
နေပြည်တော် နိုဝင်ဘာ ၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီး ချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ကမ်းရိုး တန်းဒေသတိုင်းစစ်ဌာနချုပ် ထားဝယ် တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများ အား တွေ့ဆုံအမှာစကား ပြောကြားသည်။
နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု
ထိုသို့ တွေ့ဆုံအမှာစကားပြောကြား ရာတွင် နိုင်ငံတော်တွင် ဖြစ်ပေါ်လာသည့် အခြေအနေများအရ နိုင်ငံတော်ကို နိုင်ငံ ရေးအရ အရေးပေါ်အခြေအနေကြေညာ ခဲ့ပြီး တပ်မတော်မှ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရသည့် အခြေအနေများ၊ ခေတ်အဆက်ဆက် အုပ်ချုပ်ပုံစနစ်များ ပြောင်းလဲခဲ့မှုနှင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင် ရေး တပ်မတော်မှ ဆောင်ရွက်ပေးခဲ့သည့် အခြေအနေများ၊ နိုင်ငံတော်၏ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဦးစွာ ရှင်းလင်းပြောကြားသည်။
ကာကွယ်ရေးစွမ်းပကားမြင့်မားစေရေး ကြိုးပမ်းတည်ဆောက်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဆက်လက်ပြောကြားရာတွင် တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန်ဖြစ်ကြောင်း၊ သို့သော် လည်း လက်ရှိအချိန်တွင် နိုင်ငံတော်၏ တာဝန်များကိုပါ တာဝန်ယူထိန်းသိမ်း ဆောင်ရွက်နေရခြင်းဖြစ်သဖြင့် နိုင်ငံ တော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးတို့ကိုလည်း ဆောင်ရွက်နေ ရကြောင်း၊ စွမ်းရည်ရှိသည့် တပ်မတော် ဖြစ်ရေးအတွက် တပ်မတော်သားများ အနေဖြင့် မိမိတို့တစ်ဦးချင်း၏ စွမ်းရည် များ တိုးတက်အောင် အမြဲမပြတ် လေ့ကျင့်ဆောင်ရွက်နေရမည် ဖြစ် ကြောင်း၊ တပ်မတော်ကို လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်မီ လက်နက်ကိရိယာများ ပိုင်ဆိုင်နိုင်ရေးနှင့် ကျွမ်းကျင်စွာ အသုံးပြုတတ်စေရေး ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့ ကြောင်း၊ နိုင်ငံတိုင်းတွင် မိမိတို့နိုင်ငံ၏ ကာကွယ်ရေးစွမ်းပကား မြင့်မားစေရေး အတွက် ကြိုးပမ်းတည်ဆောက်လျက်ရှိ သကဲ့သို့ မိမိတို့နိုင်ငံအနေဖြင့်လည်း နိုင်ငံတော်၏ ကာကွယ်ရေးစွမ်းပကား မြင့်မားစေရေး အမြဲမပြတ်ကြိုးပမ်း တည်ဆောက်နေရမည် ဖြစ်ကြောင်း၊ ရှိရင်းစွဲ လူ့စွမ်းအားအရင်းအမြစ်များနှင့် လက်နက်ကိရိယာများကို စွမ်းရည် စွမ်းပကားမြင့်မားနေစေရေး၊ ခေတ်နှင့် လျော်ညီသည့် စွမ်းရည်စွမ်းအားရှိစေရေး အမြဲမပြတ်လေ့ကျင့်ဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း၊ စစ်သည်တစ်ဦးချင်း အနေဖြင့် မိမိတို့ နေ့စဉ်လေ့ကျင့် ဆောင်ရွက်ရမည့် လေ့ကျင့်ခန်းများ၊ တာဝန်များကို မှန်မှန်ကန်ကန် ဆောင်ရွက်နေမည်ဆိုပါက တစ်ဦးချင်း ၏ စွမ်းရည်တိုးတက်လာနိုင်မည်ဖြစ်ပြီး စစ်ရေးသတိ၊ စစ်ရေးအသိ အမြဲရှိနေရန် လည်း လိုအပ်မည်ဖြစ်ကြောင်း။
စနစ်ကျနသည့် နေထိုင်သွားလာ
စားသောက်မှုပုံစံရှိရမည်
တပ်မတော်အနေဖြင့် စစ်သည်တစ်ဦး ချင်းစီအလိုက် အဆင့်နှင့်လျော်ညီစွာ နေထိုင်စားသောက်နိုင်ရေး နေရေး၊ ဝတ်ရေး၊ စားရေးတို့အပြင် အခြားအုပ်ချုပ် မှုဆိုင်ရာ အခက်အခဲများ အဆင်ပြေ ချောမွေ့စေရေး အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးထားပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်သည်များအနေဖြင့်လည်း မိမိတို့ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိစေရေးနှင့် ရရှိလာသည့် အခွင့်အရေး များနှင့် ရပိုင်ခွင့်များကို ထိန်းထိန်းသိမ်း သိမ်းဖြင့် စနစ်တကျ သုံးစွဲကြစေလို ကြောင်း၊ စားရေးနှင့် ပတ်သက်၍ တပ်ပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင် မြင်အောင် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ တစ်ဦးချင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်မည် ဆိုပါကလည်း စားရေးကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း၊ မိမိတို့၏ ဝင်ငွေနှင့် ထွက်ငွေများကိုလည်း မျှတစွာသုံးစွဲရန် လိုအပ်မည်ဖြစ်ပြီး မလိုလားအပ်သော ငွေကုန်ကြေးကျမှုများ မရှိစေရေး စနစ် တကျသုံးစွဲစေလိုကြောင်း။
