။

 


ကော့သောင်းမြို့၌   နှစ်ကျိပ် ရှစ်ဆူဘုရားပွဲတော်    လှည့်လည် ပူဇော်ပွဲသည် နှစ်ဆယ့်ရှစ်ဆူသော ဘုရားဆင်းတုတော်များ ကိန်းဝပ် စံပယ်တော်မူရာ စံကျောင်းတော် ဖြစ်သည့်         ကော့သောင်းမြို့  ပြည်တော်အေး သာသနာ့ဗိမာန် တော်မှ  တန်ဆောင်မုန်းလဆန်း ပိုင်းမှစတင်ကာ မြို့ပေါ်ရပ်ကွက် နှင့်   ကျေးရွာများ၊   အသင်းအဖွဲ့ များ   ပွင့်စဉ်အလိုက်  မဲစနစ်ဖြင့်   ပင့်ဆောင်၍    မိမိတို့ရပ်ကွက်/ကျေးရွာများတွင် သီတင်းနှစ်ပတ် မျှ ယာယီကိန်းဝပ်စံပယ် အပူဇော်ခံကာ    ဗုဒ္ဓပူဇနိယ   ပွဲတော်ကို ဆင်ယင်ကျင်းပကြပြီး  တန်ဆောင် မုန်းလပြည့်နေ့ညတွင်    ပွင့်စဉ် အလိုက် စီတန်းကာ မင်္ဂလာစည် တော်အကဖွဲ့များ၊      ဥပါသကာ အဖွဲ့များဖြင့်   မြို့တွင်းသို့   ဒေသ စာရီလှည့်လည် အပူဇော်ခံကြရာ ရပ်ကွက်အလိုက် ပြည်သူများက ဖူးမြော်ကြည်ညိုကြပြီး အလှူငွေ များ   လှူဒါန်းခြင်း၊   စတုဒိသာ အကျွေးအမွေးများဖြင့် တည်ခင်း ကျွေးမွေး    လှူဒါန်းခြင်းများဖြင့်   စည်ကားခဲ့ကြောင်း သိရသည်။


 ကျော်စိုး (ကော့သောင်း)