
ရန်ကုန် နိုဝင်ဘာ ၃
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂ ရက်မှ ၅ ရက်အထိ ကျင်းပမည့် Seoul Food Week 2022 နှင့် စားသောက်ကုန် ကဏ္ဍလေ့လာ ရေးခရီးစဉ်သို့ ပါဝင်တက်ရောက်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ ဦးဆောင်၍ စားသောက် ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များပါဝင်သော အဖွဲ့ဝင် ၁၂ ဦးပါ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၀ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အပြည် ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) ခရီးစဉ် အမှတ် (8M 081) ဖြင့် ကိုရီးယားနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်သည်။
ခရီးစဉ်အတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ကိုရီးယားနိုင်ငံ Jeonju မြို့သို့ သွားရောက် ၍ ကိုရီးယားစားသောက်ကုန်သုတေသနဌာန KFRI တွင် စားသောက်ကုန်ထုတ်လုပ်ခြင်း ဆိုင်ရာ နည်းပညာများ ဆွေးနွေးဖလှယ်ကြမည် ဖြစ်ပြီး စားသောက်ကုန်ထုတ်လုပ်သည့် စက်ရုံ များသို့လည်း လေ့လာရေး ခရီးသွားရောက်ကြ မည်ဖြစ်သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယား နိုင်ငံ ဆိုးလ်မြို့ COEX ၌ ကျင်းပမည့် Seoul Food Week 2022 တွင် မြန်မာနိုင်ငံ ကိုယ်စားပြု ပြခန်း၌ ကိုရီးယားဈေးကွက် အလားအလာရှိ မြန်မာ့စားသောက်ကုန်များကို ဈေးကွက်သစ် များ တိုးချဲ့နိုင်ရန် ပါဝင်ပြသမည်ဖြစ်ပြီး ကုန်သွယ်မှုမြှင့်တင်ရေး ဆွေးနွေးပွဲများကို လည်း ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း Myantrade မှ သိရသည်။
သီရိ