ရွှေသွေးဂျာနယ်ထွက်ရှိ

 

နေပြည်တော်  နိုဝင်ဘာ  ၄ 
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေ ဗိမာန်ရုံးက အပတ်စဉ်  စနေနေ့တိုင်း  ရွှေသွေးဂျာနယ်ကို   ထုတ်ဝေ ဖြန့်ချိလျက်ရှိသည်။
၅ -၁၁ - ၂၀၂၂ ရက်(စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၄၅) တွင် ငွေကို သုံးသင့်သည်ကိုပဲသုံးပြီး စုသင့် သည်ကို စုရမည်ဖြစ်ကာ အသုံးနှင့်အဖြုန်းအကြောင်း နားလည်သွားသည့် နီတာ၏သူငယ်ချင်းများအကြောင်း ရေးဖွဲ့ထားသည့် “အသုံးနှင့်အဖြုန်း” မျက်နှာဖုံးကာတွန်း၊လူတို့၏ ဦးနှောက်ရှိ မှတ်ဉာဏ်၏ အလုပ်လုပ်ပုံ အကြောင်း ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားသည့်  “မှတ်ဉာဏ်” သုတဆောင်းပါး၊ ကလေးတို့ကိုယ်တိုင်  ရေးဆွဲထားသည့်  ပန်းချီ လက်ရာများကို တင်ဆက်ထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ သူစိမ်းတစ်ယောက်ကို ဦးလေးဟုထင်မှတ်ကာ အိမ်ထဲခေါ်မိရာက ဒုက္ခရောက်သွားသော ကိုစည့်အဖြစ်ကို ရေးဖွဲ့ထားသည့် “ကိုစည်နှင့် မုန့်ဖိုးမက်လို့” နှစ်မျက်နှာကာတွန်း၊ မြန်မာတို့၏ အဆာပြေစာအတွက်ပါ စားနိုင်သည့် မုန့်ပဲသရေစာ အမျိုးမျိုးအကြောင်း ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားသည့် “ မြန်မာတို့၏ မုန့်ပဲသရေစာ” ဝတ္ထုကဏ္ဍ၊ မိုးပျံ ပူဖောင်းများစွာကို စနစ်တကျမကိုင်တတ်ခြင်းကြောင့် လူပါမိုးပျံပူဖောင်း နှင့်အတူ ပါသွားသည်ကို သရုပ်ဖော်ထားသည့် “ရွှေချည်ဇာနှင့်သူ့မောင်” တစ်မျက်နှာကာတွန်း၊ မြန်မာတို့၏ တန်ဆောင်တိုင် အချိန်အခါသမယတွင် ပြုလုပ်ကျင်းပလေ့ရှိသော ရိုးရာဓလေ့များအကြောင်းကို ဗဟုသုတဖြစ်ဖွယ် ရေးဖွဲ့ထားသည့် ဆရာမင်းနီခိုင် (မောင်တော)၏ “တန်ဆောင်တိုင်ည” ကဗျာကဏ္ဍအပါအဝင်  ဉာဏ်စမ်းကဏ္ဍနှင့်    အင်္ဂလိပ်သဒ္ဒါကဏ္ဍ စုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ်   ၄၀၀  ဖြင့် စာပေဗိမာန်စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရ သည်။                                                                   သတင်းစဉ်