
ရန်ကုန် နိုဝင်ဘာ ၅
ရန်ကုန်မြို့ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် တန်ဆောင်တိုင်ဈေးရောင်းပွဲတော်ကို ယနေ့ညနေက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရန်ကုန်တန်ဆောင်တိုင် မီးထွန်းပွဲတော်သို့ လာရောက်သူ ပြည်သူများ မျက်စိပသာဒလှပ ခံစားရစေသည့် အလှဆင်မီး များစွာဖြင့် အမှတ်တရဓာတ်ပုံ ရိုက်ကူးကြသူများဖြင့် စည်ကား များပြားလျက်ရှိသည်။
ယင်းဈေးရောင်းပွဲကို တိုင်း ဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန (MSME)၊ တိုင်းဒေသကြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်း ဒေသကြီး သမဝါယမဦးစီးဌာနတို့ ပူးပေါင်း၍ စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ စာအုပ်ဆိုင် များ၊ အစားအစာတန်းများ စသည့် ဆိုင်ခန်းပေါင်း ၁၉၀ ခန့် ဖွင့်လှစ် ထားပြီး နိုဝင်ဘာ ၇ ရက်အထိ ဈေးရောင်းပွဲတော်ကို နံနက် ၈ နာရီမှ ည ၁၀ နာရီအထိ ရောင်းချ ပေးမည်ဖြစ်ကာ ဖျော်ဖြေရေး အစီအစဉ်များကို ညနေ ၆ နာရီမှ ည ၁၀ နာရီအထိ ပြည်သူများ လာရောက် အပန်းဖြေကြည့်ရှုနိုင် သည်။
ထို့ပြင် ရန်ကုန်မြို့တွင် မဟာဗန္ဓုလပန်းခြံနှင့် အချက် အချာကျသည့် နေရာများတွင် ရောင်စုံမီးအလှများကို ပုံစံမျိုးစုံ ဖြင့် မီးရောင်စုံများ ထွန်းညှိထား ပြီး တန်ဆောင်မုန်းလပြည့်နေ့ ညတွင် မီးရှူးမီးပန်းများကို ပြည်သူ့ရင်ပြင်၌ ပစ်ဖောက်သွား မည်ဖြစ်ကြောင်း သိရသည်။
အာကာလင်း