(၅) ကြိမ်မြောက် အက်ခ်မက် (ACMECS) ခရီးသွားလုပ်ငန်းဝန်ကြီးများအဆင့်အစည်းအဝေး၊ (၆) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ (CLMV) ခရီးသွားလုပ်ငန်းဝန်ကြီးများအဆင့်နှင့် ဆက်စပ်အစည်းအဝေးများကျင်းပ

 

နေပြည်တော်   နိုဝင်ဘာ    ၅ 


ဧရာဝတီ၊ ကျောက်ဖရား၊ မဲခေါင်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု   မဟာဗျူဟာအရ   ကမ္ဘောဒီးယား၊ လာအို၊  မြန်မာ၊ ထိုင်းနိုင်ငံနှင့်  ဗီယက်နမ်နိုင်ငံတို့ ပါဝင်သည့် (၅) ကြိမ်မြောက် အက်ခ်မက် (ACMECS) ခရီးသွားလုပ်ငန်း     ဝန်ကြီးအဆင့်အစည်းအဝေး၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့်ဗီယက်နမ်တို့ ပါဝင် သည့်  (၆)ကြိမ်မြောက်   စီအယ်လ်အမ်ဗွီ (CLMV) ခရီးသွားလုပ်ငန်း  ဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို    နိုဝင်ဘာ  ၂  ရက်မှ ၃ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့ ဘိုရေး အန်ကောဟိုတယ်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ဦးဆောင်သောမြန်မာကိုယ်စား လှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။

 


ပြည်ထောင်စုဝန်ကြီးသည်   နိုဝင်ဘာ ၂ ရက် ညနေပိုင်းတွင် ဆီရမ်ရိမြို့သို့  ရောက်ရှိပြီး  ကမ္ဘော ဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်ခရီးသွားလုပ်ငန်းဝန်ကြီးများနှင့်အတူ ကြိုဆိုဧည့်ခံခြင်းအခမ်းအနား သို့ တက်ရောက်ပြီး Pub Street နှင့် Night Market  ပြင်ဆင်ဖွင့်လှစ်မှုများနှင့်     ခရီးသွားဧည့်သည်များ လာရောက်နေမှုကို လေ့လာကြည့်ရှုကြသည်။

 


ခရီးသွားလုပ်ငန်း ဝန်ကြီးအဆင့်အစည်းအဝေး


နိုဝင်ဘာ  ၃ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန ဝန်ကြီး Dr. Thong Khon၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ခရီးသွားလုပ်ငန်း ဝန်ကြီးများနှင့်အတူ (၅) ကြိမ်မြောက် အက်ခ်မက် (ACMECS)     ခရီးသွားလုပ်ငန်း    ဝန်ကြီးအဆင့်  အစည်းအဝေးသို့ ပါဝင်တက်ရောက်သည်။  

 


အဆိုပါ နံနက်ပိုင်းအစည်းအဝေးများ မစတင်မီ ကမ္ဘောဒီးယားနိုင်ငံ  ဝန်ကြီးချုပ်  Samdech Akka Moha Sena Padei Techo HUN SEN  က  ဗီဒီယို မက်ဆေ့ဖြင့် ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား သည်။

 


ထို့နောက်    (၅) ကြိမ်မြောက်    အက်ခ်မက် (ACMECS)   ခရီးသွားလုပ်ငန်းဝန်ကြီးများ   အစည်း အဝေးကို   ဆက်လက်ကျင်းပရာ   (၉)ကြိမ်မြောက် အက်ခ်မက်ထိပ်သီးအစည်းအဝေး လမ်းညွှန်ချက် များအရ ခရီးသွားလုပ်ငန်းကဏ္ဍအတွက် ဆက်လက် ဆောင်ရွက်သွားမည့်    လုပ်ငန်းစဉ်များ၊  ဒေသတွင်း ခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်နေမှုနှင့် ခရီးသွား ဧည့်သည်ရောက်ရှိမှုများ၊ အဖွဲ့ဝင်နိုင်ငံအချင်းချင်းခရီးသွားဧည့်သည်များ     အပြန်အလှန်သွားလာ လည်ပတ်မှုများ၊ အက်ခ်မက်ခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းစီမံချက် (၂၀၂၃-၂၀၂၅) အရ အဖွဲ့ဝင်နိုင်ငံများ၏ ခရီးသွားလုပ်ငန်း စျေးကွက် မြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ဆွဲဆောင်မှု များ တိုးမြှင့်ရေး၊  လူ့စွမ်းအားအရင်းအမြစ်  ဖွံ့ဖြိုး တိုးတက်ရေး၊ သတင်းအချက်အလက်အပြန်အလှန် ဖလှယ်ရေး၊  ခရီးသွားလုပ်ငန်းဆိုင်ရာ ကွန်ရက်နှင့် ပုဂ္ဂလိကကဏ္ဍ   မြှင့်တင်ရေးတို့အတွက်  ဒေသတွင်း ပူးပေါင်းဆောင်ရွက်မည့်      အခြေအနေများနှင့် အက်ခ်မက်ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ဆီရမ်ရိကြေညာစာတမ်း   အပါအဝင်  အက်ခ်မက် အရာရှိကြီးများ အစည်းအဝေး၏ လုပ်ငန်းတိုးတက်မှု အစီရင်ခံစာတို့ကို ဆွေးနွေးအတည်ပြုကြသည်။ 

 


သတင်းစာရှင်းလင်းပွဲ တက်ရောက်


ဆက်လက်၍        ပြည်ထောင်စုဝန်ကြီးသည် (၅) ကြိမ်မြောက် အက်ခ်မက်ခရီးသွားလုပ်ငန်းဝန်ကြီး များ  သတင်းစာရှင်းလင်းပွဲသို့   ပါဝင်တက်ရောက် သည်။ 

