ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် ဒေသနှင့် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေနိုင်မည်

 

ကုန်ကြမ်းများ စဉ်ဆက်မပြတ်ရရှိနိုင်မှသာ ခိုင်မာသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်

 

နေပြည်တော်    နိုဝင်ဘာ     ၅


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး   မင်းအောင်လှိုင်သည်   ယနေ့ မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး     မြိတ်ခရိုင်အတွင်းရှိ  အသေးစား၊  အငယ် စားနှင့် အလတ်စား   စီးပွားရေး(MSME)  လုပ်ငန်းရှင်များအား   မြိတ်မြို့ရှိ   ပုလဲ ရတနာခန်းမ၌    တွေ့ဆုံ၍    စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားသည်။

 


အဆိုပါတွေ့ဆုံပွဲသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ    ကောင်စီတွဲဖက် အတွင်းရေးမှူး     ဒုတိယဗိုလ်ချုပ်ကြီး  ရဲဝင်းဦး၊ ကောင်စီဝင် Jeng Phang နော်တောင်၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာ ချာလီသန်းနှင့်  ဦးအောင်နိုင်ဦး၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်  တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး  အစိုးရ အဖွဲ့ဝင်များ၊     မြိတ်ခရိုင်အတွင်းရှိ    အသေးစား၊ အငယ်စားနှင့်   အလတ်စား   စီးပွားရေး  (MSME) လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 


MSME လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များအား တစ်ဦးချင်း တင်ပြဆွေးနွေး
ဦးစွာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်က တနင်္သာရီတိုင်းဒေသကြီးအတွင်းနှင့်    မြိတ်ခရိုင် အတွင်းရှိ   အသေးစား၊  အငယ်စားနှင့်  အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ထားရှိမှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိမှု နှင့်  နည်းပညာဆိုင်ရာ  လုပ်ငန်းခွင်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

 


ယင်းနောက်    မြိတ်ခရိုင်   ရော်ဘာလုပ်ငန်းရှင် ဦးထွန်းထွန်းဝင်း၊   မြိတ်ခရိုင်ရေလုပ်ငန်းနှင့်  ပုစွန် မွေးမြူထုတ်လုပ်ရေးလုပ်ငန်းရှင်     ဦးလှသန်း၊ မြိတ်ခရိုင် စားသောက်ကုန်ထုတ်လုပ်ရေး လုပ်ငန်းရှင် ဦးမျိုးအောင်၊   မြိတ်ခရိုင်  ငှက်သိုက်လုပ်ငန်းရှင် ဦးခွန်ပိုင်မျိုး၊ မြိတ်ခရိုင်ဆန်ကုန်သည်အသင်းဥက္ကဋ္ဌ ဦးထွေးဝေနှင့်      တက်ရောက်လာကြသူများက ရော်ဘာထုတ်ကုန်များအား    ပြည်ပနိုင်ငံများသို့ တင်ပို့မှု ပိုမိုလွယ်ကူလျင်မြန်စေရေး ဆောင်ရွက် ပေးစေလိုမှု၊ မြိတ်ခရိုင်အတွင်း ငါးပုစွန်မွေးမြူရေး လုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်လျက်ရှိမှုနှင့် ခေတ်မီရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးစေလိုမှု၊   ဂျင်းခရုမွေးမြူရေး လုပ်ငန်းများ မြိတ်ခရိုင်အတွင်း အောင်မြင်လျက်ရှိပြီး လုပ်ငန်းရှင်များ ပိုမိုတိုးတက်လာမှုနှင့် လိုအပ်သည့် နည်းပညာနှင့် အရင်းအနှီးများရရှိရေး ဆောင်ရွက် ပေးစေလိုမှု၊  ဒေသတွင်း ပုလဲမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိလာသည့် မုတ်ခွံကို ဒေသတွင်း၌ပင် အချော ထည်ပြုလုပ်ပြီး ပြည်တွင်း ပြည်ပသို့ တင်ပို့ရောင်းချ  နိုင်ရေး မုတ်ခွံအချောထည်စက်ရုံတစ်ခု လည်ပတ် နိုင်ရေး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးစေလို မှုနှင့်  အခြားလိုအပ်သည်များကို  တင်ပြဆွေးနွေး ကြသည်။

