ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရေအရည်အသွေး၊ လေအရည်အသွေး တိုင်းတာစက်များဖြင့် တိုင်းတာဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  နိုဝင်ဘာ   ၄
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင်    တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တု ရှာဖွေရေးဦးစီးဌာနရုံးတွင် ဝန်ထမ်းများနှင့် တွေ့ဆုံ သည်။
ရှင်းလင်းတင်ပြ
တွေ့ဆုံစဉ် တိုင်းတာဝန်ခံများက သစ်တော ကဏ္ဍ၊ သတ္တုကဏ္ဍနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍများနှင့်   ပတ်သက်၍  အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုကို         ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက် မှာကြားသည်။ 
တိုင်းတာဆောင်ရွက်နေမှုကြည့်ရှု
ဆက်လက်၍    ပြည်ထောင်စုဝန်ကြီးသည် ထားဝယ်မြို့ရှိ    ဦးစီးဌာန၊   လုပ်ငန်းရုံးများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး      ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး ဓာတ်ခွဲခန်းရှိ ရေအရည်အသွေး၊ လေအရည်အသွေး တိုင်းတာစက် များဖြင့်   တိုင်းတာဆောင်ရွက်နေမှုတို့ကို  ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။              သတင်းစဉ်