ထားဝယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်းနေထိုင်သူများက ကြိုးပမ်းဆောင်ရွက်ရမည် ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကိုအသုံးပြု၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်

 

နေပြည်တော်  နိုဝင်ဘာ   ၄


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင်   တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ထားဝယ်မြို့  မြို့နယ်ခန်းမ၌ တွေ့ဆုံ၍ စီးပွားရေး လုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဆွေးနွေး ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ      နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊  ကောင်စီဝင် Jeng Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာ ချာလီသန်းနှင့်  ဦးအောင်နိုင်ဦး၊ တနင်္သာရီတိုင်း ဒေသကြီး  ဝန်ကြီးချုပ်  ဦးမြတ်ကို၊  ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန် ရှိသူများ၊   တိုင်းဒေသကြီး   အစိုးရအဖွဲ့ဝင်များ၊ ထားဝယ်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား   စီးပွားရေး(MSME)လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 


စီးပွားရေးလုပ်ငန်းများ 
ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား တစ်ဦးချင်း တင်ပြဆွေးနွေး


ဦးစွာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသဆိုင်ရာ အချက်အလက်များ၊ တနင်္သာရီတိုင်း ဒေသကြီးအတွင်း    အသေးစား၊   အငယ်စားနှင့် အလတ်စား      စီးပွားရေး(MSME)လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ စက်မှုဇုန် များအလိုက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင် ရွက်လျက်ရှိမှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး ကူညီပံ့ပိုးမှုများနှင့် လုပ်ငန်းခွင်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှု၊     ဆီထုတ်လုပ်မှု လုပ်ငန်းများတိုးတက်ရေး   ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ   ဆောင်ရွက်လျက် ရှိမှု၊ MSME လုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေး  ဆောင်ရွက်လျက်ရှိမှု  အခြေ အနေများကို ရှင်းလင်းတင်ပြသည်။

 


ယင်းနောက်   ထားဝယ်ခရိုင်   ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ    ဒေါက်တာယုစိန်၊ အောင်ဇမ္ဗူ    ကိုကိုးပျိုးပင်နှင့်   ကိုကိုးတန်ဖိုးမြှင့် ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းရှင် ဦးနေလင်း အောင်၊  ထားဝယ်ခရိုင်  ကွမ်းသီးလုပ်ငန်းရှင်များ အသင်း  အတွင်းရေးမှူး  ဦးဖြိုးပိုင်ဦး၊  ဩဇာမင်း သဘာဝမြေဩဇာထုတ်လုပ်ရေး စက်ရုံလုပ်ငန်းရှင် ဦးစိုးထက်အောင်၊      ရွှေဥဩထားဝယ်ခရိုင်ရိုးရာ ရက်ကန်းကော်မတီအဖွဲ့ဝင် ဦးနေမင်း၊ ထားဝယ်ခရိုင် ရေထွက်ကုန်ပစ္စည်းထုတ်လုပ်ရေး      လုပ်ငန်းရှင် ဦးအောင်ဝင်း၊    ရေထွက်ကုန်ပစ္စည်းနှင့်   ဒေသ ထွက်ကုန်ပစ္စည်းများ တန်ဖိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူး ရေးလုပ်ငန်းရှင်    ဦးအောင်မင်းနိုင်၊   ရော်ဘာသစ် အခြေခံ    သစ်အချောထည်  စက်ရုံလုပ်ငန်းရှင် ဦးနော်အောင်၊ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း(တနင်္သာရီဇုန်)ဥက္ကဋ္ဌ    ဦးကျော်ဝင်းနှင့် တက်ရောက်လာကြသူများက ထားဝယ်ခရိုင်အတွင်း ရော်ဘာစိုက်ပျိုးထုတ်လုပ်နေမှုနှင့်    ပြည်ပသို့တင်ပို့ ရောင်းချလျက်ရှိမှု၊ ရော်ဘာထုတ်လုပ်မှုတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊    တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် အတိုးနှုန်းသက်သာသည့် ရင်းနှီးမတည်ချေးငွေများ လိုအပ်လျက်ရှိမှု၊ စက်မှု ကုန်ကြမ်းပင်များစိုက်ပျိုး၍        ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ သဘာဝမြေဩဇာ  ထုတ်လုပ်လျက်ရှိမှု၊     ရက်ကန်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊  ရေထွက်ကုန်ပစ္စည်း  ထုတ်လုပ် လျက်ရှိမှုနှင့်      ကမ်းနီးငါးဖမ်းလှေများအတွက် ကန့်သတ်ချက်များကို      ဖြေလျှော့ပေးစေလိုမှု၊ ထားဝယ်ဒေသတွင်  MSME  လုပ်ငန်းများအတွက်  စက်မှုဇုန်တစ်ခု ဆောင်ရွက်ပေးစေလိုမှု၊ ဒေသတွင်းမှ ထွက်ရှိသည့် ရော်ဘာသစ်များကို    သစ်အချောထည် ပစ္စည်းများ ထုတ်လုပ်ရောင်းချလျက်ရှိမှု၊         ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြေလျှော့မှုများ ဆောင်ရွက်ပေးစေလိုမှု၊ မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ပေးစေလိုမှုနှင့်    ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြား လိုအပ်သည်များကို   အသီးသီးတင်ပြဆွေးနွေး ကြသည်။

