(၁၆) ကြိမ်မြောက် ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

 

နိုဝင်ဘာ ၄ ရက်မှ ၈ ရက်အထိ မီးပုံးပျံပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများ၊ ဖျော်ဖြေပွဲများ၊ စျေးရောင်းပွဲများဖြင့် ကျင်းပမည်

 

မန္တလေး   နိုဝင်ဘာ   ၄


၂၀၂၂  ခုနှစ် (၁၆) ကြိမ်မြောက် ပြင်ဦးလွင်  တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကို ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂  ရက်၊ ယနေ့ညနေပိုင်း၌ ပြင်ဦးလွင် မြို့  ဓမ္မရတီကုန်းမြေပေါ်တွင် တည်ထား  ကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာ  ဆုတောင်းပြည့်ဘုရားကြီး  (ပြည်ချစ် ဘုရား) အနီးရှိ    မီးပုံးပျံကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ      ကျင်းပရာ မန္တလေးတိုင်းဒေသကြီး   ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး    ဗိုလ်ချုပ်   ကိုကိုဦး၊ တပ်မတော်    အရာရှိကြီးများ၊    အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊       ဌာနဆိုင်ရာတာဝန်ရှိ သူများ၊    ပြင်ဦးလွင်   ခရိုင်/မြို့နယ်     အခြေခံပညာကျောင်းများမှ      ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူ များ၊    လူမှုရေးအသင်းအဖွဲ့များ၊   မီးပုံးပျံ ပညာရှင်များ၊       ဖိတ်ကြားထားသော ဧည့်သည်တော်များ၊    ဒေသခံပြည်သူ များနှင့် ရပ်နီးရပ်ဝေးမှ ခရီးသွားဧည့်သည် များ   တက်ရောက်ကြသည်။    ရှေးဦးစွာ  ကျောင်းသား      ကျောင်းသူလေးများက “ပြင်ဦးလွင်မီးပုံးပျံပွဲတော်”  သီချင်းဖြင့် ဖျော်ဖြေကပြတင်ဆက်သည်။  ထို့နောက်    တိုင်းဒေသကြီးဝန်ကြီးချုပ်က     အဖွင့် အမှာစကား ပြောကြားသည်။ ယင်းနောက် ဖွင့်ပွဲအထိမ်းအမှတ်    မီးပုံးပျံငယ်အလုံး ၁၀၀၀ လွှတ်တင်ခြင်း၊ မီးရှူးမီးပန်းများ    ပစ်ဖောက်ခြင်း၊     ဖွင့်ပွဲအထိမ်းအမှတ်   စိန်နားပန်     မီးပုံးပျံအား   လွှတ်တင်သည်။

 


အဆိုပါ (၁၆) ကြိမ်မြောက် ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော်ကို  နိုဝင်ဘာ ၄ ရက်မှ  ၈  ရက်အထိ  ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း     ဘုရားရင်ပြင် တော်၌        မသိုးသင်္ကန်းရက်ကန်းခတ် ပူဇော်ပွဲ ကျင်းပပြီး     တန်ဆောင်မုန်းလပြည့် နေ့    နံနက်   ၅   နာရီတွင်    ဗုဒ္ဓမြတ်စွာ ဘုရားအား မသိုးသင်္ကန်းဆက်ကပ်ပူဇော် ခြင်း၊   တန်ဆောင်မုန်းလပြည့်နေ့   ညနေ ပိုင်း၌    ဘုရားရင်ပြင်တော်၌    ဆီမီး ကိုးထောင် ထွန်းညှိပူဇော်ခြင်း၊ ည ၇ နာရီ မှစ၍ စိန်နားပန်မီးပုံးပျံများ၊ ညမီးကျည် မီးပုံးပျံများ  လွှတ်တင်ခြင်း၊  မွန်းလွဲ  ၁ နာရီမှစ၍         နေ့အရုပ်လှ      မီပုံးပျံများ လွှတ်တင်ခြင်းများ ထည့်သွင်းယှဉ်ပြိုင် မည်ဖြစ်ပြီး     နိုဝင်ဘာ    ၅    ရက်မှ စတင်ကာ  နေ့စဉ်နံနက်  ၈   နာရီမှ  ညနေ   ၆ နာရီအထိ ရိုးရာခြင်းအလှခတ်ပြိုင်ပွဲ၊  ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ နှင့်   ဖူဆယ်ပြိုင်ပွဲများကို   မီးပုံးပျံကွင်း အတွင်း    ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး  ဆုရရှိသည့်အသင်းများကို      ဆုများ ထိုက်တန်စွာ ချီးမြှင့်သွားမည်ဖြစ်သည်။

 


ထို့ပြင် ပွဲတော်လာပြည်သူများကို မန္တလေးမြို့   ကျက်သရေဆောင်   မြို့မ တူရိယာအဖွဲ့နှင့်  ကျောက်ဆည်မြို့၏ ဆင်ကအဖွဲ့များက ဧည့်ခံဖျော်ဖြေမည်  ဖြစ်ပြီး အစားအသောက်နှင့် လိုအပ်သည့် ပစ္စည်းများ  ဝယ်ယူနိုင်ရန်အတွက်လည်း စားစရာအစုံအလင်နှင့်   လူသုံးကုန်ပစ္စည်း မျိုးစုံပါသည့်   ဆိုင်ခန်းများ၊   ကုမ္ပဏီ  အရောင်းပြခန်းများကိုပါ ဖွင့်လှစ်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။        

          
သတင်းစဉ်