မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ပြင်ဦးလွင်မြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကွင်းဆင်းကြည့်ရှု

 

မန္တလေး   နိုဝင်ဘာ   ၅


မန္တလေးတိုင်းဒေသကြီး   ဝန်ကြီးချုပ်  ဦးမောင်ကိုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်  ဝန်ကြီးများဖြစ်သည့်  လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊  မန္တလေးမြို့တော်ဝန်  ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး  ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး  ဦးမျိုးအောင်နှင့်အတူ  ယနေ့နံနက်ပိုင်းက   ပြင်ဦးလွင်မြို့နယ်အတွင်း   နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေး   လုပ်ငန်းများကို     ကွင်းဆင်းစစ်ဆေးသည်။

 


ကြည့်ရှုစစ်ဆေး


ဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ကို ပြင်ဦးလွင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ  အမှု ဆောင်အရာရှိ     ဦးကျော်ခိုင်က ကန်တော်ကြီး ရေဝင်အမှတ်(၂)မှ ညောင်နီလမ်းဆုံအထိ စုစုပေါင်း ပေ ၁၁၂၀၀  လမ်းတိုးချဲ့နေမှုကို  အပိုင်းလိုက်ဆောင်ရွက်နေခြင်း၊ ရေဝင်အမှတ်(၂) မှ   ချမ်းဟိန်း ကော်ဖီခြံအထိ တစ်ဖက် လေးပေ စီ၊  ယင်းမှ ညောင်နီလမ်းဆုံအထိ တစ်ဖက် သုံးပေစီ ကွန်ကရစ်လမ်း ချဲ့ခြင်း၊  ကန်တော်ကြီးပတ်လမ်း ကတ္တရာ   ထပ်ပိုးလွှာခင်းခြင်း၊ ကန်တော်ကြီးပတ်လမ်း ကတ္တရာ ရေပိတ်လွှာလောင်းခြင်း၊ ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း၊   လမ်းမျဉ်း ရေးဆွဲခြင်း၊ လမ်းပေါ်၌ မလွတ် ကင်းသော    ဓာတ်တိုင်များအား ရွှေ့ပြောင်းခြင်း  စသည့်လုပ်ငန်း များနှင့်  ပတ်သက်၍   ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီးဝန်ကြီး ချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်၏    လမ်းညွှန်မှာကြားချက် များအပေါ် တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ အနီးကပ်ကြီးကြပ်ဆောင် ရွက်နေကြောင်း၊   လုပ်ငန်းများ အရည်အသွေးပြည့်မီရန် အလေး ထားဆောင်ရွက်ရေး၊   သတ်မှတ် ကာလအတွင်း ပြီးစီးရေး၊ ငွေကြေး သုံးစွဲမှုနှင့်ပစ္စည်းများ   အလေ အလွင့် မရှိရေးတို့ကို မှာကြားပြီး လုပ်ငန်းခွင်အား  ကြည့်ရှုစစ်ဆေးသည်။ 

 


လေ့ကျင့်ဆောင်ရွက်ပေး


ထို့နောက်   တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်      အဖွဲ့သည် ပွေးတောင်(နန္ဒဝန်)  အခြေခံပညာ အထက်တန်းကျောင်း  (ခွဲ)  သို့ ရောက်ရှိပြီး      တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ငွေကျပ် သိန်း    ၇၀       ခွင့်ပြုထားသော စာကြည့်တိုက်  ဖွံ့ဖြိုးရေးဆောင် ရွက်ထားရှိမှုကို          လှည့်လည် ကြည့်ရှုပြီး           တိုင်းဒေသကြီး ဝန်ကြီးချုပ်က      ကျောင်းသား ကျောင်းသူများ  အေးချမ်းပျော်ရွှင် စွာ ပညာသင်ကြားရေး၊ ကျောင်း များနှင့်  တက္ကသိုလ်များ၏   ဥပဓိ ရုပ်ကောင်းမွန်ရေး၊ သင်ထောက် ကူပစ္စည်းများ       ပြည့်စုံရေး၊ စာကြည့်တိုက်များ ဖြစ်ထွန်းရေး တို့ကို    ဖြည့်ဆည်းဆောင်ရွက်  ပေးနေကြောင်း၊   အားလပ်ချိန် များကို     စာဖတ်ခြင်းအလေ့ အကျင့်ကောင်းများ           စွဲမြဲလာ အောင်     လေ့ကျင့်ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း         မှာကြား သည်။

 


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်         RC နှစ်ထပ်စာသင်ဆောင်          အသစ် တည်ဆောက်နေမှုကို     ကြည့်ရှု စစ်ဆေးပြီး    လိုအပ်သည်များ မှာကြားကြောင်း သိရသည်။

သတင်းစဉ်