 


ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ
ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး


ဆက်လက်ပြီး လုပ်ငန်းရှင်များ၏ တစ်ဦးချင်း ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့်   ဦးဝင်းရှိန်၊  ဒေါက်တာ ကံဇော်၊ဦးလှမိုး၊    ဦးခင်မောင်ရီ၊   ဒေါက်တာချာလီသန်းနှင့်    ဦးအောင်နိုင်ဦးတို့က  ဝန်ကြီးဌာနအလိုက် လုပ်ငန်း အကောင်အထည်ဖော်      ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊     စီးပွားရေးလုပ်ငန်းများအတွက် နိုင်ငံတော်မှ   ချေးငွေများကို   ကာလအပိုင်းအခြား အလိုက်    အတိုးနှုန်းသက်သာစွာဖြင့်  ဆောင်ရွက် ပေးလျက်ရှိပြီး      တင်ပြချက်များတွင်   ပါဝင်သည့် ချေးငွေရယူလိုမှုအပေါ်     သတ်မှတ်ချက်နှင့်အညီ     ခွင့်ပြုပေးနိုင်ရေး   ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သွားမည်ဖြစ်သည့်   အခြေအနေများ၊  ချေးငွေများ ပြန်လည်ရရှိမှသာလျှင် နိုင်ငံတော်၏ လည်ပတ်သုံးစွဲ ငွေများ    ပြန်လည်ရရှိမည်ဖြစ်ပြီး စီးပွားရေးကဏ္ဍ သည်လည်း      ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့်    မိမိတို့ရယူထားသည့်   ချေးငွေများကို    သတ်မှတ်ကာလအတွင်း  အချိန်မီ ပြန်လည်ပေးဆပ်ရန်      လိုအပ်မှု၊   ကျေးလက်နေ ပြည်သူများ ဝင်ငွေတိုးပွားရေးနှင့် ကျေးလက်ဒေသ များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမအစုအဖွဲ့ များ ဖွဲ့စည်း၍ လိုအပ်သည်များ ကူညီပံ့ပိုးပေးလျက် ရှိမှု၊     စိုက်ပျိုးရေးလုပ်ငန်းများ    အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် သမဝါယမအသင်းအဖွဲ့ များ   ဖွဲ့စည်း၍   Contract   Farming  စနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးကာ စိုက်ပျိုးရေးတောင်သူ များ၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ငါးလုပ်ငန်းအတွက် အဖိုးတန် သည့် ဒီရေတောများကို ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုအပ်မှု၊ ကြိမ်လုပ်ငန်းမှလည်း ဒေသတွင်း ဝင်ငွေတိုးပွားစေနိုင်သည့်အတွက် စဉ်ဆက်မပြတ် အောင်  ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားရန် လိုအပ်မှု၊    ဒေသတွင်းထုတ်ကုန်များအား  ကူးသန်း ရောင်းဝယ်မှု  လွယ်ကူစေရေးအတွက်  သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ လိုအပ်သည်များ ကူညီဆောင်ရွက် ပေးနိုင်မည့်    အခြေအနေများ၊   ကုန်သွယ်မှုနှင့် ပတ်သက်၍   သတင်းအချက်အလက်  မှန်ကန်စွာ ရရှိစေရေးအတွက် ကြေညာချက်များကို အချိန်နှင့် တစ်ပြေးညီ      ထုတ်ပြန်ဆောင်ရွက်ပေးလျက်ရှိမှု စသည်ဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ပြန်လည်ဆွေးနွေးပြောကြားကြသည်။  ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ထားဝယ်ခရိုင်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး လုပ်ဆောင်လျက် ရှိသည့်    အခြေအနေများကို   ဆွေးနွေးပြောကြား သည်။

