နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဇွဲကပင်အားကစားကွင်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

 

နိုင်ငံတကာအဆင့်မီ ဇွဲကပင်အားကစားကွင်းသစ်ကြီး ဖွင့်လှစ်ပေးနိုင်သည့်အတွက် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်တော့မည်

 

ဘားအံ   နိုဝင်ဘာ   ၅


(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇွဲကပင်အားကစားကွင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ဘားအံမြို့  လှာကမြင်ကွက်သစ်ရှိ  အဆိုပါဘောလုံးကွင်း၌ ကျင်းပသည်။

 


အားကစားကွင်း ဖွင့်လှစ်ပေး


အခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့်     မန်းငြိမ်းမောင်နှင့် စောဒန်နီရယ်၊    ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့်    ဒုတိယ ဗိုလ်ချုပ်ကြီး  ထွန်းထွန်းနောင်၊ ဦးမြင့်ကြိုင်၊   ဒေါက်တာပွင့်ဆန်း၊ ဦးမင်းသိန်းဇံ၊        ဒေါက်တာ သက်သက်ခိုင်၊ ဦးစောထွန်းအောင် မြင့်နှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ်     ဦးစောမြင့်ဦးတို့က  ဇွဲကပင်  အား ကစားကွင်းကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး    နိုင်ငံတော်      စီမံအုပ်ချုပ်ရေး     ကောင်စီဝင်    မန်းငြိမ်းမောင်က   ဇွဲကပင် အားကစားကွင်း       အဝင်မုခ်ဦး ဆိုင်းဘုတ်ကို     စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။ 

 


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် စောဒန် နီရယ်က  ဇွဲကပင်အားကစားကွင်း ကမ္ပည်းမော်ကွန်းကို   စက်ခလုတ် နှိပ် ဖွင့်လှစ်ပေးပြီး ကောင်စီဝင် မန်းငြိမ်းမောင်၊    ပြည်ထောင်စု ဝန်ကြီးများနှင့်အတူ အမွှေးနံ့သာ ရည် ပက်ဖျန်းပေးသည်။

 


ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်


ယင်းနောက်  ကရင်ပြည်နယ် ဝန်ကြီးချုပ်က        နိုင်ငံတကာ အဆင့်မီ ဇွဲကပင်အားကစားကွင်း သစ်ကြီး    ဖွင့်လှစ်ပေးနိုင်သည့် အတွက်  နိုင်ငံတော်မှ အားထား ရမည့်  မျိုးဆက်သစ်  အားကစား သမားများ မွေးထုတ်ပေးနိုင်တော့မည်ဖြစ်ကြောင်း၊ အားကစားကွင်း ရေရှည်တည်တံ့ပြီး       အားကစား ပိုမိုဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုနိုင်ရန် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးကြစေလိုကြောင်း ပြောကြားသည်။

 


အခမ်းအနားတွင် ကရင်ရိုးရာ ယဉ်ကျေးမှုဒုံးအဖွဲ့၊ မွန်ယဉ်ကျေး မှုအဖွဲ့၊   ပအိုဝ်းယဉ်ကျေးမှုအဖွဲ့ တို့က သီဆိုကပြဖျော်ဖြေကြပြီး အခြေခံပညာ     ကျောင်းများမှ ကျောင်းသူများက   Physical Fitness   Dance  ဖြင့်  သရုပ်ပြ ဖျော်ဖြေတင်ဆက်ကြရာ   နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီဝင် များနှင့် ပြည်ထောင်စုဝန်ကြီးများ က       ဖျော်ဖြေရေးအဖွဲ့များကို ဂုဏ်ပြုဆုငွေများ  ပေးအပ်ချီးမြှင့် ကြသည်။

 


လက်ဆောင်များ ပေးအပ်


ထို့နောက်    ကရင်ပြည်နယ် ဝန်ကြီးချုပ်က    နိုင်ငံတော်စီမံ အုပ်ချုပ်ရေး     ကောင်စီဝင်များ နှင့် ပြည်ထောင်စုဝန်ကြီးများအား ဇွဲကပင်အားကစားကွင်း    ဖွင့်ပွဲ အထိမ်းအမှတ်         အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။

 


အဆိုပါ   ဇွဲကပင်အားကစား ကွင်းကို ၂၀၂၂ -၂၀၂၃ ခု ဘဏ္ဍာ ရေးနှစ် ခြောက်လဘတ်ဂျက်တွင် ၇၇၆၆ ဒသမ ၂၂၄ ကျပ်သန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အရှေ့ ဘက်ပွဲကြည့်စင် ပေ (၄၄၀ x ၃၅)၊ အနောက်ဘက်      ပွဲကြည့်စင် ပေ  (၄၈၀ x ၆၀)၊  တောင်ဘက် ပွဲကြည့်စင်    ပေ(၂၈၀ x ၃၅)၊ မြောက်ဘက်ပွဲကြည့်စင်     ပေ (၂၈၀ x ၃၅)၊ Synthetic  မီတာ ၄၀၀   ပြေးလမ်း၊  ဘောလုံးကွင်း တစ်ကွင်း၊  LED  Score  Boad တစ်ခုနှင့်   အခြားဆက်စပ်သော တည်ဆောက်ရေးလုပ်ငန်းများပါရှိကြောင်း သိရသည်။ 

 


ဆက်လက်၍   အဆိုပါဇွဲကပင် အားကစားကွင်း၌ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုး သား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပရာ  ကရင်ပြည်နယ်     ဝန်ကြီးချုပ်က ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

 


ထို့နောက်   ပြည်နယ်ဝန်ကြီး ချုပ်၊     ပြည်နယ်ဝန်ကြီးများနှင့် အားကစား     ဝါသနာရှင်များက အမျိုးသမီးလက်ဆင့်ကမ်းပြေးပွဲနှင့် အမျိုးသားအပြေးပြိုင်ပွဲတို့ကို ကြည့်ရှုအားပေးကြပြီး  ပြည်နယ် ဝန်ကြီးချုပ်က  ပြိုင်ပွဲဝင်အသင်း များကို    ငွေကျပ်   နှစ်သိန်းစီ ထောက်ပံ့ပေးအပ်သည်။

 


နိုဝင်ဘာ ၇ ရက်အထိ ယှဉ်ပြိုင်မည်


ယနေ့ကျင်းပသည့် ပြည်နယ် ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုး သား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ သို့ ပြည်နယ်အတွင်းရှိ မြို့နယ်များ မှ  အသင်းခုနစ်သင်း  အားကစား သမား      ၁၆၈    ဦး    ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိပြီး       နိုဝင်ဘာ ၇    ရက်အထိ      ယှဉ်ပြိုင်ကစား သွားကြမည်ဖြစ်ကြောင်း   သိရ သည်။                    

သတင်းစဉ်