 


မွန်းလွဲပိုင်းတွင်     ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘောဒီးယား၊  လာအိုနှင့်  ဗီယက်နမ်မှ  ခရီးသွား လုပ်ငန်းဝန်ကြီးများ၊   ဒုတိယဝန်ကြီးများနှင့်အတူ (၆)ကြိမ်မြောက် စီအယ်လ်အမ်ဗွီ (CLMV) ခရီးသွား လုပ်ငန်းဝန်ကြီးအဆင့် အစည်းအဝေးနှင့် စီအယ်လ် အမ်ဗွီခရီးသွားလုပ်ငန်း    ဝန်ကြီးများ   သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်သည်။

 


ဆွေးနွေးအတည်ပြု


 အဆိုပါ အစည်းအဝေးတွင် (၁၀) ကြိမ်မြောက် စီအယ်လ်အမ်ဗွီထိပ်သီးအစည်းအဝေး လမ်းညွှန်ချက် များအရ ခရီးသွားလုပ်ငန်းကဏ္ဍအတွက် ဆက်လက် ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ၊   စီအယ်လ် အမ်ဗွီ   ခရီးသွားလုပ်ငန်း   ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၂)အရ အဖွဲ့ဝင်နိုင်ငံများ ၏   ခရီးသွားလုပ်ငန်းဆိုင်ရာ   ဒေသတွင်း   ပူးပေါင်း ဆောင်ရွက်မှုများနှင့်     စီအယ်လ်အမ်ဗွီ   ခရီးသွား လုပ်ငန်း  ပူးပေါင်းဆောင်ရွက်မှု   လုပ်ငန်းစီမံချက် (၂၀၂၃- ၂၀၂၅) အရ   ဒေသတွင်း   ခရီးသွားလာမှု လွယ်ကူအဆင်ပြေစေရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံများနှင့် ပုဂ္ဂလိကကဏ္ဍ ပါဝင်စေရေးနှင့်     နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး   ရှေ့လုပ်ငန်းစဉ်များအပါ အဝင် စီအယ်လ်အမ်ဗွီ အရာရှိကြီးများအစည်းအဝေး ၏ လုပ်ငန်းတိုးတက်မှုအစီရင်ခံစာတို့ကို ဆွေးနွေး အတည်ပြုကြသည်။

 


အဆိုပါ ဝန်ကြီးအဆင့်အစည်းအဝေးများတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ပြည်တွင်း ပြည်ပခရီးသွားလုပ်ငန်းများ   ပြန်လည်ဖွင့်လှစ်မှု၊ ဗီဇာခွင့်ပြုပေးမှုနှင့် ခရီးသွားဧည့်သည်ဝင်ရောက်မှု များ၊    အသေးစား၊   အငယ်စားနှင့်   အလတ်စား စီးပွားရေးလုပ်ငန်းများ     ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်နေမှုများ၊ ခရီးသွားလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSMEs လုပ်ငန်း များ၏အရေးပါမှု၊ ဒေသတွင်းခရီးသွားလုပ်ငန်းများ မြှင့်တင်ရေးအဖွဲ့ဝင်    နိုင်ငံများအကြား   ပူးပေါင်း​ ဆောင်ရွက်မှု   တိုးမြှင့်ဆောင်ရွက်နိုင်ရေး အကြံပြု ချက်များနှင့် အက်ခ်မက်နှင့် စီအယ်လ်အမ်ဗွီ ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းစီမံချက်များအရ မြန်မာနိုင်ငံမှ ဆောင်ရွက်ထားရှိမှုများနှင့် ကိုဗစ်-၁၉ အလွန်ကာလ ဒေသတွင်း ခရီးသွားလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေး အစိုးရ၊ ပုဂ္ဂလိကအပါအဝင် ဖွံ့ဖြိုး မှု မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် မှုများကို ဆွေးနွေးပြောကြားသည်။

 


ညနေပိုင်းတွင်      ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်နိုင်ငံများမှ ခရီးသွားလုပ်ငန်း ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့်    ပုဂ္ဂလိကခရီးသွား လုပ်ငန်းရှင်များအတွက် တည်ခင်းဧည့်ခံသည့် ညစာ စားပွဲအခမ်းအနားသို့ တက်ရောက်သည်။

 


ခရီးသွားလုပ်ငန်းဝန်ကြီးများ    အစည်းအဝေး မတိုင်မီ    နိုဝင်ဘာ ၂ ရက်တွင်   (၅) ကြိမ်မြောက် အက်ခ်မက်နှင့် (၆) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ခရီးသွားလုပ်ငန်း အဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေးများကို    ကျင်းပရာ   ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဦးနှင့်    မြန်မာကိုယ်စားလှယ်အဖွဲ့    ပါဝင် တက်ရောက်ခဲ့သည်။  
အဆိုပါနေ့    ညနေပိုင်းတွင်   အက်ခ်မက်နှင့် စီအယ်လ်အမ်ဗွီ အဖွဲ့ဝင်နိုင်ငံများရှိ ခရီးသွားလုပ်ငန်း အရာရှိများ၊   ကျွမ်းကျင်ပညာရှင်များ၊    ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကနှင့် ပညာရေး နယ်ပယ်မှ ပညာရှင်များပါဝင်သည့် “အက်ခ်မက်နှင့် စီအယ်လ်အမ်ဗွီ ခရီးသွားလုပ်ငန်းဆွေးနွေးပွဲ” ကို ကျင်းပရာ  ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ ချုပ်နှင့် ညီနောင်အသင်းအဖွဲ့များမှ ကိုယ်စားလှယ် များ  ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း  သိရ သည်။                                                

သတင်းစဉ်