 


ထားဝယ်ခရိုင်အတွင်း အသေးစား၊ 
အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) ဖွံ့ဖြိုးတိုးတက်ရေး


ယင်းနောက်         နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် နိုင်ငံတော်၏ စီးပွားရေးလုပ်ငန်း များကို   မြှင့်တင်ရန်   ရည်ရွယ်၍  ဒေသအသီးသီးရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းရှင်များနှင့် လိုက်လံတွေ့ဆုံနေခြင်း ဖြစ်ပြီး တင်ပြချက်များအပေါ် မူတည်၍ လိုအပ်ချက် များကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းနှင့် အခြား လိုအပ်သည်များကို   မှာကြားခြင်းများ ဆောင်ရွက် ခဲ့ကြောင်း၊    ယခင်က   နိုင်ငံတွင်  စီးပွားရေးစနစ် အမျိုးမျိုးကို ကျင့်သုံးခဲ့ကြပြီး အဆင်ပြေခဲ့သည်များ ရှိသကဲ့သို့ မအောင်မြင်ခဲ့သည်များလည်း ရှိခဲ့ကြောင်း၊ တပ်မတော်အစိုးရလက်ထက်တွင် ဈေးကွက်စီးပွား ရေးစနစ်ဖြင့် လျှောက်လှမ်းဆောင်ရွက်ခဲ့ပြီး ယခုအခါ မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ် တွင်    လျှောက်လှမ်းနေခြင်း    ဖြစ်သည့်အတွက် ဈေးကွက်စီးပွားရေးစနစ်ကို         ဆက်လက် လျှောက်လှမ်းရမည်ဖြစ်ကြောင်း၊  ယခင်က  မိမိတို့ နိုင်ငံတွင်  ပြည်တွင်းစီးပွားရေးနှင့် ကုန်ထုတ်လုပ်မှု များကို    အားပေးဆောင်ရွက်ခဲ့ခြင်း    မရှိသဖြင့် ကုန်သွယ်မှုလိုငွေများ များစွာပြခဲ့ကြောင်း၊ မိမိတို့ နိုင်ငံတွင် ပြည်တွင်းစီးပွားရေးကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည့်  အလားအလာကောင်းများစွာ ရှိပြီးဖြစ်ကြောင်း၊   နိုင်ငံခြားသုံးငွေများကို  ပြည်ပ ချေးငွေ၊   ထောက်ပံ့ငွေများနှင့်  Non-Trade များမှ ရရှိသည့် နိုင်ငံခြားငွေများမှ သုံးစွဲနိုင်သည်ကို တွေ့ရှိရ ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို စတင်တာဝန်ယူဆောင်ရွက်ခဲ့ရချိန်တွင် အခက်အခဲ များစွာရှိခဲ့ပြီး  ၎င်းတို့ကို  ကျော်လွှား၍  ပြည်တွင်း စီးပွားရေးကို      မြှင့်တင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ လုပ်ငန်းများလည်ပတ်မှု     စဉ်ဆက်မပြတ်စေရေး ကိုဗစ်-၁၉ ကာလအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များကို ခွင့်ပြုပေးခဲ့ကြောင်း၊  မိမိတို့နိုင်ငံ၌ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို         စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်သည် ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်ခဲ့ချိန်တွင်     ပြည်တွင်းစားသုံးမှု၌ ထိခိုက်မှုမရှိခဲ့ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းသည် မိမိတို့နိုင်ငံအတွက် ခိုင်မာသေချာမှု အရှိဆုံးသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ယခုကဲ့သို့ MSME လုပ်ငန်းများကို အားပေးဆောင်ရွက် နေရခြင်းမှာ တိုင်းပြည်၏ စီးပွားရေးမြှင့်တင်ရန်၊ ပြည်ပသွင်းကုန်များ အစားထိုးနိုင်ရန်နှင့် ပြည်ပသို့ ပြည်တွင်းထုတ်ကုန်များ တင်ပို့နိုင်ရန်ဖြစ်ကြောင်း။