 


ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ
ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး


ဆက်လက်ပြီး လုပ်ငန်းရှင်များ၏ တစ်ဦးချင်း ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့်   ဦးဝင်းရှိန်၊  ဒေါက်တာ ကံဇော်၊   ဦးလှမိုး၊   ဦးခင်မောင်ရီ၊  ဒေါက်တာ ချာလီသန်းနှင့်  ဦးအောင်နိုင်ဦးတို့က ဝန်ကြီးဌာန အလိုက်  MSME  လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သည်များကို အကူအညီပေးလျက်ရှိမှု၊ MSME   လုပ်ငန်းများ   လုပ်ဆောင်မည်ဆိုပါက သတ်မှတ်ထားသည့် စည်းမျဉ်းသတ်မှတ်ချက်များနှင့်အညီ ချေးငွေများရယူနိုင်မှု၊ နိုင်ငံတော်မှ လုပ်ငန်း များ   အောင်မြင်စေရေးအတွက်  လိုအပ်သည်များ ပံ့ပိုးပေးသွားမည်ဖြစ်သကဲ့သို့    လုပ်ငန်းရှင်များ အနေဖြင့်လည်း လုပ်ငန်းအလိုက် အောင်မြင်အောင် ဆောင်ရွက်ပေးရန် လိုအပ်မှုနှင့် ချေးငွေများကိုလည်း မှန်မှန်ကန်ကန်ဖြင့်     ပြန်လည်ပေးဆပ်သွားရန် လိုအပ်မှု၊ နိုင်ငံတော်မှချေးငွေများကို အကြောင်းအရာ အသီးသီးအလိုက်      ကာလအပိုင်းအခြားအလိုက် အတိုးနှုန်းသက်သာစွာဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါချေးငွေများ   ပြန်လည်ရရှိမှသာလျှင်  နိုင်ငံ တော်၏   လည်ပတ်သုံးစွဲငွေများ  ပြန်လည်ရရှိမည် ဖြစ်ပြီး စီးပွားရေးကဏ္ဍသည်လည်း ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သဖြင့် ချေးငွေများကို သတ်မှတ်ကာလ အလိုက်  အချိန်မီပြန်လည်ပေးဆပ်ရန်  လိုအပ်မှု၊ မြိတ်ခရိုင်တွင်    နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များစွာ    ဆောင်ရွက်လျက်ပြီး    ထပ်မံလာရောက်
လုပ်ကိုင်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများစွာရှိမှု၊  ကျေးလက်ဒေသရှိ ပြည်သူလူထုများ ဝင်ငွေရရှိရေး နှင့်   လူမှုစီးပွားဘဝ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ လိုအပ်သည့် နည်းပညာ နှင့် စက်ကိရိယာများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိမှု၊ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် သမဝါယမအသင်းအဖွဲ့ များ ဖွဲ့စည်း၍ စိုက်ပျိုးရေးတောင်သူများ၏ လိုအပ် ချက်များကို  ဖြည့်ဆည်းပေးနိုင်ရေး  ဆောင်ရွက် လျက်ရှိမှု၊          တနင်္သာရီတိုင်းဒေသကြီးသည် တစ်နိုင်ငံလုံးတွင်    သစ်တောဖုံးလွှမ်းမှု    ဒုတိယ အများဆုံးဖြစ်သည်ကို   တွေ့ရှိရပြီး  ငါးသယံဇာတ အတွက် အလွန်အရေးကြီးသည့် ဒီရေတောများကို လည်း ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြရန် လိုအပ်မှု၊ ဒေသတွင်း ငါးပုစွန်မွေးမြူရေးလုပ်ငန်း၊ ကြိမ်လုပ်ငန်း၊   ပုလဲမွေးမြူထုတ်လုပ်ရေးလုပ်ငန်း များ     အောင်မြင်လျက်ရှိသည်ကို   တွေ့ရှိရပြီး ယခုထက်ပိုမိုအောင်မြင်အောင်  ဆောင်ရွက်နိုင်မည့် အလားအလာများစွာရှိမှု စသည်ဖြင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက်     ပြန်လည်ဆွေးနွေးပြောကြား ကြသည်။ 

