
ဟနွိုင်း နိုဝင်ဘာ ၄
ထိုင်းနိုင်ငံ၏ သစ်သီးဝလံထုတ်လုပ်မှု သည် ၂၀၂၂ ခုနှစ်တွင် သစ်သီးတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၈ ဒသမ ၅၃ ဘီလီယံခန့်ရှိမည်ဟု ခန့်မှန်းထားရာ ဗီယက်နမ်နိုင်ငံ သစ်သီးဝလံလုပ်ငန်း ကဏ္ဍအနေဖြင့် ထိုင်းနိုင်ငံကို အမီလိုက် နိုင်ရန် ရည်ရွယ်ထားကြောင်း သိရ သည်။
ဗီယက်နမ်နိုင်ငံ လယ်ယာစိုက်ပျိုးရေး နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ဗီယက်နမ်နိုင်ငံ ၏ သစ်သီးဝလံထုတ်လုပ်နိုင်မှုသည် တစ်နှစ်လျှင် တန်ချိန် ၁၂ သန်းမှ ၁၃ သန်းခန့်အထိရှိသဖြင့် ပြည်တွင်း စားသုံးမှုအတွက် ဖူလုံသည့်အပြင် ကမ္ဘာ့နိုင်ငံပေါင်း ၆၀ ခန့်သို့ တင်ပို့ လျက်ရှိပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံချီ ဝင်ငွေရရှိနေသည်ဟု ဆိုပါ သည်။
၂၀၁၉ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်တင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံရရှိခဲ့သော်လည်း ၂၀၂၀ ပြည့် နှစ်တွင် အမေရိကန်ဒေါ်လာ ၃ဒသမ၂၆ ဘီလီယံ၊ ၂၀၂၁ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၃ ဒသမ ၅၅ ဘီလီယံဖြင့် အနည်း ငယ်ကျဆင်းခဲ့သည်။ တစ်ဖက်တွင် ထိုင်း နိုင်ငံ၏ သစ်သီးဝလံတင်ပို့မှုဝင်ငွေမှာ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၆ ဘီလီယံမှ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံ၊ ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံသို့ တိုးတက်ခဲ့ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံ ထုတ်လုပ်မှုသည် ထိုင်းနိုင်ငံ၏ ထုတ်လုပ် နိုင်မှုထက် ၂ ဒသမ ၄ ဆ နီးပါး ပို၍မြင့်မား သော်လည်း ဗီယက်နမ်နိုင်ငံ၏ သစ်သီး တင်ပို့မှုဝင်ငွေမှာ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ သုံးဘီလီယံကျော်ဝန်းကျင်သာ ရရှိနေဆဲဖြစ်သည်။
ဈေးကွက်ရှာဖွေရေးအစီအစဉ်များ
ထိုင်းနိုင်ငံအနေဖြင့် ဈေးကွက်သုတေ သနနှင့် ဖွံ့ဖြိုးမှုပိုင်းတွင် များစွာရင်းနှီး မြှုပ်နှံထားပြီး ထိုင်းနိုင်ငံရှိ တက္ကသိုလ် များ၊ သုတေသနအဖွဲ့အစည်းများသည် အနာဂတ်အတွက် မဟာဗျူဟာများ ချမှတ်ထားကြကြောင်း၊ ဈေးကွက်ရှာဖွေ ရေးအပိုင်းတွင် ပို၍ပရော်ဖက်ရှင်နယ် ဖြစ်လာစေရန်အတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီး ထိုင်းနိုင်ငံ၏ ဈေးကွက် ရှာဖွေရေးအစီအစဉ်များမှာ ထိရောက်မှု များစွာရှိလာကြောင်း ဗီယက်နမ် အရည် အသွေးမြင့်ထုတ်ကုန်များဆိုင်ရာ စီးပွား ရေး လုပ်ငန်းအသင်း (Business Asso-ciation of High Quality Vietnamese Products) ၏ ဥက္ကဋ္ဌဖြစ်သူ Ms. Vu Kim Hanh က ပြောကြားသည်။