 


ဒေသနှင့် ပြည်တွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများကို အကျိုးရှိစွာ အသုံးချ၍ ကုန်ထုတ်လုပ်မှုကို မြှင့်တင်
တနင်္သာရီတိုင်းဒေသကြီးအတွင်း       ရော်ဘာ စိုက်ပျိုးမှုများစွာရှိပြီး     အဆိုပါရော်ဘာထုတ်ကုန် များကို အသုံးပြု၍ မော်တော်ဆိုင်ကယ်နှင့် မော်တော် ယာဉ်များအတွက်  တာယာလုပ်ငန်း၊  ဖိနပ်လုပ်ငန်း နှင့်   အခြားလူသုံးပစ္စည်းအမျိုးမျိုးကို  နည်းပညာ အသုံးပြုကာ ပြည်တွင်း၌ အဆင့်မီထုတ်လုပ်နိုင်မည် ဆိုပါက   ဒေသအကျိုးကို   ပိုမိုဖြစ်ထွန်းစေနိုင်မည် ဖြစ်ကြောင်း၊ အလားတူ အခြားပြည်တွင်းမှ ထွက်ရှိ သည့် ကုန်ကြမ်းများကို အသုံးပြုပြီး လူသုံးကုန်ပစ္စည်း များကို    ထုတ်လုပ်နိုင်မည်ဆိုပါက     ပြည်တွင်း စီးပွားရေးကို       မြှင့်တင်အားပေးနိုင်မည်ဖြစ်ပြီး ပြည်ပသွင်းကုန်များကိုလည်း လျှော့ချနိုင်မည်ဖြစ် ကြောင်း၊ ဝါး၊ သစ်နှင့် သစ်တောထွက်ပစ္စည်းများ ကိုလည်း စက္ကူပျော့ဖတ်အပါအဝင် အခြားလူသုံးကုန်၊ ကုန်ချောပစ္စည်းအမျိုးမျိုးကို အဆင့်မီထုတ်လုပ်၍ ပြည်တွင်းလိုအပ်ချက်သာမက    ပြည်ပသို့   တင်ပို့ ရောင်းချနိုင်မည်ဆိုပါက   MSME  လုပ်ငန်းများ သည်လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ထားဝယ် ခရိုင်အတွင်း စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက် စေရေးအတွက် လိုအပ်သည့် ပံ့ပိုးကူညီမှုများကို နိုင်ငံ တော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပြည်တွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများကို အသုံးပြုခြင်းသည် ကုန်ထုတ်လုပ်မှုလုပ်ငန်းအတွက် ခိုင်မာမှုအရှိဆုံးသော  စီးပွားရေးလုပ်ငန်းပင်ဖြစ် ကြောင်း၊ ရေထွက်သယံဇာတများအား ထုတ်ယူခြင်း အပြင်  ငါးမွေးမြူရေးလုပ်ငန်းကိုလည်း  အောင်မြင် အောင် ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ ဒေသမှ ထွက်ရှိသည့် စိုက်ပျိုးရေးထုတ်ကုန်များမှ တိရစ္ဆာန် အစာများ ထုတ်လုပ်၍  အခြားမွေးမြူရေးလုပ်ငန်း များကို    အောင်မြင်အောင်    ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊   မွေးမြူရေးလုပ်ငန်းများမှ  ထွက်ရှိ လာသည့် သားရေများဖြင့် သားရေနှင့် ပတ်သက်သည့် သုံးကုန်ပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင် ရွက်၍ရနိုင်ကြောင်း၊  အုန်းစိုက်ပျိုး၍ရသည့် နေရာ များစွာရှိပြီးဖြစ်သဖြင့် အုန်းစိုက်ပျိုးမှုများ ဆောင်ရွက် ပြီး အုန်းထွက်ပစ္စည်းများကို အဆင့်မီထုတ်လုပ်၍ ရနိုင်ကြောင်း၊   ထို့ကြောင့်   ဒေသမှ  ထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးကုန်ကြမ်းများကို   အသုံးပြုပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း။