 


ထို့နောက်      တိုင်းဒေသကြီး  ဝန်ကြီးချုပ်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းရှိ ပုစွန် မွေးမြူရေးလုပ်ငန်းများ၏   ပုစွန်သားဖောက်ခြင်း၊ အစာစပ်ခြင်းအတွက်    နည်းပညာများရရှိရေးနှင့် ပုစွန်ထွက်ကုန်များ     ဈေးကွက်ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ ဒေသတွင်းဆန်ဖူလုံမှုရှိစေရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုနှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး လုပ်ဆောင်လျက်ရှိသည့်       အခြေအနေများကို ဆွေးနွေးပြောကြားသည်။

 


နိုင်ငံ့စီးပွားမြှင့်တင်ရေး  အားပေးဆောင်ရွက်


ယင်းနောက်       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေး ပြောကြားရာတွင်  ကမ္ဘာပေါ်ရှိ  နိုင်ငံတိုင်းအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ မိမိတို့နိုင်ငံအနေဖြင့်လည်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊   ကိုဗစ်-၁၉   ရောဂါ ဖြစ်ပွားခဲ့သည့်    ကာလများအတွင်း   နိုင်ငံတိုင်း၌ ကိုယ်စီအခက်အခဲများရှိခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင်မူ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်ခဲ့သည့် အခက်အခဲများ သာမက နိုင်ငံရေးအခက်အခဲများနှင့်လည်း ကြုံတွေ့ ခဲ့ရပြီး စီးပွားရေးအခက်အခဲများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ ထိုအချိန်တွင်  နိုင်ငံ၏စီးပွားရေး   ပျက်ယွင်းစေရန် နိုင်ငံရေးအရ  ထိုးနှက်တိုက်ခိုက်မှုများ၊  ငွေကြေး လည်ပတ်သုံးစွဲမှုများကို ထိခိုက်စေရန် ဘဏ်စနစ် ပြိုလဲအောင် ဆောင်ရွက်မှုများ၊  စက်ရုံအလုပ်ရုံများ ရပ်တန့်စေရန် ဆောင်ရွက်မှုများရှိခဲ့ပြီး မိမိတို့အနေ ဖြင့် ထိုကဲ့သို့သော အခက်အခဲ အကျပ်အတည်းများစွာ ကြားမှ   နိုင်ငံကို  အဘက်ဘက်မှ  တိုးတက်အောင် ဆောင်ရွက်ခဲ့ရကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားမှုကာလ အကျပ်အတည်းကို  အစိုးရ၊ တပ်မတော်နှင့် ပြည်သူ တို့   လက်တွဲညီညီပူးပေါင်း၍   အောင်မြင်စွာဖြင့် ကျော်ဖြတ်နိုင်ခဲ့သည်ကို      တွေ့ရှိရမည်ဖြစ်ပြီး အားလုံးဝိုင်းဝန်း         ဆောင်ရွက်ခဲ့မှုကြောင့်သာ ကျော်လွှားနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်ခဲ့သည့်   စီးပွားရေးအရထိခိုက်ခဲ့ရမှုများကို ကုစားနိုင်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် မိမိတို့နိုင်ငံနှင့်    ကိုက်ညီမှုရှိသည့်   အသေးစား၊ အငယ်စားနှင့်    အလတ်စား   စီးပွားရေး(MSME) လုပ်ငန်းများကို      အားပေးဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အောင်မြင်မှုရှိစေရေးနှင့် လုပ်ငန်းရှင်များ၏ လိုအပ် ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်ရေးအတွက်  ယခုကဲ့သို့  တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ လုပ်ငန်းရှင်များနှင့် လှည့်လည် တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

