ဝန်ထမ်းများ ပျော်ရွှင်အပန်းဖြေစေရန် လှည့်လည်ဖျော်ဖြေတင်ဆက်

 

နေပြည်တော်   နိုဝင်ဘာ   ၄


နိုင်ငံတော်အစိုးရ၏   ယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်ရေး အတွက်  ကျရာကဏ္ဍမှ   တာဝန်သိ စိတ်ဖြင့်   ဆောင်ရွက်နေကြသည့် ဝန်ထမ်းများကို စိတ်လက်ပေါ့ပါး စွာ အပန်းဖြေပျော်ရွှင်မှုရရှိစေရန်     ရည်ရွယ်ချက်ဖြင့် စိတ်ဓာတ်ပိုင်း ဆိုင်ရာ  အားပေးမြှင့်တင်မှုတစ်ခု အဖြစ် တန်ဆောင်တိုင်ကာလနှင့် တိုက်ဆိုင်ကာ      ပြန်ကြားရေး ဝန်ကြီးဌာန    မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ      ခေတ်ပေါ် တေးဂီတအဖွဲ့နှင့်အတူ    နိုင်ငံ ကျော်  တေးသံရှင်များ၊  မြန်မာ့ အသံမှ တေးသံရှင်များက နေပြည် တော်ရှိ      ဝန်ကြီးဌာနများသို့ လှည့်လည်ဖျော်ဖြေလျက်ရှိသည်။ 

 


အဆိုပါဖျော်ဖြေပွဲကို ယနေ့ မွန်းလွဲပိုင်းက   ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးတွင်  ကျင်းပရာ ပြည်ထောင်စု   စာရင်းစစ်ချုပ်    ဦးတင်ဦးနှင့်  တာဝန်ရှိသူများသည် နိုင်ငံကျော်   အဆိုတော်များနှင့် မြန်မာ့အသံမှ    တေးသံရှင်များ ကို     ရင်းရင်းနှီးနှီး  နှုတ်ဆက်သည်။   

 


ဖျော်ဖြေပွဲသို့  ဒုတိယစာရင်း စစ်ချုပ်    ဒေါ်နိုင်သက်ဦးနှင့်   ဌာနဆိုင်ရာ   အကြီးအကဲများ၏   ဇနီးများ၊   အရာထမ်း၊   အမှုထမ်း များနှင့် ဝန်ထမ်းမိသားစုဝင်များ ပျော်ရွှင်စွာ   ကြည့်ရှုအားပေးကြပြီး မြန်မာ့အသံနှင့်   ရုပ်မြင်သံကြား မှ     ခေတ်ပေါ်တေးဂီတအဖွဲ့နှင့်  တွဲဖက်၍    မြန်မာ့အသံမှ   တေး သံရှင်များက    မြန်မာသံစဉ်  တေး သီချင်းများ၊    ခေတ်ပေါ်     တေး သီချင်းများဖြင့်  လည်းကောင်း၊  နိုင်ငံကျော်အဆိုတော်    မြန်မာ ပြည်သိန်းတန်က   “တစ်ပါးသူ မနမ်းစေချင်” ၊ “မန်းမြေမှာ လေး နှစ်တာ” ၊ “ရန်ကုန်မှာ ပြန်တွေ့ကြ မယ်”၊  “အန်ကယ် No”၊ “ကမ္ဘာ့ အပြင်ဘက်”   ၊    “ရွှေသုန္ဒရီ”၊ “သောကတောင်တန်း” ၊ “နှင်း ပွင့်သစ္စာ” ၊ “စနေထောင့်မှာ ပန်း လှူမယ်” ၊  “ယောသူတို့ရွာ”  တေး သီချင်းများဖြင့်   လည်းကောင်း ဖျော်ဖြေတင်ဆက်ကြရာ ဝန်ထမ်း များနှင့် မိသားစုဝင်များ ပျော်ရွှင် စွာ ပါဝင်ဆင်နွှဲကြသည်။

 


ထို့အတူ ညနေပိုင်းတွင် သိပ္ပံ နှင့်    နည်းပညာဝန်ကြီးဌာန၌ ဖျော်ဖြေပွဲကို ဆက်လက်ကျင်းပ ရာ  ဖျော်ဖြေပွဲသို့  ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် နှင့် ဇနီး မိသားစုများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၏ ဇနီးများ၊ အရာ ထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်း မိသားစုဝင်များ ပျော်ရွှင်စွာကြည့်ရှု အားပေးကြသည်။

 


ဖျော်ဖြေပွဲတွင်   မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားမှ ခေတ်ပေါ် တေးဂီတအဖွဲ့နှင့်အတူ    မြန်မာ့ အသံမှ တေးသံရှင်များက မြန်မာ သံစဉ်တေးသီချင်းများ၊ ခေတ်ပေါ် တေးသီချင်းများဖြင့်   လည်း ကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၏   အဉ္ဇလီအငြိမ့်အဖွဲ့မှ ခေါင်းဆောင် မင်းသမီး မြတ်ဆု ချယ်၊  ရှေ့ထွက်မင်းသမီး    မြတ် သဇင်သင်း၊ လူရွှင်တော် စောမင်း နောင်၊ ဇော်မင်းထွန်း၊ လင်းဇော် နိုင်၊ ကျော်မင်းစိုး၊ မျိုးကျော်သူနှင့် စိုင်းစည်သူတို့က    အငြိမ့်ကပြမှု ဖြင့်လည်းကောင်း၊     နိုင်ငံကျော် အဆိုတော်   မြန်မာပြည်သိန်းတန် က   တေးသီချင်းများဖြင့်လည်း ကောင်း ဖျော်ဖြေတင်ဆက်ကြရာ ဝန်ထမ်းများနှင့် မိသားစုဝင်များ ပျော်ရွှင်စွာ  ကြည့်ရှုအားပေးကြသည်။ 

 


အဆိုပါ   ဖျော်ဖြေရေး   အစီ အစဉ်ကို ကျန်ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်း အသီးသီးသို့လည်း ဆက်လက်သွားရောက်ပြီး  ဖျော် ဖြေတင်ဆက်မည်   ဖြစ်ကြောင်း သိရသည်။                    

သတင်းစဉ်