 


ကုန်ကြမ်းပစ္စည်း၊ အရင်းအနှီး၊ နည်းပညာနှင့် လူသားအရင်းအမြစ်ကောင်းများ ရရှိရန်လိုအပ်


အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ထားရသည့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း၊   ကုန်ထုတ်လုပ်မှု လုပ်ငန်းများ အောင်မြင်စေရေးအတွက် ကုန်ကြမ်း များ၊ အရင်းအနှီး၊ နည်းပညာနှင့် လူသားအရင်းအမြစ် ကောင်းများ လိုအပ်ကြောင်း၊ ထုတ်လုပ်သည့်ပစ္စည်း များ  ဈေးကွက်ရရှိစေရေးအတွက်  ပစ္စည်းများ၏ အရည်အသွေးကောင်းမွန်ရန်နှင့် သေသပ်ကောင်းမွန် ပြီး ဆွဲဆောင်မှုရှိသည့် ထုပ်ပိုးမှုပုံစံလည်း ရှိရမည် ဖြစ်ကြောင်း၊ အရင်းအနှီးနှင့် ပတ်သက်၍ နိုင်ငံတော် မှ သတ်မှတ်ထားသည့် အတိုးနှုန်းများဖြင့် ချေးငွေ များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ အရည်အသွေး မြင့် ထုတ်ကုန်ပစ္စည်းများရရှိရေးအတွက် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ် ကောင်းများရှိရန်   လိုအပ်ကြောင်း၊  ပညာရေးကို အားပေးမှသာလျှင် ဒေသနှင့် နိုင်ငံ၏ လူသားအရင်း အမြစ်များသည်လည်း    ပေါကြွယ်ဝလာမည်ဖြစ် ကြောင်း၊ ထို့ကြောင့် တစ်ဦးတစ်ယောက်ချင်းမှစ၍  ပညာရေးကို အလေးထား အားပေးဆောင်ရွက်ကြ စေလိုကြောင်း။

 


ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူလျင်မြန်ချောမွေ့စေရေး


ထားဝယ်ဒေသသို့ နယ်စပ်မှတစ်ဆင့် ပြည်ပခရီး သွားများ ဝင်ရောက်လျက်ရှိသည်ကို တွေ့ရှိရသဖြင့် မိမိတို့ဒေသ၏ သန့်ရှင်းသာယာလှပရေးကို ဒေသ တွင်းရှိ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဒေသခံများက တာဝန်သိစွာဖြင့်    ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုကြောင်း၊ အလားတူ နယ်မြေတည်ငြိမ်အေးချမ်းမှ သာလျှင် ဒေသသို့ လာရောက်သူများ များပြားလာ မည်ဖြစ်သည့်အတွက် နယ်မြေဒေသအေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးအတွက်လည်း    ဝိုင်းဝန်း ထိန်းသိမ်း       ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အိမ်သာမှသာလျှင် ဧည့်လာမည်ဖြစ်သဖြင့် မိမိတို့ ဒေသ သန့်ရှင်းသာယာလှပရေး၊ တည်ငြိမ်အေးချမ်း ရေး ဝိုင်းဝန်းဆောင်ရွက်၍ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင်   ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းနှင့်       ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူလျင်မြန်ချောမွေ့စေရေးအတွက် ထားဝယ် ဒေသသို့ မီးရထားလမ်းဖောက်လုပ်နိုင်ရေး ကြိုတင် ပြင်ဆင်စီမံဆောင်ရွက်လျက်ရှိကြောင်း။