 


စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် 
ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်


မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အဓိကဆောင်ရွက်သည့်     နိုင်ငံဖြစ်ခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်ခဲ့ချိန်တွင် စားသောက်ကုန် များ ပြတ်လပ်မှုမရှိခဲ့ကြောင်း၊ နိုင်ငံတကာကုန်သွယ် မှုနှင့်  ပတ်သက်၍လည်း  အခက်အခဲများကြားမှ ဆောင်ရွက်နေရလျက်ရှိပြီး   နိုင်ငံရေးပဋိပက္ခများ ကြောင့်  ဖြစ်ပေါ်လာသည့်   စီးပွားရေးထိခိုက်မှုပင် ဖြစ်ကြောင်း၊       ယခင်အစိုးရများလက်ထက်တွင် ပြည်ပမှ ထောက်ပံ့ငွေနှင့် ချေးငွေများရရှိခဲ့သော်လည်း မိမိတို့    တာဝန်ယူဆောင်ရွက်ချိန်တွင်   ပြည်ပမှ ထောက်ပံ့ငွေနှင့်  ချေးငွေများရရှိခြင်း   မရှိကြောင်း၊
ထိုသို့သော အခက်အခဲများကြားမှ နိုင်ငံ့စီးပွားမြှင့်တင် ရေးအတွက်ဆောင်ရွက်ခဲ့ရာ   ယခုအခါတွင်  နိုင်ငံ စီးပွားရေးမှာ   တိုးတက်သင့်သလောက်  တိုးတက် လာခဲ့သည်ကို   တွေ့ရှိရမည်ဖြစ်ကြောင်း၊  စိုက်ပျိုး မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်၍      ပြည်တွင်းစီးပွားမြှင့်တင်ခြင်းကို ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ပြည်ပမှ ထောက်ပံ့ကူညီမှုများကိုသာ   မှီခိုအားထားခဲ့သည့် နိုင်ငံများအနေဖြင့် စီးပွားရေးအခက်အခဲများဖြစ်ပေါ် လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် မိမိတို့ နိုင်ငံအတွက် အခြေခိုင်ပြီးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့်    ကုန်ထုတ်လုပ်ငန်းများကို ယခုထက်အောင်မြင်အောင်      ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး အတွက်   အားပေးဆောင်ရွက်လျက်ရှိပြီး   MSME လုပ်ငန်းများသည် ပြည်တွင်းစီးပွားရေးကို မြှင့်တင် ဆောင်ရွက်နိုင်ကြောင်း၊    MSME   လုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုများကို အဆင့်မီစွာ ဆောင်ရွက်ခြင်း ဖြင့်    ပြည်ပသွင်းကုန်များကို   အစားထိုးနိုင်မည် ဖြစ်သကဲ့သို့ ပြည်ပပို့ကုန်များလည်း ပိုမိုရရှိလာမည် ဖြစ်ကြောင်း။

 


