
ရန်ကုန် နိုဝင်ဘာ ၇
ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် မြတ်ကြီး၏ ပရိဝုဏ်အတွင်းရှိ သီတင်းသုံးတော်မူ သည့် ဘုရားဆင်းတုတော်များကို မသိုးရွှေကြာ သင်္ကန်းဆက်ကပ်ပူဇော်ခြင်း၊ (၃၈) ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်းရက်ခတ်ပြိုင်ပွဲကို ယနေ့နံနက် ပိုင်းက စေတီတော်ရင်ပြင်နှင့် နန်းဦးဘုရားကြီး တန်ဆောင်းတို့တွင် ကျင်းပသည်။
ယနေ့နံနက် ၄ နာရီက ပြိုင်ပွဲတွင် ရက်လုပ်ပြီးစီး သည့် မသိုးရွှေကြာသင်္ကန်းများကို ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ စေတီတော်ဂေါပကအဖွဲ့များနှင့် အလှူရှင်များက အဖွဲ့လိုက်စေတီတော်ရင်ပြင်ပေါ်တွင်လှည့်လည်အပူဇော်ခံပြီး ဆံတော်မြတ်ရတနာ နှင့် ဘုရားဆင်းတုတော်များတွင် ဆက်ကပ်ပူဇော်ကြ သည်။
ထို့နောက် နန်းဦးဘုရားကြီးတန်ဆောင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက သင်္ကန်းအလှူရှင် များကို ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း (၃၈) ကြိမ်မြောက် မသိုးရွှေကြာ သင်္ကန်းရက်ခတ်ပြိုင်ပွဲတွင် ဆုရရှိကြသော စင်တော် များမှပြိုင်ပွဲဝင်များအား ငွေသားဆုနှင့် ဆုတံဆိပ် များကိုလည်းကောင်း ချီးမြှင့်ပေးအပ်ကြသည်။
ထို့နောက် မသိုးရွှေကြာသင်္ကန်း ကပ်လှူပူဇော်မှု ရေစက်ချမင်္ဂလာအခမ်းအနားကို နန်းဦးဘုရားကြီး တန်ဆောင်း၌ ဆက်လက်ကျင်းပရာ နိုင်ငံတော် ဩဝါဒါစရိယ ဓမ္မရောင်ခြည်ဆရာတော် ဘဒ္ဒန္တအဂ္ဂ ဓမ္မထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ် များက ကိုးပါးသီလခံယူဆောက်တည်၍ ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး စွန်းလွန်းဂူဝိပဿနာ ကျောင်းဆရာ တော် ဘဒ္ဒန္တသုန္ဒရ အရှင်သူမြတ်ထံမှ အနုမောဒနာ တရားနာကြားပြီး လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်း ဒေသကြီးဝန်ကြီး များသည် ဆူးလေစေတီတော်ကြီး ၏မုခ်လေးမုခ်ရှိ ဘုရားရှင်ကိုယ်တော်မြတ်ကြီးများနှင့် အတုလမာရ်အောင် ဘုရားရှင်ကိုယ်တော်မြတ်ကြီး များအား ရွှေကြာသင်္ကန်းတော်များ ကပ်လှူပူဇော်ခဲ့ ကြကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)