 


စက်သုံးဆီသုံးစွဲမှုများကိုလည်း လျှော့ချစေလိုပြီး စက်သုံးဆီများကို   ပြည်ပမှ  တင်သွင်းနေရခြင်း ဖြစ်သဖြင့်   နိုင်ငံခြားငွေသုံးစွဲရကြောင်း၊  လျှပ်စစ် စွမ်းအားအသုံးပြုသည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း များကို ဆောင်ရွက်နိုင်မည်ဆိုပါက စက်သုံးဆီသုံးစွဲ နေရမှုများကိုလည်း    များစွာလျှော့ချနိုင်မည်ဖြစ် ကြောင်း၊ စက်သုံးဆီသုံးစွဲမှုများကို လျှော့ချနိုင်မည် ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုများ လျော့ကျသွားမည် ဖြစ်ကြောင်း။

 


လက်ရှိအချိန်တွင် ပြည်တွင်းစီးပွားရေး တိုးတက် လာသည်ကို    တွေ့ရှိရပြီး   ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဆိုပါက ထပ်မံတိုးတက်လာမည် ဖြစ်ကြောင်း၊ ထို့ကြောင့်  မိမိအနေဖြင့်  ကုန်ထုတ် လုပ်ငန်းများ  ဆောင်ရွက်သည့်  MSME  လုပ်ငန်း များကို အားပေးဆောင်ရွက်နေခြင်းပင် ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားရေးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကျေးလက်နေ ပြည်သူများ၏ စီးပွားရေးကို အားပေးဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ငွေကြေးလည်ပတ် မှုများ ကောင်းမွန်လာပြီး နိုင်ငံ့စီးပွားရေးမြင့်တက်လာမည်ဖြစ်ကြောင်း၊   မိမိတို့အနေဖြင့်  စစ်မှန် စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုတည်ဆောက်ရေးကို  နိုင်ငံရေး လုပ်ငန်းစဉ်  ၂  ရပ်အဖြစ် ချမှတ်ဆောင်ရွက်လျက် ရှိပြီး   အမျိုးသားရေးလုပ်ငန်းစဉ်  ၂  ရပ်အနေဖြင့်  တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး တို့ကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း။

 


ထားဝယ်ဒေသ       ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်းနေထိုင်သူများက   ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊      ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကို အသုံးပြု၍ ကုန်ထုတ်လုပ်မှုလုပ်ငန်း များကို   အောင်မြင်အောင်  ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊    လိုအပ်သည့်    ပံ့ပိုးမှုများကိုလည်း နိုင်ငံတော်မှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုများ      တိုးတက်စေရန်အတွက် အားလုံးဝိုင်းဝန်း       ကြိုးပမ်းဆောင်ရွက်ကြစေ လိုကြောင်းဖြင့် တိုက်တွန်းဆွေးနွေး ပြောကြားသည်။

 


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက် လာကြသည့်   ထားဝယ်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့်   အလတ်စား  စီးပွားရေး (MSME)လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ခင်းကျင်းပြသ ထားသည့်  စားသောက်ကုန်၊   လူသုံးကုန်၊  စက်မှု လက်မှုထုတ်ကုန်၊    ရိုးရာလက်မှုထုတ်ကုန်များ၊ အဝတ်အထည်များ၊  တိုင်းရင်းဆေးများ  စသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီအလိုက်    စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး   ဈေးကွက်ရရှိမှု   အခြေအနေများကို မေးမြန်းဆွေးနွေးရာ   လုပ်ငန်းအလိုက်  စီးပွားရေး လုပ်ငန်းရှင်များက လိုက်လံရှင်းလင်းတင်ပြကြသည်။

 


ယင်းနောက်        နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင် များသည် ထားဝယ်မြို့ ကမ်းနားလမ်းတစ်လျှောက် မော်တော်ယာဉ်များ ဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။                              

သတင်းစဉ်