နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းလျာထားမှုများ သွားရောက်က

 

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းသည်  နိုင်ငံအတွက်  အကျိုးရှိမည့်
စီမံကိန်းတစ်ခုဖြစ်သကဲ့သို့ နိုင်ငံတကာအတွက်လည်း အထောက်အကူဖြစ်

 

နေပြည်တော်    နိုဝင်ဘာ    ၄


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံ တော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည်    ကောင်စီတွဲဖက်အတွင်းရေးမှူး   ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်  Jeng     Phang   နော်တောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးမြတ်ကို၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊  ကမ်းရိုး တန်းဒေသ  တိုင်းစစ်ဌာနချုပ်   တိုင်းမှူး  ဗိုလ်ချုပ်        စောသန်းလှိုင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့  နံနက်ပိုင်းတွင်  တနင်္သာရီတိုင်းဒေသကြီး ထားဝယ် မြို့ အနောက်မြောက်ဘက်  ၁၇  မိုင်ခန့်အကွာ နဘူးလယ်ဒေသရှိ  ထားဝယ်အထူးစီးပွားရေးဇုန်နှင့်   ရေနက်ဆိပ်ကမ်း      စီမံကိန်းလျာထားမှုများကို      သွားရောက်ကြည့်ရှုစစ်ဆေးသည်။   

 


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား       စီမံကိန်းရှင်းလင်း ဆောင်၌   စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုးတို့က ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု၊ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းဆောင်ရွက်မှု များတိုးတက်ရန် နှောင့်နှေးကြန့်ကြာခဲ့ရမှု၊ စီးပွားရေး ဇုန်      နယ်နိမိတ်အတွင်း      တည်ဆောက်ပြီး၊ တည်ဆောက်ဆဲနှင့် တည်ဆောက်ရန်ကျန် ဆိပ်ခံ တံတားများ၊     စက်ရုံများ၊    အဆောက်အဦများ ဆောင်ရွက်ထားရှိမှု၊       စီမံကိန်းလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်ရန်   လိုအပ်ချက် များနှင့်  ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။

 


ရေရှည်တည်တံ့စေရေး
 စနစ်တကျ ထိန်းသိမ်းဆောင်ရွက်


ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က    ထားဝယ်အထူးစီးပွားရေးဇုန်  စီမံကိန်းသည် နိုင်ငံအတွက် အကျိုးရှိမည့် စီမံကိန်းတစ်ခုဖြစ်သကဲ့သို့ နိုင်ငံတကာအတွက်လည်း အထောက်အကူဖြစ်စေ ကြောင်း၊  ဗီယက်နမ်နိုင်ငံမှ   ဆိပ်ကမ်းအား  အရှေ့ အာရှနိုင်ငံများမှ    အသုံးပြု၍    ထားဝယ်ရေနက် ဆိပ်ကမ်းသို့    ပို့ဆောင်ပြီး   တောင်အာရှဒေသ၊ ပင်လယ်ကွေ့ဒေသသို့ လည်းကောင်း၊ အနောက်ဘက် ဒေသနိုင်ငံများမှ       ထားဝယ်ရေနက်ဆိပ်ကမ်းမှ တစ်ဆင့် ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတို့မှ အာရှအရှေ့ပိုင်းအထိ ပို့ဆောင်နိုင်သဖြင့်  အောင်မြင် အောင်         ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်သည့် အခြေအနေများ၊ စီမံကိန်းအတွင်း ယခင်ကတည်းက လျာထားဆောင် ရွက်ခဲ့သည့် တည်ဆောက်ပြီး အဆောက်အဦများအား ပျက်စီးမှုမရှိစေရေးနှင့်      ရေရှည်တည်တံ့စေရေး စနစ်တကျ      ထိန်းသိမ်းဆောင်ရွက်ရန်လိုသည့် အခြေအနေများ၊ သက်ဆိုင်ရာ ကော်မတီမှတစ်ဆင့် ဆောင်ရွက်ခဲ့သည့်   လုပ်ငန်းများကို   ဖြေရှင်းပြီး အောင်မြင်အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်သွားရမည့် အခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားသည်။

 


ထို့နောက် စီမံကိန်းဆက်လက်အကောင်အထည် ဖော် ဆောင်ရွက်ရာတွင် လိုအပ်နိုင်မည့် အခြေအနေ များနှင့်   ပတ်သက်၍   ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့်   အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပြီး       စီမံကိန်းအကွက်ချပုံစံငယ်အား ကြည့်ရှုကာ  လိုအပ်သည်များ  မှာကြားဆွေးနွေး သည်။

 


လှည့်လည်ကြည့်ရှုစစ်ဆေး


ဆက်လက်ပြီး       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည်   ထားဝယ်အထူးစီးပွားရေးဇုန်  စီမံကိန်းနှင့် ရေနက်ဆိပ်ကမ်း       လျာထားသည့်နေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး   လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။    

သတင်းစဉ်