 အောင်မြင်သည့်       ကုန်ထုတ်လုပ်မှုလုပ်ငန်း ဖြစ်ရန်အတွက်    ထုတ်လုပ်သည့်  ကုန်ပစ္စည်းများ အရည်အသွေးကောင်းမွန်ရန်နှင့်       ထုပ်ပိုးမှုများ အဆင့်မီအောင် ဆောင်ရွက်၍ သုံးစွဲသူများ စိတ်ပါ ဝင်စားမှုရှိလာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပစ္စည်းချင်းတူပါက ဈေးနှုန်းသက်သာရန်၊ ဈေးနှုန်း ချင်းတူပါက ပစ္စည်းအရည်အသွေး ပိုမိုကောင်းမွန်ရန် လိုအပ်မည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်နိုင်မှသာ မိမိတို့ ၏   ထုတ်ကုန်ပစ္စည်းများ   ဈေးကွက်ရရှိမည်ဖြစ် ကြောင်း၊   MSME    လုပ်ငန်းတွင်  ထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊   ဝန်ဆောင်မှုနှင့်  အခြားကဏ္ဍများ ပါဝင်ပြီး   ထုတ်လုပ်မှုရှိမှသာ   ရောင်းဝယ်မှုရှိမည် ဖြစ်ကြောင်း၊ ကုန်ကြမ်းများ စဉ်ဆက်မပြတ်ရရှိနိုင်မှ သာလည်း ခိုင်မာသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး    အချို့နေရာများတွင် ကုန်ကြမ်းပစ္စည်းများရှားပါးမှု၊      ပြည်ပနိုင်ငံများမှ တင်သွင်းရန်ခက်ခဲမှုများကို       တင်ပြကြကြောင်း၊ ထို့ကြောင့် မိမိတို့ဒေသတွင်းနှင့် နိုင်ငံတွင်းမှ ထွက်ရှိ သည့်    ကုန်ကြမ်းပစ္စည်းများကို    အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို   ဆောင်ရွက်မည် ဆိုပါက    ခိုင်မာသည့်   ကုန်ထုတ်လုပ်မှုလုပ်ငန်း တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှထွက်ရှိသည့်       ကုန်ကြမ်းများကို အခြေခံသည့်  ကုန်ထုတ်လုပ်မှုများကို  အဓိကထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

 


စိုက်ပျိုးရေးလုပ်ငန်းများ    ဆောင်ရွက်ရာတွင် မျိုးကောင်းမျိုးသန့်ရရှိရန်၊      မြေဩဇာရရှိရန်၊ အောင်ရေများရရှိရန်နှင့် စိုက်နည်းစနစ် မှန်ကန်ရန် လိုအပ်ပြီး စနစ်တကျဖြင့် စိုက်ပျိုးကြရန်လိုကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းစိုက်ပျိုးမှု များကို   အောင်မြင်ဖြစ်ထွန်းအောင်  ဆောင်ရွက်၍ ဒေသအတွင်းစားသုံးဆီဖူလုံစွာ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စားသုံးဆီကို ပြည်ပမှ တင်သွင်းနေရခြင်းမှ  ပြည်တွင်းလိုအပ်ချက်   ပိုလျှံ သည်အထိ ထုတ်လုပ်၍ ပြည်ပသို့ ပြန်လည်တင်ပို့ နိုင်သည်အထိ ရောက်ရှိနိုင်အောင် ကြိုးပမ်းဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း၊  အလားတူ ရော်ဘာ ထုတ်လုပ်ခြင်းနှင့်  ပတ်သက်၍လည်း   ရော်ဘာကို အခြေခံသည့်        တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ MSME လုပ်ငန်းများတွင် ရော်ဘာနှင့် ပတ်သက်၍ လူသုံးပစ္စည်းထုတ်လုပ်မှုများ များစွာဆောင်ရွက်နိုင်ကြောင်း၊ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများကို စနစ်တကျ မွေးမြူဆောင်ရွက်ခြင်း ဖြင့်    အသားထွက်ရှိမှုအပြင်   ထွက်ရှိလာသည့် သားရေများဖြင့်လည်း သားရေထည်လုပ်ငန်းများကို ဆောင်ရွက်၍ရကြောင်း၊  ဒေသအတွင်း  ဆန်ဖူလုံမှု ရှိစေရေး စပါးအထွက်နှုန်းများ တိုးတက်မှုရှိအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ လယ်ယာမြေများကို အခြားနည်းဖြင့်   သုံးစွဲခြင်းများ   မပြုလုပ်စေလို ကြောင်း၊  ဒေသတွင်း  စားရေးဖူလုံမှုရှိပါက  အခြား ဒေသမှ   ဝယ်ယူစားသုံးရခြင်း  မပြုရသည့်အတွက် ဒေသတွင်း   ငွေကြေးလည်ပတ်မှုများ   ကောင်းမွန် လာပြီး ဒေသတွင်း စီးပွားရေးတိုးတက်မှုကို ဖြစ်ပေါ် စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရှိပြီးသားစိုက်ပျိုးမြေ များကို  အကျိုးရှိစွာဖြင့်    စိုက်ပျိုးဆောင်ရွက်ကြ စေလိုကြောင်း၊    အထွက်နှုန်း   တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက       မြိတ်ခရိုင်အတွင်း ဆန်ဖူလုံမှုများ       တိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့်   စိုက်ဧကတိုးချဲ့ခြင်းထက်  တစ်ဧက အထွက်နှုန်း  တိုးတက်အောင်  ဆောင်ရွက်ခြင်းကို အားပေးကြောင်း၊    စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သည့်    မြေဩဇာများရရှိရေး   မွေးမြူရေး လုပ်ငန်းများကို စနစ်တကျဆောင်ရွက်၍ ထွက်ရှိလာ သည့် ဇီဝမြေဩဇာများကို အကျိုးရှိစွာ အသုံးချရန် လိုကြောင်း။ 

