တိုင်းရင်းသားလူမျိုးများ၏ စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားဆောင်ရွက်

 

နေပြည်တော်   နိုဝင်ဘာ  ၅


တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့် ကရင် ပြည်နယ်အတွင်းရှိ တိုင်းရင်းသား စာပေနှင့်  ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲ   အခမ်းအနား ကို ယနေ့မွန်းလွဲပိုင်းတွင်  ဘားအံ မြို့ရှိ    တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန     ညွှန်ကြား ရေးမှူးရုံး  အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

 


တွေ့ဆုံစဉ်    ပြည်ထောင်စု ဝန်ကြီးက    တိုင်းရင်းသားဒေသ များရှိ    တိုင်းရင်းသားလူမျိုးများ  အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့်  မိမိတို့ တိုင်းရင်းသားလူမျိုး များ၏   စာပေနှင့်  ယဉ်ကျေးမှု ဆိုင်ရာ      ကိစ္စရပ်များ    ဖွံ့ဖြိုး တိုးတက်ရေးကို     အဓိကထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများ      စည်းလုံး ညီညွတ်မှ    နိုင်ငံငြိမ်းချမ်းမည်၊ နိုင်ငံငြိမ်းချမ်းမှ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မည်ဖြစ်ကြောင်း။

 


လူငယ်များ၏ ပညာရေးကို ဦးစားပေးကြရမည်ဖြစ်ကြောင်း၊ “ပန်းခင်းစီမံချက်” အိမ်ထောင်စု စာရင်းနှင့်    နိုင်ငံသားစိစစ်ရေး ကတ်ပြားများ    ဆောင်ရွက်ပေး ခြင်းလုပ်ငန်းသည်        ပါတီစုံ ဒီမိုကရေစီ         အထွေထွေ ရွေးကောက်ပွဲအတွက်      များစွာ အရေးကြီးသဖြင့် တိုင်းရင်းသား များအားလုံး ဝိုင်းဝန်းပါဝင်ဆောင် ရွက်ကြရမည်       ဖြစ်ကြောင်း၊ နိုင်ငံ၏     အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို   ဝိုင်းဝန်း တည်ဆောက်ကြရမည်     ဖြစ် ကြောင်း ပြောကြားသည်။

 


ယင်းနောက် ကရင်ပြည်နယ် တိုင်းရင်းသားရေးရာ     ဝန်ကြီး ဦးစန်းကိုက     ကရင်ပြည်နယ် အတွင်း     တိုင်းရင်းသားရေးရာ ကိစ္စရပ်များ   ဆောင်ရွက်ထားရှိ မှုများနှင့်   စပ်လျဉ်း၍  ရှင်းလင်း တင်ပြပြီး   တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကရင်၊ မွန်၊ ဗမာ၊  ပအိုဝ်းနှင့် ရှမ်းစာပေ နှင့်        ယဉ်ကျေးမှုအဖွဲ့များက အထွေထွေဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးတို့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ကြသည်။

 


ထို့နောက်      ပြည်ထောင်စု ဝန်ကြီးက တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များကို  ထောက်ပံ့ ငွေများပေးအပ်ပြီး     နိဂုံးချုပ် အမှာစကား       ပြောကြားကာ အခမ်းအနားကို  ရုပ်သိမ်းကြောင်း သိရသည်။


သတင်းစဉ်