ပညာရေးအလေးပေးဆောင်ရွက်
ထို့ပြင် မိမိတို့တစ်ဦးချင်း၏ အသိ ပညာမြင့်မားစေရေးအတွက် ဗဟုသုတ ဖြစ်စေနိုင်မည့် စာပေများကို ဖတ်မှတ် လေ့လာနေရမည်ဖြစ်သကဲ့သို့ မိမိတို့၏ သားသမီးများကိုလည်း ပညာရေးအားပေး ကြရမည်ဖြစ်ကြောင်း၊ ပညာရေးအားနည်း ပါက အသိအမြင် အားနည်းမည်ဖြစ်ပြီး မိမိတို့၏ လူမှုစီးပွားဘဝ တိုးတက်ရေး တွင် အခက်အခဲများ ဖြစ်ပေါ်နိုင်မည် ဖြစ်သဖြင့် မိမိတို့၏ သားသမီးများအပေါ် ကောင်းမွန်သည့် ပညာအမွေပေးနိုင်ရ မည်ဖြစ်ကြောင်း၊ အတန်းပညာမြင့်မား စေရေးသာမက အသိပညာမြင့်မားစေရေး အတွက်လည်း ဖတ်သင့်ဖတ်ထိုက် သည့် သိသင့်သိထိုက်သည့် စာပေများ၊ အသိအမြင်များကို ပေးနိုင်ရမည်ဖြစ် ကြောင်း၊ ထိုသို့ အသိအမြင်များပေးနိုင် ရေးအတွက် မိမိတို့၏ တစ်ဦးချင်းကလည်း အသိပညာတိုးပွားစေရေး စာပေဖတ်မှတ် လေ့လာရမည်ဖြစ်ပြီး မိမိတို့ သားသမီး များကိုမိမိတို့ထက် သာလွန်အောင် မြေတောင် မြှောက်ပေးကြရန်လိုကြောင်း။
တပ်မတော်သားများအနေဖြင့် မိမိတို့ တစ်ဦးချင်း ထမ်းဆောင်ရမည့်တာဝန်များ ကို မှန်မှန်ကန်ကန်နှင့် ကျေပွန်စွာ ထမ်းဆောင်ရန်လိုပြီး နိုင်ငံတော်နှင့် တပ်မတော်အတွက်ဟူသည့် စိတ်ကို အမြဲတမ်းနှလုံးသွင်း၍ ဆောင်ရွက် ကြရန်လိုကြောင်း၊ မိမိတို့ တစ်ဦး တစ်ယောက်ချင်း၏ နေထိုင်ပြောဆို လုပ်ကိုင်မှု စည်းကမ်းစနစ်တကျရှိပြီး စွမ်းရည်ကောင်းမွန်မှုများမှတစ်ဆင့် မိမိ တို့ တပ်မတော်၏ဂုဏ်ကို မြှင့်တင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းဖြင့် မှာကြားသည်။
စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာ ပစ္စည်းများကို ပေးအပ်ရာ တပ်နယ်မှ တာဝန်ရှိသူတစ်ဦးက လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး က တပ်နယ်မိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေ များကို ပေးအပ်ရာ နယ်မြေခံတပ်မဌာန ချုပ်မှူး၏ ဇနီးကလည်းကောင်း လက်ခံရယူကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံသို့ သွားရောက်၍ ဆေးရုံ တက်ရောက် ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ ကျန်းမာရေးအခြေအနေများကို တစ်ဦး ချင်း ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်း များ ပေးအပ်သည်။
ထို့ပြင် နိုဝင်ဘာ ၃ ရက် ညနေပိုင်း တွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် တာဝန်ရှိသူများ လိုက်ပါ၍ တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့ ကျက်သရေ ဆောင် ရွှေတောင်စားစေတီတော်မြတ် ကြီးရှိ လောကမာရဇိန်ဘုရားကြီးအား သွားရောက်ဖူးမြော်ကြည်ညိုသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ဂေါပက အဖွဲ့ဝင် ဦးထွန်းကြည်နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် လောကမာရဇိန် ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်သည်။ ယင်းနောက် ရုပ်ပွားတော်မြတ်ကြီး အား လက်ယာရစ်လှည့်လည်ပူဇော် ပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့က ဘုရားကြီးအတွက် ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်း ရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူခဲ့ ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်