 


မွေးမြူရေးထွက်ကုန်များ ပေါများလာမည်ဆိုပါက စားသောက်ကုန်များ ဈေးနှုန်းကျဆင်းမည်
မြိတ်ဒေသတွင်   မြစ်ချောင်းများပေါများခြင်း ကြောင့် ဘဲမွေးမြူရေးလုပ်ငန်းများကို စနစ်တကျ  ဖြင့်  အောင်မြင်အောင်    ဆောင်ရွက်၍   တန်ဖိုးမြှင့် ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်ကြောင်း၊ အလားတူ ကြက်၊  ဝက်နှင့်   နွားမွေးမြူရေးလုပ်ငန်းများကို လည်း  စနစ်တကျမွေးမြူ၍  အထွက်နှုန်းကောင်းအောင်ဆောင်ရွက်ခြင်းဖြင့် MSME ကုန်ထုတ်လုပ်မှု များကို   အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း၊ မွေးမြူရေးထွက်ကုန်များ   ပေါများလာမည်ဆိုပါက စားသောက်ကုန်များ      ဈေးနှုန်းကျဆင်းလာမည် ဖြစ်ကြောင်း။

 


ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက်  လိုအပ် သည့်     လျှပ်စစ်ဓာတ်အားရရှိရေး   နိုင်ငံတော်မှ စီမံဆောင်ရွက်လျက်ရှိကြောင်း၊   ရေအားလျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် ခွင့်ပြုထားပြီး ဖြစ်သော်လည်း   လက်နက်ကိုင်အဖွဲ့အစည်းများ၏ နှောင့်ယှက်မှုများကြောင့်    အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း       မရှိသေးကြောင်း၊    ထိုသို့ ဆောင်ရွက်နေခြင်းများကြောင့် ပြည်သူများအတွက် ထိခိုက်နစ်နာမှုရှိကြောင်း၊       လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ    အရေးကြီးပြီး    မြိတ်ဒေသတွင် နေရောင်ခြည်စွမ်းအင်သုံး        လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကို    ဆောင်ရွက်၍   ရနိုင်ကြောင်း၊ ထို့ကြောင့်    နေရောင်ခြည်စွမ်းအင်သုံး   လျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်ရေးကိုလည်း     ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း။ 

 


လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် လိုအပ် သည့်   ရင်းနှီးမြှုပ်နှံငွေများကိုလည်း  နိုင်ငံတော်မှ အတတ်နိုင်ဆုံး ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ သို့သော် မိမိတို့ကိုယ်တိုင်လည်း တတ်နိုင်သမျှ ရင်းနှီး မြှုပ်နှံ၍   ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ယခင်   ဒီမိုကရေစီအစိုးရ   သက်တမ်းနှစ်ခုတွင် ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း၊   ပြည်ပထောက်ပံ့ငွေများ၊ ချေးငွေများနှင့် Non Trade များမှရရှိသည့် နိုင်ငံခြား ငွေများဖြင့်    အဓိကဖြည့်ဆည်း   သုံးစွဲခဲ့ခြင်းဖြစ် ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ၏ ကျဆင်းနေသည့် စီးပွားရေးပြန်လည်မြှင့်တင်ရေးအတွက် ကြိုပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး အတွက်    ကုန်ထုတ်လုပ်မှုများကို  ဆောင်ရွက်၍ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရန်လိုကြောင်း။

 


ကုန်ထုတ်လုပ်မှုများ အောင်မြင်စွာ ဆောင်ရွက် နိုင်ရန်အတွက်   လူသားအရင်းအမြစ်ကောင်းများ လည်း လိုအပ်ကြောင်း၊ Skill Labour များရရှိရန် အတွက်  ပညာရည်မြင့်မားသူများ   လိုအပ်သဖြင့် မြိတ်ဒေသတွင်လည်း ပညာရေးကို အားပေးဆောင် ရွက်ကြစေလိုကြောင်း၊   လူသားအရင်းအမြစ်များ လုံလောက်စွာရရှိရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြစေလိုကြောင်း။

 


ထို့ပြင် တနင်္သာရီတိုင်းဒေသကြီးသည် သစ်တော ဖုံးလွှမ်းမှုများပြားပြီး      ငါးသယံဇာတအတွက် အရေးကြီးသည့်   ဒီရေတောဖုံးလွှမ်းမှုတွင်လည်း ကမ္ဘာ့အဆင့် ၃ နေရာတွင်ရှိကာ ရေသယံဇာတများ ပေါကြွယ်ဝသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ငါးပုစွန် မွေးမြူရေးလုပ်ငန်းများကြောင့်   ဒီရေတောများကို ထိခိုက်မှုမရှိအောင်လည်း   ထိန်းသိမ်းဆောင်ရွက် ကြရန်လိုကြောင်း၊ ဒေသတွင်းရှိပြီးဖြစ်သည့် အခြေခံ ကောင်းများကို အကျိုးရှိစွာအသုံးချ၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်ကြမည်ဆိုပါက လာမည့် နှစ်များအတွင်း  မြိတ်ဒေသသည်  များစွာတိုးတက် ပြောင်းလဲလာမည်ဟု ယုံကြည်ကြောင်း၊ ထို့ကြောင့် မိမိတို့၏ ဒေသဖွံ့ဖြိုးတိုးတက်မှုမှသည် တိုင်းပြည်၏ စီးပွားဖွံ့ဖြိုးတိုးတက်သည်အထိ အားလုံးမှ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်           ကြစေလိုကြောင်းဖြင့် တိုက်တွန်းဆွေးနွေး ပြောကြားသည်။
ဆက်လက်၍    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ       နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့်      မြိတ်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက် သည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ခင်းကျင်းပြသ ထားသည့် ရေလုပ်ငန်းထုတ်ကုန်များ၊ စားသောက် ကုန်၊   လူသုံးကုန်၊   စက်မှုလက်မှုထုတ်ကုန်၊  ရိုးရာ လက်မှုထုတ်ကုန်များ၊       အဝတ်အထည်များ၊ တိုင်းရင်းဆေးများ   စသည့်ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီ အလိုက်  စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး ဈေးကွက် ရရှိမှုအခြေအနေများကို      မေးမြန်းဆွေးနွေးရာ လုပ်ငန်းအလိုက်        စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံရှင်းလင်းတင်ပြခဲ့ကြကြောင်း  သတင်းရရှိ သည်။                                

သတင်းစဉ်